မြေဆွေး ပြုလုပ်တဲ့အခါ ဘာတွေထည့်ရမလဲ
မိမိအိမ်မှာပဲ မြေဆွေးပုံလုပ်ဖို့ စိတ်ကူးရှိပါသလား။ ကိုယ်တိုင် မြေဆွေးပြုလုပ်ခြင်းဟာ ငွေသက်သာစေသလို မိမိရဲ့ မြေဆီလွှာအရည်အသွေးကိုလည်း တိုးတက်ဖို့ အထောက်အကူဖြစ်စေပါတယ်။ စွန့်ပစ်အမှိုက်သရိုက်တွေကို အသုံးပြုခြင်းကြောင့် ပတ်ဝန်းကျင်ကိုထိန်းသိမ်းဖို့ အကောင်းဆုံးနည်းလမ်းလည်း ဖြစ်ပါတယ်။ မြေဆွေးပြုလုပ်တဲ့အခါ ဘယ်အရာတွေထည့်သင့်ပြီး ဘယ်အရာတွေကိုတော့ ရှောင်ရှားရမယ်ဆိုတာ သိဖို့အတွက်လည်း လိုအပ်ပါတယ်။ မြေဆွေးပြုလုပ်ရာမှာ ထည့်သွင်းရမယ့် ပစ္စည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
၁။ သစ်သီးနှင့် ဟင်းသီးဟင်းရွက် အကြွင်းအကျန်များ
မီးဖိုချောင်မှ ထွက်ရှိတဲ့ အသီးများနှင့် ဟင်းသီးဟင်းရွက် အကြွင်းအကျန်များကို မြေဆွေးပြုလုပ်ရာမှာ ထည့်သွင်းပေးနိုင်ပါတယ်။ ငှက်ပျောခွံ၊ ထောပတ်သီးအစေ့၊ အာလူးအခွံများနှင့် အစားအစာများမှ ကျန်ရှိသောအကြွင်းအကျန်များဟာ သဘာဝစွန့်ပစ်ပစ္စည်းများ ဖြစ်သည့်အတွက် မြေဆွေးပြုလုပ်ရန် အကောင်းဆုံးဖြစ်ပါတယ်။ ဒီလိုသဘာဝပစ္စည်းတွေထည့်တဲ့အခါမှာ ၂ လက်မအရွယ်အပိုင်းအစများ ပြုလုပ်ကာ ထည့်ပေးခြင်းဖြင့် မြန်မြန်ဆွေးမြေ့စေမှာ ဖြစ်ပါတယ်။ သီးနှံအကြွင်းအကျန်များ ထည့်နိုင်သည်ဟုဆိုသော်လည်း ခရမ်းချဥ်၊ ရှောက်၊ သံပုရာနှင့် အချဥ်ဖောက်ထားသောအရာများ ထည့်ပါက ၎င်းတို့၏ အက်စစ်ဓာတ်ကြောင့် မြေဆွေးထဲရှိ ဘက်တီးရီးယားများကို သေစေနိုင်ပြီး ဆွေးမြေ့မှုကို နှောင့်နှေးစေနိုင်ပါတယ်။
၂။ သတင်းစာ စာရွက်
မြေဆွေးပြုလုပ်ရာမှာ သတင်းစာ စာရွက်ထည့်ခြင်းဟာ မှန်ကန်တဲ့ ရွေးချယ်မှု တစ်ခုဖြစ်ပါတယ်။ လူအများစုဟာ သတင်းစာများမှာ အသုံးပြုတဲ့ မှင်များနှင့် ပတ်သက်ပြီး စိတ်ပူလေ့ရှိကြပါတယ်။ ဒါပေမယ့် ယနေ့ခေတ် သတင်းစာတွေမှာ အသုံးပြုတဲ့ မှင် အနက်၊ အဖြူနှင့် အရောင်ရှိ မှင်တွေဟာ အဆိပ်အတောက်ကင်းပါတယ်။ မြေဆွေးပုံထဲမထည့်မီ သတင်းစာတွေကို အပိုင်းအစတွေဖြစ်အောင် ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ ၎င်းတို့ကို ထည့်ပေးခြင်းဖြင့် လေဝင်လေထွက်ကောင်းစေပြီး မြန်မြန်ဆွေးမြေ့စေဖို့ ကူညီပေးပါတယ်။ သတင်းစာ စာရွက်တွေကို မသုံးဘဲ လွှင့်ပစ်လိုက်တာထက်စာရင် မြေဆွေးလုပ်ရာမှာ ထည့်ခြင်းဟာ အကျိုးရှိစေပါတယ်။
၃။ ခြံထဲမှ ထွက်သော စွန့်ပစ်ပစ္စည်းများ
