တောင်သူ့အခက်အခဲများကို အဓိကသုတေသနပြု သင်ကြားပေးနေသော ဖိလစ်ပိုင်နိုင်ငံရှိတက္ကသိုလ်များ

20/02/2023 13:00 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

Basic Agricultural Science – (63)  Agricultural Universities in Philippines 

အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ - (၆၃) ဖိလစ်ပိုင်နိုင်ငံရှိ စိုက်ပျိုးမွေးမြူရေးတက္ကသိုလ်များ   

ကျွန်တော်တက္ကသိုလ်မှာရှိစဉ်က ဖိလစ်ပိုင်နိုင်ငံတွင် စိုက်ပျိုးမွေးမြူရေးဘာသာရပ် ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းများပေးနေသော တက္ကသိုလ် (၂) ကျောင်းကို လေ့လာခဲ့ရပါသည်။

ပထမတစ်ကျောင်းသည် မြန်မာကျောင်းသားကျောင်းသူပေါင်းများစွာ တက်ရောက်ဘွဲ့ရလာခဲ့သော နာမည်ကြီး ဖိလစ်ပိုင်တက္ကသိုလ်၊ လော့ဘာညို့စ် (University of The Philippines, Los Banos - UPLB) ဖြစ်သည်။

ဤတက္ကသိုလ်သည် သုတေသနအခြေပြုတက္ကသိုလ် (Research-based University) တစ်ခုဖြစ်ပါသည်။ ဤတက္ကသိုလ်များသည် ပြောင်းလဲလာသည့် အဆင့်မြင့်ပညာရေးစနစ်သစ်နှင့်အညီ တက္ကသိုလ်များမှ နိုင်ငံတော်၏ လိုအပ်ချက်အလိုက် ပညာရှင်ဘွဲ့ရများကို မွေးထုတ်ပေးရုံတင်မဟုတ်ဘဲ ဆက်စပ်နေသည့်ဘာသာရပ်များမှ လိုအပ်သော အသုံးချသုတေသနများ (Applied Research) ၊ အခက်အခဲများ၊ ပြဿနာများကို အခြေခံသောသုတေသနများ (Problem-based Research) ဥပမာ - စိုက်ပျိုးရေးပညာပိုင်းတွင် တောင်သူများကြုံတွေ့နေသော အခက်အခဲများကိုဦးတည်၍ သုတေသနများပြုလုပ်ဆောင်ရွက်နေသည်ကို တွေ့ခဲ့ရပါသည်။ 

