အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

Green Way
Green Way Greenovator 05/04/2020

(၄-၄-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ရောဂါရှာဖွေ၍ ထိရောက်စွာကုသမှုပေးခြင်း၊ ရောဂါပိုးတွေ့ရှိသူများနှင့် ထိတွေ့မှုရှိခဲ့သူများအား ရှာဖွေဖော်ထုတ်၍ အသွားအလာကန့်သတ်ခြင်း၊ လိုအပ်ပါက ဆေးရုံတက်ရောက်ကုသမှု ခံယူနိုင်စေရေး ဆောင်ရွက်ခြင်း၊ ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသူများအား သက်ဆိုင်ရာ ဒေသအာဏာပိုင်အဖွဲ့များ၊ အခြားဌာနဆိုင်ရာများနှင့် ချိတ်ဆက်၍သတင်းရယူခြင်း၊ အသွားအလာ ကန့်သတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ COVID-19 ရောဂါနှင့်ပတ်သက်၍ ပြည်သူလူထုမှ သတင်းမှန်များရရှိနိုင်ရေးအတွက် နေ့စဉ်သတင်းထုတ်ပြန်ခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါ သည်။

၂။ (၃-၄-၂၀၂၀) ရက်နေ့၊ ညနေ (၆) နာရီမှ (၄-၄-၂၀၂၀) ရက်နေ့၊ ညနေ (၆) နာရီအထိ စောင့်ကြည့်လူနာအသစ် (၅၈) ဦး ရှိပါသည်။

၃။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ (၄-၄-၂၀၂၀) ရက်နေ့၊ ည (၅:၃၀) နာရီ ဓာတ်ခွဲစစ်ဆေးမှုအဖြေများအရ စောင့်ကြည့်လူနာနှင့် ဆေးရုံ/ အိမ်/ ဟိုတယ်တွင် အသွားအလာ ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိသောသူ (၈၄) ဦး၏ ဓာတ်ခွဲနမူနာများအား စစ်ဆေးခဲ့ရာ (ဇယား-၁) တွင်ဖော်ပြထားရှိသောသူ (၁) ဦး၏ ဓာတ်ခွဲအဖြေတွင် COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ရပြီး ကျန် (၈၃) ဦး၏ ဓာတ်ခွဲအဖြေများတွင် COVID-19 ရောဂါပိုးမရှိ ကြောင်း (မရှိကြောင်း) တွေ့ရှိရပါသည်။

၄။ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ (Case-21) သည် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်တွင် နေထိုင်သည့် အသက် (၂၄) နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသမီး (၁) ဦးဖြစ်ပြီး မိခင်နှင့် မောင်တော်စပ်သူတို့နှင့်အတူ (၂၄-၃-၂၀၂၀) ရက်နေ့တွင် အမေရိကန်နိုင်ငံမှ ကိုရီးယား သမ္မတနိုင်ငံသို့ လေကြောင်းလိုင်းဖြင့်ထွက်ခွာခဲ့ကာ ကိုရီးယားသမ္မတနိုင်ငံမှတစ်ဆင့် ထိုင်းနိုင်ငံသို့ (၂၅-၃-၂၀၂၀) ရက်နေ့၊ ညနေပိုင်းတွင် ရောက်ရှိခဲ့ပါသည်။ ထိုင်းနိုင်ငံမှတစ်ဆင့် (၂၆-၃-၂၀၂၀) ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိခဲ့ရာ ဗိုလ်တစ်ထောင်မြို့နယ်ရှိ ဟိုတယ်တစ်ခုတွင် အသွားအလာကန့်သတ်ခြင်းပြုလုပ်ရန် ညွှန်းပို့ခဲ့ပါသည်။ အဆိုပါလူနာသည် (၂-၄-၂၀၂၀) ရက်နေ့မှစ၍ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ မောပန်းခြင်း စသည့်ရောဂါလက္ခဏာများ ခံစားခဲ့ရသဖြင့် ယင်း‌နေ့တွင်ပင် ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီးသို့ ထပ်မံညွှန်းပို့ခဲ့ရာ စောင့်ကြည့်လူနာအဖြစ် သီးသန့်ထားရှိပြီး ဓာတ်ခွဲနမူနာအား ပေးပို့စစ်ဆေးခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါလူနာအား ဝေဘာဂီအထူးကုဆေးရုံကြီးသို့ပြောင်းရွှေ့ရန် စီစဉ်လျက် ရှိပြီး လတ်တလောကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိပါသည်။

