ကျောက်ဖရုံသီးစားပေးခြင်းဖြင့် ရရှိနိုင်သော ကျန်းမာရေးကောင်းကျိုးများ
ကျောက်ဖရုံသီးက ကယ်လိုရီပါဝင်မှုနည်းပါးပြီး ဆီးချိုသမားများအတွက် အကောင်းဆုံး စားစရာတွေထဲမှာ ပါဝင်ပါတယ်။ ကိုယ်အလေးချိန် လျှော့ချရာမှာ ကျောက်ဖရုံသီးကိုစားသုံးခြင်းက အထောက်အကူပေးနိုင် တယ်လို့သိရပါတယ်။ ကျောက်ဖရုံသီးက ကျောက်ကပ်ဝေဒနာရှင်များ အတွက်လည်း အထူး သင့်တော်ပါတယ်။ ခန္ဓာကိုယ် အပူကိုငြိမ်းစေပြီး အဆိပ်အတောက်ကိုပြေစေတဲ့ အသီးအနှံတစ်မျိုးလည်း ဖြစ်ပါတယ်။ ကျောက်ဖရုံသီး ကို အများအားဖြင့် ကြော်စား၊ ချက်စား၊ ဟင်းချိုချက်သောက် လေ့ရှိကြပါတယ်။ ကျောက်ဖရုံသီးရဲ့ တခြား ကျန်းမာရေး အကျိုးကျေးဇူးတွေကတော့-
အစာအိမ်အနာတွေသက်သာစေခြင်းနှင့် အူတွင်းပိုးမွှားများကို ရှင်းစေခြင်း
ကျောက်ဖရုံသီးက အစာအိမ်နဲ့အူတွင်း အမြှေးပါးမှာအနာဖြစ်ပေါ်ခြင်းကို ကုသရာမှာ အထောက်အကူပေးပါတယ်။ အစာအိမ်နဲ့ အူလမ်းကြောင်းအတွင်းမှာရှိတဲ့ အန္တရာယ်ရှိ ဘက်တီးရီးယားအားလုံးကို ဖယ်ရှားရှင်းလင်းပေးနိုင်လို့ အစာအိမ်နဲ့ အူလမ်းကြောင်း ရောဂါပိုးဝင်ခြင်းတွေ၊ အစာမကြေခြင်းတွေ ကိုကာကွယ်ပြီးသားဖြစ်ပါတယ်။
ကိုယ်အလေးချိန်လျှော့ချရာမှာ အထောက်အကူပေးခြင်း
ကိုယ်အလေးချိန်လျှော့ချဖို့ စဉ်းစားနေတာဆိုရင် ကယ်လိုရီများတဲ့အစားအစာတွေနေရာမှာ အစားထိုးနိုင်ဖို့ အသင့်တော်ဆုံးက ကျောက်ဖရုံသီးဖျော်ရည် သို့မဟုတ် ကျောက်ဖရုံသီး ပြုတ်ကြော်ပဲဖြစ်ပါတယ်။ သူ့မှာ အာဟာရဓါတ်က အပြည့်အဝ ပါရှိပြီးရေဓါတ်က ၉၆ ရာခိုင်နှုန်းပါဝင်ပါတယ်။
ဝမ်းချုပ်သက်သာစေခြင်း
ကျောက်ဖရုံသီးရဲ့အကောင်းဆုံး ဝိသေသက အမျှင်ဓါတ်နဲ့ရေဓါတ်ပါဝင်မှုဖြစ်ပါတယ်။ ဒါ့ကြောင့် သူက အစာချေဖျက်ခြင်းကို အထောက်အကူပြုပါတယ်။ မနက်စာမှာ ကျောက်ဖရုံသီးကို ပုံမှန်ထည့်စားပေးရင် ဝမ်းချုပ်ခြင်းပြဿနာကိုဖြေရှင်းနိုင်ပါလိမ့်မယ်။

အိပ်ပျော်စေခြင်း
ကျောက်ဖရုံသီးဟာ ညအိပ်မပျော်ခြင်းကိုကုသရာမှာလည်းကောင်းပါတယ်။ စိတ်ဖိစီးမှု၊ အလုပ်ပင်ပန်းမှု၊ စိတ်ကျဉ်းကျပ်မှုစတဲ့ အကြောင်းရင်းတွေကြောင့် ညအိပ်မပျော်တဲ့သူတွေဆို ကျောက်ဖရုံသီး ပုံမှန်စားပေးရင် သက်သာလျော့ပါးစေနိုင်ပါတယ်။
ဆီးရွှင်စေခြင်း