ဘွဲ့ကြိုနှင့်ဘွဲ့လွန်သုတေသနများတွင် အတွေ့အကြုံရှိနေသော ကျောင်းသား/သူများ၏  ဘွဲ့လွန်(မဟာသိပ္ပံ၊ ပါရဂူ) သုတေသနပိုမိုလုပ်ဆောင်ရန် လိုအပ်ပါလိမ့်မည်။ တချို့တက္ကသိုလ်များတွင် ဥပမာ- ထိုင်းနိုင်ငံရှိ အာရှနည်းပညာတက္ကသိုလ် (Asian Institute of Technology, AIT)၊ အိန္ဒိယနိုင်ငံရှိ အိန္ဒိယစိုက်ပျိုးရေးသုတေသနတက္ကသိုလ် (Indian Agricultural Research Institute, IARI) တို့တွင် ဘွဲ့လွန်သင်တန်းများသာ လက်ခံသင်ကြားပေးပါသည်။ သူတို့၏ရည်ရွယ်ချက်မှာ "သုတေသနကို အခြေခံသော အဆင့်မြင့်ပညာသင်ကြားပေးရန်အတွက်" ဟုဆိုပါသည်။ အဆင့်မြင့်ပညာသင်တက္ကသိုလ်များတွင်လည်း တိုင်းပြည်၏လိုအပ်ချက်အရ  သင်ယူရသောပညာများမှ အလုပ်အကိုင်ရရှိမှု (Job Opportunity)၊ တချို့နိုင်ငံများတွင် ဥပမာ - ဈေးကွက်သဘောအရ ဘွဲ့ကြို၊ ဘွဲ့လွန်ပညာများ သင်ကြားပေးချင်းဖြင့် နိုင်ငံခြားမှကျောင်းသား/သူများ လာရောက်ကာ ကျောင်းလခ၊ နေထိုင်စရိတ်၊ စားစရိတ်တို့ပေးခြင်းဖြင့် တိုင်းပြည်အတွက် ဝင်ငွေများစွာရရှိခြင်း (Income Generation) စသည်တို့ဖြစ်ပါသည်။ (မြန်မာနိုင်ငံတက္ကသိုလ်များတွင် မြန်မာစာကို နိုင်ငံခြားသားများအားသင်ပေးခြင်းဖြင့် ဝင်ငွေရရှိခြင်း) တချို့သောတက္ကသိုလ်များသည် ဘာသာရပ်ပေါင်းစုံကို လေ့လာသင်ကြားသုတေသနပြုနေသောတက္ကသိုလ်များ (Multi-disciplinary Approach; Comprehensive Universities) ဖြစ်သဖြင့် ဘာသာရပ်တစ်ခုတည်း ဦးတည်သင်ကြားသုတေသနပြုနေသော တက္ကသိုလ်များထက် ဘာသာရပ်ပေါင်းစုံ စုပေါင်းသုတေသနပြုလုပ်ရသဖြင့် (Integrated research or Inter-disciplinary approach) ဘာသာရပ်ပေါင်းစုံချဲ့ထွင်နိုင်မှု အခွင့်အလမ်းပိုများပါသည်။ တက္ကသိုလ်တော်တော်များများတွင် ဘွဲကြိုသင်တန်းများထက် ဘွဲ့လွန် (မဟာ၊ ပါရဂူ) ဘွဲ့သင်တန်းများက ဦးစားပေးသင်ကြားပို့ချလျက်ရှိနေပါသည်။ 

 

ဇယား - ၁ တက္ကသိုလ်များရှိ စုစုပေါင်းကျောင်းသားအရေအတွက်နှင့် ဘွဲ့လွန်ကျောင်းသားအချိုး

ဖိလစ်ပိုင်တက္ကသိုလ်များတွင် မြို့တည်နေရာအလိုက် တက္ကသိုလ် (၇)ကျောင်းရှိပါသည်။ ယူပီ-မနီလာ (၁၉၀၈-ခုနှစ်စတင်တည်ထောင်) (UP-Manila, 1908)၊  ယူပီ-လော.ဘာညို့စ် (UP-Los Banos, 1909)၊ ယူပီ-ဗီစာရာ (UP-Visayas, 1918)၊ ယူပီ-ဒီလီမာန် (UP Diliman, 1949)၊ ယူပီ-ဘတ်ဂူယို (UP-Baguio, 1961)၊ ယူပီ-အဝေးသင် (UP-Open University, 1995)၊ ယူပီ- မင်ဒါနာအို (UP-Mindana0, 1995) တို့ရှိပါသည်။ 

ဖိလစ်ပိုင်တက္ကသိုလ် University of Philippines Los-Banos (UPLB)တွင် ကောလိပ် (၉) ခု၊ အဆင့်မြင့်ကျောင်း (၂) ကျောင်းရှိပါသည်။ ၁၉၀၉ ခုနှစ်မှ စတင်တည်ထောင်ခဲ့သော စိုက်ပျိုးမွေးမြူရေးနှင့်အစားအစာသိပ္ပံကောလိပ် (College of Agriculture and Food Science)၊ ဝိဇ္ဇာသိပ္ပံကောလိပ် (College of Arts and Sciences)၊ ဖွံ့ဖြိုးမှုဆက်သွယ်ရေးဆိုင်ရာကောလိပ် (College of Development Communication)၊ စီးပွားရေးနှင့် စီမံခန့်ခွဲမှုပညာကောလိပ် (College of Economics and Management)၊ အင်ဂျင်နီယာနှင့် စိုက်ပျိုးရေးထုတ်ကုန်လုပ်ငန်းကောလိပ် (College of Engineering and Agro-Industrial Technology)၊ သစ်တောနှင့် သဘာဝသယံဇာတကောလိပ် (College of Forestry and Natural Resources)၊ လူမှုရေးရာကောလိပ် (College of Human Ecology)၊ လူထုဆက်ဆံရေးပညာကောလိပ် (College of Public Affairs)၊ မွေးမြူကုသရေးဆိုင်ရာဆေးပညာကောလိပ် (College of Veterinary Medicine)နှင့် ပတ်ဝန်းကျင်သိပ္ပံနှင့် အုပ်ချုပ်မှုနည်းပညာသင်တန်းကျောင်း (School of Environmental Sciences and Management) တို့ရှိပါသည်။ ဘွဲ့လွန်ကျောင်းသား၊ သူတို့၏ကိစ္စများ သီးသန့်ဆောင်ရွက်ပေးသော ဘွဲ့လွန်သင်တန်းကျောင်း (Graduate School) လည်းရှိပါသည်။ 