ခြံထဲမှ ထွက်သော စွန့်ပစ်ပစ္စည်းများတွင် ပေါင်းပင်များ၊ ချုံပုတ်များ၊ ကောက်ရိုးများ၊ ကြွေကျနေသော သစ်ရွက်များ၊ ကျိုးကျနေသော သစ်ကိုင်းများ စတာတွေပါဝင်ပါတယ်။ ခြံမှထွက်တဲ့ အမှိုက်စွန့်ပစ်ပစ္စည်းများကို မြေဆွေးပြုလုပ်ခြင်းဟာ မြေဆီလွှာအတွက် အာဟာရများကို ပြန်လည်ရရှိစေနိုင်တဲ့ နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ ခြံမှထွက်သော စွန့်ပစ်ပစ္စည်းများဟာ ပုံမှန်အားဖြင့် နိုက်ထရိုဂျင်ပမာဏ မြင့်မားပြီး အပင်များကြီးထွားစေရန်အတွက် အထောက်အကူပြုပေးပါတယ်။ အကယ်၍ သစ်ကိုင်းတွေ မြေဆွေးထဲထည့်မယ်ဆိုရင်တော့ အပိုင်းစငယ်လေးတွေအဖြစ် ခုတ်ထစ်ပြီးမှ ထည့်သင့်ပါတယ်။ မြေဆွေးလုပ်တဲ့အခါ ရောဂါရနေတဲ့အပင်တွေ၊ ပေါင်းသတ်ဆေး ဖျန်းထားတဲ့နေရာက ပေါင်းပင်တွေ မထည့်မိဖို့တော့ သတိပြုသင့်ပါတယ်။
၄။ ကြက်ဥအခွံနှင့် ပေါင်မုန့်
စားသုံးပြီး ကျန်ရှိတဲ့ ကြက်ဥခွံတွေနဲ့ ပေါင်မုန့်အပိုင်းအစတွေဟာ မြေဆွေးထဲ ထည့်ဖို့အတွက် သင့်တော်ပါတယ်။ ဒါပေမယ့် ကြက်ဥခွံတို့ ပေါင်မုန့်တို့ဟာ ကြွက်နဲ့ ပုရွက်ဆိတ်လို အကောင်မျိုးတွေ အတွက်တော့ စွဲဆောင်မှုတစ်ခု ဖြစ်နေပြန်ပါတယ်။ ဒါကြောင့် မိမိရဲ့ မြေဆွေးပုံမှာ ကြက်ဥအခွံနဲ့ ပေါင်မုန့်အပိုင်းအစတွေ ထည့်မယ်ဆိုရင် လုံခြုံအောင် သေချာဖုံးအုပ်ထားဖို့တော့ လိုအပ်ပါတယ်။
၅။ ကော်ဖီအမှုန့်
ကော်ဖီ သောက်ပြီးတဲ့နောက် ကျန်ရှိတဲ့ အမှုန့်တွေကို မြေဆွေးပြုလုပ်ရာမှာ ထည့်သွင်း အသုံးပြုနိုင်ပါတယ်။ ကော်ဖီမှုန့်ထည့်ပေးခြင်းဖြင့် နိုင်ထရိုဂျင်ဓာတ် ရရှိစေပြီး မြေဆီလွှာရဲ့ အရည်အသွေးကိုလည်း ပိုမိုကောင်းမွန်လာစေပါတယ်။
၆။ လွှစာမှုန့်နှင့် သစ်သားအပိုင်းအစများ
ဓာတုပစ္စည်းတွေနဲ့ ပြုလုပ်ထားခြင်း မရှိတဲ့ လွှစာမှုန့်တွေ၊ သစ်သား အပိုင်းအစလေးတွေကိုလည်း မြေဆွေးထဲ ထည့်လို့ရပါတယ်။ သူတို့မှာဆိုရင် ကာဗွန်ပါဝင်မှုမြင့်မားပါတယ်။ ခြံထဲမှထွက်ရှိပြီး နိုက်ထရိုဂျင်ပါဝင်မှုများတဲ့ ဘဘာဝစွန့်ပစ်ပစ္စည်းတွေနဲ့ ရောထည့်မယ်ဆိုရင်တော့ ပမာဏချိန်ညှိပေးဖို့ လိုအပ်ပါတယ်။
၇။ တိရစ္ဆာန် စွန့်ပစ်ပစ္စည်းများ
အသီးအရွက်စားတဲ့ တိရစ္ဆာန်တွေရဲ့ စွန့်ပစ်ပစ္စည်းတွေ မြေဆွေးထဲထည့်ပေးခြင်းဟာ အထူးကောင်းမွန်တဲ့ နည်းလမ်းဖြစ်ပါတယ်။
သတိပြုရမည့် အချက်
