ဆိတ်ကလေးမွေးချိန် သတိထားရမည့်အချက်များ
(၁) ဆိတ်မကြီးရဲ့ ကိုယ်ဝန်ဆောင်ကာလက ရက်ပေါင်း ၁၄၆ ရက်မှ ၁၅၆ ရက်ထိဖြစ်ပါတယ်။ ကလေး မွေးဖွားမယ့် ၂ ပတ်အလိုမှာ ဆိတ်မမွေးမယ့်နေရာကို ပြင်ဆင်ထားပေးသင့်ပါတယ်။
(၂) ကလေးမွေးမယ့် အခန်းနေရာက သန့်ရှင်းနေခြင်း၊ ခြောက်သွေ့နေခြင်း၊ လေဝင်လေထွက် ကောင်းမွန် နေစေခြင်းနဲ့ အောက်ခံအခင်းတွေကို အသစ်တွေပြုလုပ်ထားပေးရပါတယ်။
(၃) ဆိတ်ကလေးမွေးဖွားချိန်မှာ အသုံးပြုဖို့ အိုင်အိုဒင်းပုလင်းနဲ့ ပုဝါကို ဆောင်ပေးထားရပါမယ်။
(၄)ဆိတ်မကြီးရဲ့ နို့အုံ့က မမွေးဖွားမီ (၆)ပတ်မှ (၁)ပတ်အလို မှာ နို့တွေပြည့်တင်းပြီး ကြီးလာမှာဖြစ်ပါတယ်။
(၅) ဆိတ်မမွေးမယ့် အချိန်ကို သားတင်သားစပ်ပြုလုပ်ထားတဲ့ မှတ်တမ်းကိုကြည့်ပြီးတော့လည်း သိရှိနိုင်ပါတယ်။
(၆) မွေးမယ့်အချိန် ၃-၄ ရက် အလိုမှာ ဆိတ်မကို မြက်ခြောက်၊ အသားဓာတ်ဖြည့်စွက်စာနဲ့ ရေတို့ကို ထည့်ထားပေးရပါမယ်။
(၇) ဆိတ်မကြီးကို နေ့စဉ်ရေများများတိုက်ရန် လိုအပ်ပါတယ်။ မွေးမဲ့လက္ခဏာ စတွေ့တာနဲ့ ဆိတ်မအနားမှာ နေပေးသင့်ပါတယ်။
(၈) ဆိတ်မရဲ့ ညာဘက်မှာ ဆိတ်ကလေးရှိ၊ မရှိ စမ်းသပ်ပေးရပါမယ်။ အကယ်၍ လှုပ်ရှားနေတယ်လို့ ယူဆပါက အနည်းဆုံး၁၂နာရီထိ မမွေးနိုင်သေးပါ။ လူစောင့်ပြီးတော့မကြည့်နိုင်ရင် ဆိတ်ကလေး ရေပုံးထဲကိုမွေးချတတ်တဲ့ အတွက် ရေပုံးကို ဆိတ်ခြံထဲမထားခဲ့ဖို့က အရမ်းအရေးကြီးပါတယ်။
ဆိတ်ကလေးမွေးတော့မယ့် လက္ခဏာတွေကတော့..
(၁) ဆိတ်မအငြိမ်မနေဘဲ အခင်းများကိုခွာနဲ့ ရှပ်နေခြင်း
(၂) ဆိတ်မကြီးအမြီး အပေါ်ကိုမြှောက်နေခြင်း
(၃) ဆိတ်တွေအကြား မွေးမယ့်ဆိတ်မကြီး လဲလျောင်းနေခြင်း
(၄) ကလေးအပေါ် ခင်တွယ်မှုတွေ ပြလာခြင်း
(၅) အမတန်ဆာမှ အကျိအချွဲများကျလာခြင်း တို့ဖြစ်ပါတယ်..။
ရေမွှာပေါက်ပြီးနာရီပိုင်းအတွင်း ဆိတ်ကလေးမွေးဖွားလာနိုင်ပါတယ်။
ဆိတ်ကလေးပုံမှန်အနေအထားနဲ့မွေးတဲ့အနေအထားကတော့ (၂) မျိုးရှိပါတယ်..။
(၁) ရှေ့လက် နှစ်ဖက်ကြားမှာ ခေါင်းညှပ်လျက်အနေအထား
(၂) မွေးဖွားတာနဲ့ နောက်ခြေနှစ်ဖက် အတူတွဲပြီး မွေးလာတဲ့အနေအထားတွေပဲ ဖြစ်ပါတယ်။ အဲ့ဒီလို မွေးတဲ့ပုံစံတွေမဟုတ်ရင်တော့ ပုံမှန်မဟုတ်တာဖြစ်ပြီး လူနဲ့ကူပေးဖို့လိုတဲ့အနေအထားဖြစ်ပါတယ်..။
Reference: စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်းမှထုတ်ဝေသော ခေတ်မီမွေးမြူရေးနည်းပညာများ
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
ဥစားကြက်စတင်မွေးမြူချင်တာဘယ်ကစရမလဲမသိလို့အကြံလေးပေးပါဦး ခြံငှားမယ်ဆိုလည်းဘေးပတ်ဝန်ကျင်ရဲ့အဆင်ပြေတာဘယ်လိုရှာရမလဲအကြံလေးပေးပါခဗျာ
ဟံ • ဖြေကြားချက် 1 ခု
နွား၀အောင် ဘယ်လို ကျွေးမွေးရပါသလည်းခင်ဗျ
နံပတ်2 • ဖြေကြားချက် 6 ခု
နွားဝယ်လာတာနွားကအစားကောင်းမစားအနည်းငယ်သာစားအစားကောင်းလာအောင်ဝလာအောင်ဘယ်လိုလုပ်ရမလဲဖြေပေးကျပါဗျအစားစားလာအောင်အဓိကရှင်းပြပေးပါဆေးနည်းပြောပေးပါ
zin Phyo naung • ဖြေကြားချက် 3 ခု
ဝက်ဝယ်သူတွေမရှိတာဆိုးတယ်နော် ရှိတော့လည်း စျေးနှိမ်ကျတယ် တကယ်အစစ်အမှန်ကုန်သည်နဲ့တွေကျတယ် ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် တိုက်စွန်းအောက်အင်းကျေးရွာ အောက်အင်းကျေးရွာကပါ ကူညီကြပါအုန်း အဆက်အသွယ်ကောင်းတွေနဲ့
Han Min Htut • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from Green Way
အားလုံး
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026