၅။ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ (၂၀) ဦးအနက် ချင်းပြည်နယ်၊ တီးတိန် ပြည်သူ့ဆေးရုံတွင် လူနာ (၁) ဦး၊ ရန်ကုန်မြို့၊ ဝေဘာဂီအထူးကုဆေးရုံကြီးတွင် လူနာ (၁၀) ဦး နှင့် မန္တလေးမြို့၊ ကန်တော်နဒီဆေးရုံတွင် လူနာ (၁) ဦး၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီးတွင် လူနာ (၁) ဦး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ပြည်သူ့ဆေးရုံကြီး၊ လားရှိုးမြို့တွင် ကျောက်မဲမြို့ ပြည်သူ့ဆေးရုံမှ ပြောင်းရွှေ့လူနာ (၁) ဦး၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်သူ့ဆေးရုံကြီး၊ ပြည်မြို့တွင် ပြည်သူ့ဆေးရုံ၊ ပေါက်ခေါင်းမြို့မှ ပြောင်းရွှေ့လူနာ (၄)ဦး၊ စုစုပေါင်း (၁၈) ဦးတို့၏ ကျန်းမာရေး အခြေအနေမှာ တည်ငြိမ်လျက်ရှိပါသည်။ ဝေဘာဂီအထူးကုဆေးရုံကြီးရှိ လူနာ (၂) ဦးအား အထူးကြပ်မတ်ခန်း၌ သီးခြားထားရှိဆေးကုသမှုပေးလျက်ရှိပါသည်။

၆။ ယခုအခါ (၂၃-၃-၂၀၂၀) ရက်နေ့မှ (၄-၄-၂၀၂၀) ရက်နေ့အထိ မြန်မာနိုင်ငံတွင် COVID-19 ဓာတ်ခွဲအတည်ပြုလူနာ (၂၁) ဦး တွေ့ရှိလာရပြီဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ပြည်သူ များအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ် ရေးဆိုင်ရာ ကျန်းမာရေးပညာပေးအချက်အလက်များအား တိကျစွာလိုက်နာ ဆောင်ရွက်ခြင်းဖြင့် မိမိသာမက မိမိ၏ မိသားစုနှင့်ပတ်ဝန်းကျင်မှ လူများအတွက်ပါ ရောဂါကူးစက်မှုမရှိစေရေး ပူးပေါင်း ဆောင်ရွက်ပေးနိုင်ကြပါရန် နှိုးဆော်အပ်ပါသည်။ 

အားကစားနှင့်ကျန်းမာရေးဝန်ကြီးဌာန

 

You

ဆက်စပ်ဆောင်းပါးများ

Greenovator

အကြောင်းအရာ ပံ့ပိုးသူ

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

မတ်ပဲကျဲရာတွင် "တော်2တော်ကိုရှောင်' လို့ရှေးလူကြီးများကပြောခဲ့သည် ထိုစကားသည်မှန်ပါသလား ဒီနှစ်မှာ ဝါထပ်သောကြောင့် နတော်လသည်နောက်ကျနေသည် ထိုအရာမှာမည်သည်ကိုအမှန်ယူရမည်နည်းရှင်းပြပေးကြပါဦး

ဦးစောမောင်ဌေး • ဖြေကြားချက် 2 ခု

မတ်ပဲ TBL9 ကို ဘယ်လထိ‌နောက်ဆုံး စိုက်ပျိုးလို့ရလဲ ထွန်ပဲစနစ်ဖြင့်စိုက်မှာပါ

ဦးစောမောင်ဌေး • ဖြေကြားချက် 1 ခု

မွန်ပြည်နယ် မော်လမြိုင်မြို့ သံလွင်မြစ်ဘေးက ကျွန်းမြေတွေမှာစပါးစိုက် ချိန်ပြီးရင် ဘာသီးနှံတွေစိုက်လို့အဆင်ပြေနိုင်မလဲ

zin myo thu • ဖြေကြားချက် 1 ခု

ပင်စည်ထိုးယင်မကျအောင်ဘယ်လိုကာကွယ်ရမလဲး

ကိုနိုင်လင်း • ဖြေကြားချက် 1 ခု

ဆရာရေ လှရဲ့လားဗျာ ဆျာတို့နဲ့ စသိခဲ့တာ ၃ နှစ်ရှိပီ ဆျာတို့ပေးတဲ့အကြံဥာဏ်အတိုင်း လိုက်ပါဆောင်ရွက်တာပါ ဒီနှစ်မှာလဲ အောင်မြင်မှုဆီသို့ နီးစပ်လာပါပြီခင်ဗျ Green Way app ထုတ်လုပ်သူတွေရော အမြဲစိတ်ရှည်အကြံဥာဏ်ပေးတဲ့ ကိုသော်ဇင် / ဒို့ဦးလေး ကျေးဇူးအထူးတင်ပါတယ်လို့ ထပ်လောင်းပြောပါရစေခင်ဗျ

U Yan • ဖြေကြားချက် 4 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။