ယေဘူယျအားဖြင့် မြေဆွေးလုပ်တဲ့အခါ အော်ဂဲနစ် ပစ္စည်းတွေသုံးလေ့ရှိပါတယ်။ ဒါပေမယ့်လည်း အော်ဂဲနစ်ပစ္စည်းတိုင်းဟာ မြေဆွေးလုပ်ရာမှာ သုံးဖို့ မသင့်တော်ပါဘူး။ ဥပမာ - အသား၊ နို့်ထွက်ပစ္စည်း၊ ဆီ၊ အရိုး စတာတွေကိုတော့ မထည့်သင့်ပါဘူး။ ၎င်းတို့မှာ ရောဂါတွေပါလာနိုင်ပြီး အခန့်မသင့်ရင် မိမိရဲ့ မြေဆွေးပုံတစ်ခုလုံး သုံးမရတော့အထိ ဖြစ်တတ်တာမို့ သတိပြုသင့်ပါတယ်။ နောက်တစ်ခုကတော့ ၎င်းတို့ကို ထည့်သွင်းခြင်းဖြင့် ကြွက်နဲ့ အင်းဆက်ပိုးမွှား အချို့ကို ဖိတ်ခေါ်ရာလည်း ရောက်ပါတယ်။ သူတို့ရဲ့ အစားအစာကိုရှာဖွေဖို့အတွက် မိမိရဲ့ မြေဆွေးပုံကိုလည်း ဖျက်စီးသွားနိုင်ပါတယ်။ နောက်တစ်ခုကတော့ ရောဂါရနေတဲ့ အပင်တွေကို မထည့်မိစေဖို့ အရေးကြီးပါတယ်။ မြေဆွေးရဲ့ ဖြစ်စဥ်ဟာ အပင်ရဲ့ရောဂါတွေကို သေစေနိုင်ခြင်း မရှိတာကြောင့် မြေဆွေးပုံတစ်ခုလုံး ရောဂါပျံ့သွားနိုင်ပြီး စိုက်ခင်းတွေမှာ မြေဆွေးထည့်မိရင်လည်း အခြေအနေဆိုးရွား သွားနိုင်တာမို့ အထူးဂရုပြုသင့်ပါတယ်။
ဇင်ထူးနိုင်
ကိုးကားချက်
- https://www.greenandvibrant.com
(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ကိုယ်တိုင်လုပ် သဘာဝမြေသြဇာများ
အသုံးပြုနိုင်သည့် သွင်းအားစုများ (ကြော်ငြာ)
ဦးခင်ရှိန်
လွန်ခဲ့သော ၂ နှစ် ကဘိုကာရှီမြေဆွေးပြုလုပ်လျှင်၊ ကောက်ရိုးနှင့်လွှစာမှုန့် ဘယ်ဟာက ပိုကောင်းမလဲဆရာ။
Soe thu Phyo
လွန်ခဲ့သော ၃ နှစ် ကပလပ်စတစ်အုပ်ထားပေရမှာလား
ဟိန်ထွန်း
လွန်ခဲ့သော ၄ နှစ် ကတချိုးကအသားဓာတ်ဟာနိုက်ထရိုဂျင်ပါဝင်လို့အသားငါးထည့်သင့်တယ်လို့ပြောတာမှားနေလားခင်ဗျား
htet myat aung
လွန်ခဲ့သော ၅ နှစ် ကလယ်ယာ
ဇင်ထူးနိုင်
လွန်ခဲ့သော ၅ နှစ် ကအသား၊ ဆီ၊ နို့ထွက်ပစ္စည်း၊ အရိုးတွေကလွဲ ပြီး ကျန်တာ ထည့်လို့ရပါတယ်
ဆက်စပ်မေးခွန်းများ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 3 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 4 ခု
ကျောက်စိမ်းပဒေသာပါ ဘာဖစ်နေတာလည်းမသိဘူး နွားသေး ဖြန်းရမလား ဘယ်လောက်ထည့်ရမလည်း
နံပတ်2 • ဖြေကြားချက် 1 ခု
မြေပဲ ရက်၂၀ရှိပီ နွားသေး ဆေးဖြန်းပုံး တပုံးကို နှစ်လီတာ ထည့်ဖြန်းလို့ရပါသလား ဘယ်လောက်ထည့်ရမလည်း ဘာတေနဲ့ရောဖြန်းရင် ပိုကောင်းပါသလည်း ဆရာ
နံပတ်2 • ဖြေကြားချက် 4 ခု
Photosynthetic Bacteria (PSB) - အလင်းဖြင့်အစာချက် ဘက်တီးရီးယား ကိုယ်တိုင်လုပ်လို့ရနိုင်သလား
Khing Hein • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from ဇင်ထူးနိုင်
အားလုံး
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
04/09/2026
မြေအောင်းသတ္တဝါဖြစ်တဲ့ ပွေးကောင်တို့အကြောင်း
31/08/2026
အသံ
ခေတ်မီဆန်းသစ်သော စိုက်ပျိုးရေးစနစ်သည် ကျွန်ုပ်တို့၏ အနာဂတ်အတွက် အဓိကသော့ချက် ဖြစ်လာ
24/08/2026