တက္ကသိုလ်များ၏ရည်မှန်းချက်မှာ  ဖိလစ်ပိုင်နိုင်ငံ၏စိုက်ပျိုးရေးပညာနှင့် စိုက်ပျိုးရေးသုတေသနတို့ကို တိုးတက်ထွန်းကားစေရန် (To Promote Agricultural Education and Agricultural Research in the Philippines)  ရည်ရွယ်ပါသည်။  

သုတေသနဌာန (Research/ Institute)များမှာ လယ်ယာမွေးမြူလုပ်ငန်းနှင့် မြေဆီလွှာသုတေသနဌာန (Farming Systems and Soil Resources Institute) ၊ မွေးမြူရေးသိပ္ပံသုတေသနဌာန (Institute of Animal Science)၊ အပင်မွေးမြူရေးသုတေသနဌာန (Institute of Plant Breeding) ၊ အမျိုးသားသီးနှံကာကွယ်ရေးဌာန (National Crop Protection Center)၊ အစားအသောက်သိပ္ပံနှင့် နည်းပညာသုတေသနဌာန (Institute of Food Science and Technology)နှင့် အမျိုးသားအဆင့် မော်လီကျူးဆိုင်ရာဇီဝဗေဒနှင့် ဇီဝနည်းပညာသုတေသနဌာန (National Institute of Molecular Biology and Biotechnology) တို့ဖြစ်ကြပါသည်။

(A) စိုက်ပျိုး၊ မွေးမြူရေးနှင့် အစားအစာသိပ္ပံကောလိပ်ကြီးကြပ်မှု၏ အောက်တွင် 

(က) စိုက်ပျိုးရေးနည်းစနစ်ဆိုင်ရာသိပ္ပံဌာနခွဲ (Agricultural Systems Institute - ASI)က

  • (က-၁) စိုက်ပျိုးရေးသိပ္ပံဘွဲ့(စိုက်ပျိုးပညာပေးရေး အဓိကဘာသာ) BS (Agriculture) Major in Agricultural Extension;
  • (က-၂) စိုက်ပျိုးရေးသိပ္ပံဘွဲ့(စိုက်ပျိုးနည်းစနစ် အဓိကဘာသာ) BS (Agriculture) Major in Agricultural Systems;
  • (က-၃) စိုက်ပျိုးရေးသိပ္ပံဘွဲ့(သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း အဓိကဘာသာ) BS (Agriculture) Major in Agroforestry;
  • (က-၄) စိုက်ပျိုးရေးသိပ္ပံဘွဲ့(မြေဆီလွာသိပ္ပံအဓိကဘာသာ) BS (Agriculture) Major in Soil Science တို့ပေးပါသည်။ 

(ခ) သီးနှံသိပ္ပံဌာနခွဲ (Institute of Crop Science - ICS) က

  • (ခ-၁) စိုက်ပျိုးရေးသိပ္ပံဘွဲ့(လယ်ယာသီးနှံစိုက်ပျိုးရေး အဓိကဘာသာ) BS (Agriculture) Major in Agronomy;
  • (ခ-၂) စိုက်ပျိုးရေးသိပ္ပံဘွဲ့(ဥယျာဉ်ခြံသီးနှံစိုက်ပျိုးရေး အဓိကဘာသာ) BS (Agriculture) Major in Horticulture တို့ပေးပါသည်။ 

