နာနတ်လျှော်နှင့် စီးပွားရေး

14/08/2019 12:30 PM တွင် ကျော့နန္ဒာစိုး ကျော့နန္ဒာစိုး မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    နာနတ်လျှော်ကို များသောအားဖြင့် အိမ်တန်ဆာဆင်မှုများတွင် အသုံးများပါသည်။ မူရင်းဒေသမှာ မက္ကဆီကိုနှင့် တောင်အမေရိက အပူပိုင်းဒေသတို့ ဖြစ်ကြသည်။ ကမ္ဘာတစ်ဝန်းတွင် သမအနွေးပိုင်းနှင့် အပူပိုင်းဒေသများတွင် စိုက်ပျိုးထုတ်လုပ်၍ စက်မှုလုပ်ငန်းများတွင် အသုံးပြုကြသည်။ 

    မြန်မာနိုင်ငံတွင် မန္တလေးတိုင်း ဝမ်းတွင်း၊ သာစည်၊ မိတ္ထီလာ၊ ရမည်းသင်း၊ ပျော်ဘွယ်၊ တပ်ကုန်း။ မကွေးတိုင်းတွင် ချောက်၊ ရေနံချောင်း၊ မကွေး၊ မင်းဘူး၊ ပခုက္ကူ။ စစ်ကိုင်းတိုင်းတွင် စစ်ကိုင်း၊ မုံရွာ၊ ကသာ တို့တွင် အများဆုံးစိုက်ပျိုးကြပါတယ်။

     အရင်ကလွှင့်ပစ်ခဲ့ကြတဲ့ နာနတ်လျှော်ဟာဆိုရင်ဖြင့် အခုဆိုရင် ကြိုးအမျိုးမျိုး၊ ကော်ဇော၊ ဝက်မှင်ဘီးများအဖြစ် ထုတ်လုပ်လျက်ရှိနေပါသည်။ နာနတ်ရွက်ကို ဉီးထုပ်၊ ဖိနပ်၊ အိတ်မျိုးစုံထုတ်လုပ်လာနိုင်ပြီး တိုတောင်းနူးညံ့သော လျှော်မျှင်များကို ချည်မျှင်ရက်လုပ်ပြီး ပိုးထည်များ ထုတ်လုပ်နိုင်သည်အထိ ရှိလာပါပြီ။

     ၂၀၁၈ ခုနှစ် မှာဆိုရင် နာနတ်လျှော်နှင့်ပတ်သက်ပြီး ထိုင်းနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ နည်းပညာများရရှိကာ လက်ရှိမှာဆိုရင် ကလေးစက်မှုဇုန်က ကားထုတ်လုပ်သူတွေက ကားအပြင် နာနတ်ချည်ထုတ်လုပ်တဲ့စက်ပါ ထုတ်လုပ်လာကြပြီး ထောက်ကြံ့ဘက်မှာ နာနတ်ချည်ထုတ်တဲ့စက်တွေ ရှိလာတယ်လို့ သိရှိရပါတယ်။

     မက္ကဆီကိုနိုင်ငံက နာမည်ကြီးတဲ့ Tequila အရက်ဟာဆိုရင် နာနတ်လျှော်နဲ့ ပြုလုပ်တာပါတဲ့နော်။ နာနတ်လျှော်ပင်ရဲ့ဝတ်ရည်ဟာ သကြားအချိုဓာတ်နှင့် တူညီစွာအကျိုးရှိပါတယ်။ အဲ့ဒါအပြင် နာနတ်လျှော်ဟာ ဆေးဖက်ဝင်အပင်လည်းဖြစ်ပါတယ်။ နာနတ်လျှော်ပင်မှာ ကယ်လ်ဆီယမ်၊ အိုင်းရွန်း၊ ဇင့် ဂုဏ်သတ္တိတွေပါဝင်တဲ့အတွက် ကျန်းမာရေးကို အထောက်အကူပြုပါတယ်။ နာနတ်လျှော်ရဲ့အရွက်မှာပါဝင်သော saponins က ကင်ဆာဆဲလ်တွေကို နှောင့်နှေးစေပါတယ်။ 

     တက်တူးထိုးရာမှာ အသုံးပြုတဲ့ မှင်ဆေးကို လတ်ဆတ်ပြီး ဝဖြိုးတဲ့အရွက်ကိုမီးရှို့ပြီးပြုလုပ် အသုံးပြုလို့ရတဲ့အတွက်ကြောင့် တက်တူးထိုးတတ်သူတွေအတွက် အန္တရာယ်ဖြစ်မှုနည်းစေပါတယ်နော်။

      အညာဒေသတွေမှာ အလေ့ကျပေါက်တတ်တဲ့ နာနတ်လျှော်ပင်တွေက ကျွန်မတို့ရဲ့စီးပွားရေးအတွက်သာမက ကျန်းမာရေးအတွက်ရော ဖက်ရှင်အလှကုန်အတွက်ပါ အသုံးဝင်ကြောင်းတင်ပြလိုက်ရပါတယ်။

ကျော့နန္ဒာစိုး

ကိုးကားချက်များ

https://www.kumudranews.com/news-31800

https://comprarzx.info/agave-plant-effects-and-side-effects/

Lugyan Gyi-စိုက်ပျိုးမွေးမြူရေးနည်းပညာ Facebook Page


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်