နွေရာသီမှာ ချွေးထွက်များလို့ ခန္ဓာကိုယ်က ရေဓါတ်ဆုံးရှုံးရတတ်ပါတယ်။ ဒီလိုကနေ ဆီးသွားနည်းတဲ့ ပြဿနာ ဖြစ်လာစေနိုင်ပါတယ်။ ကျောက်ဖရုံသီးက ခန္ဓာကိုယ်မှာရေဓါတ်ထိန်းညှိပေးပြီး ဆီးရွှင်စေတာကြောင့် ဆီးကျောက်တည်တာတွေကို ကာကွယ်ပေးပါတယ်။
မှီငြမ်း-ကျန်းမာရေးစာစောင်များ။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
အောင်မိုးဝင်း
လွန်ခဲ့သော ၄ နှစ် ကဘယ်လစိုက်ရလဲ
အောင်မိုးဝင်း
လွန်ခဲ့သော ၄ နှစ် ကဘယ်လိုစိုက်ပျိုးရပါသလဲ
ဆက်စပ်ဆောင်းပါးများ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
ဆက်စပ်မေးခွန်းများ
ရွှေဘိုပေါ်ဆန်းသက်လတ်စပါးသက် 77ရက်ရှိပါပီ။ဒီလ 13/14 ရက်က ဆစ်ပိုးကာကွယ်ဖို့ Profenofos+Lambda cyhalothrin ဆေးတွဲကို ဖြန်းခဲ့ပါတယ် ဒါမဲ့ ခုဆစ်ပိုးက လောက်ကောင်အဆင့်ရောက်ပီး ပင်စည်တွင်းဝင်ရောက်ဖျက်စီးနေကြလို့ပါ။ Acetamiprid20%+Fipronil 20% ပါတဲ့ဆေးထပ်ဖြန်းမလို့ပါဗျ။ သင့်တော်လားဗျ။တစ်ပတ်စောင့်ပီးမှဖြန်းရမလားဗျ။ဖြန်းဆေးဖြန်းပီး နဲ့ 3Gနဲ့ပိုတက် ရောပက်သုံးရင်ရော ပိုပီးအာနိသင်ထိနိုင်လားဗျ။
ko naing phyo wai • ဖြေကြားချက် 1 ခု
ယင်ဖြူ အရမ်းများနေပါတယ် ဖြုတ်စိမ်းလဲရှိတယ် Thiamethoxam -20 WDG (10 g) + Lambda Cyhalothrin -5W/ V(15 cc)ဖျန်းပါတယ် ယင်ဖြူ မပျောက်ဘူးဖြစ်နေပါတယ် Abamectin -1.8% W/ V (20cc) လဲဖျန်းပါတယ် ယင်ဖြူ အမြစ်ပျက် နှိပ်နှင်းရန် ဆေးနဲ့ မိုစေ့ ဗိုင်းရပ် ကာကွယ်ဆေးလေးသိချင်ပါတယ်ဗျာ
စည်သူလွင် • ဖြေကြားချက် 1 ခု
မတ်ပဲ ၁၅ .၂၀ရက်သားမှာ ဆာလ်ဖာ၈၀%ပါတဲ့ရွက်ဖျန်းဆေးဖျန်းလို့ရပြီလား ဆာလ်ဖာကို အလူမီနီယမ်မှိုသတ်ဆေးနဲ.ရောဖျန်းလို့ရလား
Sawsamson • ဖြေကြားချက် 2 ခု
စပါးရွက်မာ အမဲစက်များ ရှိနေတာဘာဖစ်လို့လဲ ဘယ်လိုကုသရမလဲဗျ
kyaw khaing oo • ဖြေကြားချက် 1 ခု
မြစ်ကြီးနားမှာမိုးရာသီက မိုးအရမ်းများလို့ ခရမ်စိုက်မယ်ဆိုရင် ဘယ်မျိုးကို စိုက်သင့်လဲ
Wai Linn • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ဆီအုန်းနှင့် ကျန်းမာရေးအတွက်စားသုံးဆီ (အပိုင်း-၂)
15/09/2026
More from နှင်းဖြူဖြူ
အားလုံး
ကွက်ဆန်း ဂုံးကောင် သို့မဟုတ် ပြောက်ကျားဂုံး၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
09/09/2026
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026