(ဂ) မွေးမြူရေးသိပ္ပံဌာနခွဲ (Institute of Animal Science - ICS) က

(ဂ-၁) စိုက်ပျိုးရေးသိပ္ပံဘွဲ့(မွေးမြူရေးသိပ္ပံအဓိကဘာသာ) BS (Agriculture) Major in Animal Science ဘွဲ့ပေးပါသည်။ 

(ဃ) အစားအသောက်သိပ္ပံနှင့်နည်းပညာဌာနခွဲ (Institute of Food Science and Technology - IFST) က

  • (ဃ-၁) အစားအသောက်သိပ္ပံနှင့်နည်းပညာဘွဲ့ (အစားအသောက်ဓာတုဗေဒ အဓိကဘာသာ) BS (Food Science and Technology) Major in Food Chemistry;
  • (ဃ-၂) အစားအသောက်သိပ္ပံနှင့်နည်းပညာဘွဲ့(အစားအသောက်အဏုဇီဝဗေဒ အဓိကဘာသာ) BS (Food Science and Technology) Major in Food Microbiology;
  • (ဃ-၃) အစားအသောက်သိပ္ပံနှင့်နည်းပညာဘွဲ့(အစားအသောက်အင်ဂျင်နီယာ အဓိကဘာသာ) BS (Food Science and Technology) Major in Food Engineering တို့ပေးပါသည်။

(င) ပေါင်းသိပ္ပံ၊ ကိမိလဗေဒနှင့်အပင်ရောဂါဗေဒဌာနခွဲ (Institute of Weed Science, Entomology and Plant Pathology - IWEP) က

  • (င-၁)  စိုက်ပျိုးရေးသိပ္ပံဘွဲ့ (ကိမိလဗေဒ အဓိကဘာသာ) BS (Agriculture) Major in Entomology;
  • (င-၂) စိုက်ပျိုးရေးသိပ္ပံဘွဲ့ (အပင်ရောဂါဗေဒ အဓိကဘာသာ) BS (Agriculture) Major in Plant Pathology;
  • (င-၃) စိုက်ပျိုးရေးသိပ္ပံဘွဲ့ (ပေါင်းသိပ္ပံပညာ အဓိကဘာသာ) BS (Agriculture) Major in Weed Science; တို့ကိုပေးပါသည်။

ထို့အပြင် ဌာနများစုပေါင်း၍ စိုက်ပျိုးရေးဆိုင်ရာဇီဝနည်းပညာဘွဲ့ BS (Agricultural Biotechnology)နှင့် စိုက်ပျိုးရေးဆိုင်ရာ ဓာတုဗေဒဘွဲ့ BS (Agricultural Chemistry)တို့ကိုသင်ကြား၍ ဘွဲ့ပေးလျက်ရှိနေပါသည်။

(B) ဝိဇ္ဇာသိပ္ပံကောလိပ် (College of Arts and Sciences) မှနေ၍ 

  • (က) သိပ္ပံဘွဲ့ (စာရင်းအင်းပညာ) BS (Statistics)
  • (ခ) သိပ္ပံဘွဲ့ (ဇီဝဗေဒ) BS (Biology)
  • (ဂ) သိပ္ပံဘွဲ့ (ဓါတုဗေဒ) BS (Chemistry)
  • (ဃ) သိပ္ပံဘွဲ့ (သင်္ချာနှင့်အသုံးချသင်္ချာ ) BS (Maths and Applied Mathematics)
  • (င) သိပ္ပံဘွဲ့ (အသုံးချရူပဗေဒ) BS (Applied Physics)
  • (စ) သိပ္ပံဘွဲ့ (ကွန်ပျူတာသိပ္ပံ) BS (Computer Science)
  • (ဆ) ဝိဇ္ဇာဘွဲ့ (ဆက်သွယ်ရေးပညာ) BA  (Communications Arts)
  • (ဇ) ဝိဇ္ဇာဘွဲ့ (လူမှုရေးပညာ) BA (Sociology)
  • (ဈ) ဝိဇ္ဇာဘွဲ့ (ဒဿနိကဗေဒ)တို့ ပေးအပ်နေပါသည်။

(C) ဖွံ့ဖြိုးမှုဆက်သွယ်ရေးဆိုင်ရာကောလိပ် (College of Development Communication) မှ

(က) သိပ္ပံဘွဲ့ (ဖွံ့ဖြိုးရေးဆိုင်ရာဆက်သွယ်မှု) BS (Development Communication)  ဘွဲ့ပေးပါသည်။ 

(D) စီးပွားရေးနှင့်စီမံခန့်ခွဲမှုပညာကောလိပ် (College of Economics and Management) က 

  • (က) သိပ္ပံဘွဲ့ (စိုက်ပျိုးစီးပွားရေးနှင့်အသုံးချစီးပွားရေးပညာ)  BS (Agricultural and Applied Economics)
  • (ခ) သိပ္ပံဘွဲ့ (စီးပွားရေးပညာ)  BS (Economics)
  • (ဂ) သိပ္ပံဘွဲ့ (စိုက်ပျိုးရေးဆိုင်ရာ ကူးသန်းရောင်းဝယ်ရေးနှင်စွန့်ဦးတီထွင်မှုလုပ်ငန်းပညာ)  BS (Agribusiness Management and Entrepreneurship) တို့ပေးပါသည်။

(E) အင်ဂျင်နီယာနှင့်စိုက်ပျိုးရေး ထုတ်ကုန်လုပ်ငန်းကောလိပ် (College of Engineering and Agro-Industrial Technology) မှ

  • (က) သိပ္ပံဘွဲ့ (စိုက်ပျိုးရေးအင်ဂျင်နီယာနှင့် ဇီဝစနစ်အင်ဂျင်နီယာပညာ)  BS (Agricultural Engineering and Biosystems Engineering)
  • (ခ) သိပ္ပံဘွဲ့ (စက်မှုလုပ်ငန်းဆိုင်ရာအင်ဂျင်နီယာပညာ)  BS (Industrial Engineering)
  • (ဂ) သိပ္ပံဘွဲ့ (မြို့ပြအင်ဂျင်နီယာပညာ)  BS (Agricultural Engineering and Biosystems Engineering)
  • (ဃ) သိပ္ပံဘွဲ့ (စက်မှုအင်ဂျင်နီယာပညာ)  BS (Industrial Engineering)
  • (င) သိပ္ပံဘွဲ့ (ဒြပ်ပစ္စည်းဆိုင်ရာအင်ဂျင်နီယာပညာ)  BS (Materials Engineering)
  • (စ) သိပ္ပံဘွဲ့ (ဓာတုအင်ဂျင်နီယာပညာ)  BS (Chemical Engineering) နှင့်
  • (ဆ) သိပ္ပံဘွဲ့ (လျှပ်စစ်အင်ဂျင်နီယာပညာ)  BS (Electrical Engineering) စသည့်ဘွဲ့များ ပေးပါသည်။ (တစ်ချို့ဘာသာရပ်များ ကျွန်တော်တို့နိုင်ငံတွင် အထူးပြုဘွဲ့မပေးနိုင်သေးပါ)။

(F) သစ်တောနှင့်သဘာဝသယံဇာတကောလိပ် (College of Forestry and Natural Resources) က

(က) သိပ္ပံဘွဲ့ (သစ်တောပညာ)  BS (Forestry) ပေးပါသည်။

(G) လူမှုဘဝပညာကောလိပ် (College of Human Ecology) မှ

  • (က) သိပ္ပံဘွဲ့ (အာဟာရဓာတ်ပညာ)  BS (Nutrition) နှင့်
  • (ခ) သိပ္ပံဘွဲ့ (လူမှုဘဝပညာ)  BS (Human Ecology) ပေးပါသည်။ (ကျွန်တော်တို့နိုင်ငံတွင် အထူးပြုဘွဲ့ မပေးနိုင်သေးပါ)။

(H) လူထုဆက်ဆံရေးပညာကောလိပ် (College of Public Affairs) မှ

  • (က) သိပ္ပံဘွဲ့ (လူထုဆက်ဆံရေးပညာ)  BS (Public Affairs) နှင့်
  • (ခ) သိပ္ပံဘွဲ့ (ဖွံ့ဖြိုးမှုဆိုင်ရာစီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးပညာ)  BS (Development Management and Governance) ပေးပါသည်။

(I) မွေးမြူကုသရေးဆိုင်ရာ ဆေးပညာကောလိပ် (College of Veterinary Medicine) မှ

(က) မွေးမြူကုသရေး ဒေါက်တာဘွဲ့ DVM (Doctor of Veterinary Medicine) ပေးပါသည်။

(J) ပတ်ဝန်းကျင်သိပ္ပံနှင့် အုပ်ချုပ်မှု နည်းပညာသင်တန်းကျောင်း (School of Environmental Sciences and Management) မှ

(က) သိပ္ပံဘွဲ့ (ပတ်ဝန်းကျင်သိပ္ပံ)  BS (Environmental Science) ပေးပါသည်။

(K) ဘွဲ့လွန်အဆင့်မြင့်သင်တန်းကျောင်း (Graduate School) (ကျွန်တော်တို့နိုင်ငံရှိ မည်သည့်တက္ကသိုလ်မှာမှ မရှိသေးပါ) မှ

ဘွဲ့လွန်သင်တန်းများ (မဟာသိပ္ပံ၊ ပါရဂူဘွဲ့)ကို ကြီးကြပ်ဆရာ (Graduate Supervisors)  ၇၀၀-ဦးမှနေ၍ စနစ်တကျ စုစုစည်းစည်း ဖြစ်အောင် စီမံအုပ်ချုပ်ပေးသော သင်တန်းကျောင်းဖြစ်ပါသည်။ ကျွမ်းကျင်ပညာရှင်ခေါင်းဆောင်ကောင်း (Good Professional Leaderships) ဖြစ်အောင်လေ့ကျင့်ပေးရာတွင် အိုင် ၄-လုံး (4-I) တီထွင်ဖန်တီးနိုင်မှု (Innovation)၊ ဘာသာရပ်ပေါင်းစုံချဉ်းကပ်လေ့လာနိုင်မှု (Inter-disciplinary Approach)၊ အပြည်ပြည်ဆိုင်ရာ သုတေသနများပူးတွဲလုပ်ဆောင်နိုင်မှု (Internationalization)  နှင့် အားလုံးပူးပေါင်းပါဝင်နိုင်မှု (Inclusive Development)တို့ဖြင့် အနာဂတ်ကို စနစ်တကျရွေ့နေပါသည်။ 

တက္ကသိုလ်၏ စုစုပေါင်းအကျယ်အဝန်းမှာ ၁၄၆၆၅ ဟက်တာ (ဧကပေါင်း ၃၆၂၄၀ ဧက) ရှိပါသည်။ တက္ကသိုလ်ပိုင်မြေမှ အပြည်ပြည်ဆိုင်ရာ ဆန်စပါးသုတေသနဌာန (International Rice Research Institute - IRRI) (တက္ကသိုလ်ဝန်းအတွင်း ကပ်လျက်ရှိပါသည်) ကို ဌားရမ်း၍ နှစ်စဉ်တက္ကသိုလ်မှ ဝင်ငွေများစွာ ရလျက်ရှိနေပါသည်။ (ကျွန်တော်တို့နိုင်ငံ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၏ အကျယ်အဝန်းနှင့် နှိုင်းယှဉ်နိုင်ပါသည်။)

(UPLB) ယူပီလယ်ဘီတက္ကသိုလ်မှ ဘွဲ့ရမြန်မာကျောင်းသား၊ ကျောင်းသူများစွာရှိပါသည်။ ကျွန်တော် မရေတွက်နိုင်ပါ။ “၁၉၈၂-ခုနှစ်လောက်အထိ မြန်မာနိုင်ငံအစိုးရမှ မဟာသိပ္ပံသင်တန်းသာခွင့်ပြု၍ တစ်ချို့ပါရဂူသင်တန်း ဆက်တက်ရင်းပြန်မလာတော့ပါ” ဟုဘွဲ့ရကျောင်းသားဟောင်းတစ်ဦးဖြစ်သော ဒေါက်တာမင်းအောင် (အငြိမ်းစားအထွေထွေမန်နေဂျာ၊ စိုက်ပျိုးရေးဦးစီးဌာန) ကပြောပါသည်။ နောက်ပိုင်း ပါရဂူဘွဲ့ရသူ ဒေါက်တာထွန်းဝင်း၊ ဒေါက်တာခင်မောင်သက်၊ ဒေါက်တာထက်ကြူ၊ ဒေါက်တာတင်ထွဋ်တို့မှသည် ဒေါက်တာထွန်းရွေ၊ ‌(ပညာရေးဝန်ကြီးဌာနမှ ဒေါက်တာစိုးစိုးအောင်၊ ဒေါက်တာသန္တာအေး)၊ ဒေါက်တာခင်စန်းနွဲ့၊ ဒေါက်တာနီနီတင့်၊ ဒေါက်တာခင်ညွန့်ရီ၊ ဒေါက်တာအေးအေးမြင့်၊ ဒေါက်တာမြတ်သူ၊ ဒေါက်တာမေသင်းခိုင်၊ ဒေါက်တာမျိုးကျော်သူ၊ ဒေါက်တာအေမီစိုး၊ ဒေါက်တာရီရီစိုး၊ ဒေါက်တာကျော်ဝေနိုင်၊ ဒေါက်တာစန္ဒာကျော်ဝင်း၊ ဒေါက်တာညိုမာထွေး၊ ဒေါက်တာအေးမင်း၊ ဒေါက်တာဆွေဇင်မြင့်သိန်း၊ ဒေါက်တာမြတ်မိုးလှိုင်၊ ဒေါက်တာဟိန်းဇော်၊ ဒေါက်တာနှင်းဝါသိန်း၊ ဒေါက်တာစောထိုလွီထူး၊ ဒေါက်တာစိုးခိုင်၊ ဒေါက်တာကျော်မင်းထွဋ်၊ ဒေါက်တာဝင်းထိန်၊ ဒေါက်တာထိန်လင်း၊ ဒေါက်တာမြင့်အေး၊ ဒေါက်တာစုလတ်ဖြူ၊ ဒေါက်တာပန်းအိဖြူ၊ ဒေါက်တာယဉ်ယဉ်သန့်၊ ဒေါက်တာအိအိအောင်၊ ဒေါက်တာမို့မို့အေး၊ ဒေါက်တာမေရီကေခိုင်စိမ်း၊ ဒေါက်တာကြူကြူသင်း၊ ဒေါက်တာသိမ့်သိမ့်အောင်၊ ဒေါက်တာယဉ်မွန်သူ၊ ဒေါက်တာစန္ဒာမိုး၊ ဒေါက်တာအိအိသိန်း၊ ဒေါက်တာခင်သန္တာဦး၊ ဒေါက်တာစန်းလှထွေး၊ ဒေါက်တာကေသီခိုင်၊ ဒေါက်တာဇင်မာ၊ ဒေါက်တာဇင်မာလွင်၊ ဒေါက်တာသူဇာ၊ ဒေါက်တာဖြိုးလပြည့်ဝင်း၊ ဒေါက်တာခင်နှင်းယု၊ ဒေါက်တာခင်ပြုံးနွယ် စသည်တို့ဖြစ်ပါသည်။ ပါရဂူဘွဲ့ရသူ ကျန်သွားသည်များရှိပါဦးမည်။ (ခွင့်လွှတ်ပေးပါရန်)

မဟာသိပ္ပံဘွဲ့ရသူများကတော့ များပြားလွန်း၍ မရေတွက်နိုင်တော့ပါ။ (ဒေါက်တာညိုမာထွေး၊ ဒေါက်တာသူဇာတို့မှ ကျေးဇူးပြုကူညီ ပေးပါသည်။)

ကျွန်တော်တို့ နှစ်ဆသုံးဆတိုး၍ ကြိုးစားကြပါစို့။ 

(ဒေါက်တာမျိုးကြွယ်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်