မင်းဂွတ်သီးရဲ့ကျန်းမာရေးကောင်းကျိုး (၁၁) ချက် အပိုင်း(၁)
ဒူးရင်းသီးကို King of fruits (အသီးတွေရဲ့ဘုရင်) လို့ တင်စားကြသလို မင်းဂွတ်သီးကို လည်း Queen of fruits (အသီးတွေရဲ့ဘုရင်မ) လို့ တင်စားကြပါတယ်တဲ့။
အခုကတော့ ဒူးရင်းသီးပေါ်ချိန်ဆိုတော့ သူ့ရဲ့တွဲဖက် မင်းဂွတ်သီးတွေလည်း ပေါပေါများ များ ရနေချိန်ပါပဲ။ (ဈေးတော့မပေါလှ)
မင်းဂွတ်သီးကို ကမ္ဘာအနှံ့ အပူပိုင်းဒေသတွေမှာ တွေ့ရနိုင်ပြီး မူရင်းဒေသကတော့ ကျွန်တော်တို့ရဲ့ အရှေ့တောင်အာရှပါတဲ့။
မင်းဂွတ်သီးဟာ အခွံကအစ ဆေးဖက်ဝင်ပြီး မြန်မာ့ဆေးနည်းတွေမှာ အများအပြား အသုံး ချနိုင်တယ်လို့ သိရပါတယ်။ အသီးစားရာမှာလည်း ကျန်းမာရေးကောင်းကျိုး အများအပြား ရှိလို့ ရှာဖွေဖော်ပြပေးလိုက်ပါတယ်။
(၁) အာဟာရဓာတ်မြင့်မားခြင်း
မင်းဂွတ်သီးဟာ ကယ်လိုရီပါဝင်မှုနိမ့်ပြီး မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်အများအပြား ပါဝင်ပါတယ်တဲ့။
စည်သွတ်ထားတဲ့မင်းဂွတ်သီးအသား (သို့) အရည် ၁၉၆ ဂရမ် (၁၂ ကျပ်သားခန့်) မှာဆိုရင်..
ကယ်လိုရီ - ၁၄၃
ကာဘိုဟိုက်ဒြိတ် - ၃၅ ဂရမ်
အမျှင်ဓာတ် - ၃.၅ ဂရမ်
အဆီ - ၁ ဂရမ်
ပရိုတိန်း - ၁ ဂရမ်
ဗီတာမင်စီ - နေ့စဉ်လိုအပ်မှုရဲ့ ၉ ရာခိုင်နှုန်း
ဗီတာမင် B9 - နေ့စဉ်လိုအပ်မှုရဲ့ ၁၅ ရာခိုင်နှုန်း
ဗီတာမင် ဘီဝမ်း - နေ့စဉ်လိုအပ်မှုရဲ့ ၇ ရာခိုင်နှုန်း
ဗီတာမင် B2 - နေ့စဉ်လိုအပ်မှုရဲ့ ၆ ရာခိုင်နှုန်း
မဂ္ဂနိစ် - နေ့စဉ်လိုအပ်မှုရဲ့ ၁၀ ရာခိုင်နှုန်း
ကော့ပါး - နေ့စဉ်လိုအပ်မှုရဲ့ ၇ ရာခိုင်နှုန်း
မဂ္ဂနီစီယမ် - နေ့စဉ်လိုအပ်မှုရဲ့ ၆ ရာခိုင်နှုန်း စသဖြင့် ပါဝင်ပါတယ်။
မင်းဂွတ်သီးထဲပါတဲ့ ဗီတာမင်တွေနဲ့ ပရိုတိန်းတွေဟာ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ လုပ်ငန်းဆောင်တောတွေဖြစ်တဲ့ DNA ထုတ်လုပ်ခြင်း၊ ကြွက်သားအချုံ့အချဲ့၊ အနာကျက်ခြင်း၊ ခုခံအား၊ အာရုံကြော ဆိုင်ရာတွေအတွက် တကယ့်ကို အရေးကြီးတဲ့အရာတွေ ဖြစ်ပါတယ်တဲ့..။

(၂) အားကောင်းသောဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝခြင်း
ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ (antioxidants) ဟာ နာတာရှည်ရောဂါအမျိုးမျိုးကို ဖြစ်စေမှုကို ဆက်စပ်နေတဲ့ ဖရီးရယ်ဒီကယ်လို့ခေါ်တဲ့ ဒုက္ခပေးတတ်တဲ့မော်လီကျူးတွေကို ဖျက်ဆီးပေးတဲ့ ဒြပ်ပေါင်းတွေပါ။
မင်းဂွတ်သီးမှာဆိုရင် မီတာမင်စီ နဲ့ folate (ဗီတာမင် B9 သဘာဝအလျောက်ဖြစ်တဲ့ပုံစံ) လိုမျိုး အင်တီအောက်ဆီးဒင့်စွမ်းရည်ရှိ အာဟာရဓာတ်တွေပါနေပါတယ်။ ဒါ့အပြင် အားကောင်းတဲ့ ဓာတ်တိုးဆန့်ကျင်မှုစွမ်းရည်ရှိတဲ့ အပင်ဒြပ်ပေါင်းတစ်မျိုးဖြစ်တဲ့ Xanthones ဆိုတာတွေလည်း မင်းဂွတ်သီးမှာ ပါနေပါတယ်။
လေ့လာမှုတွေရဲ့အဆိုအရ အဲ့ဒီ Xanthones ဆိုတာတွေဟာ ရောင်ရမ်းမှုကိုတိုက်ဖျက်တဲ့၊ ကင်ဆာဖြစ်ပွားစေမှုကိုတိုက်ဖျက်တဲ့၊ ငယ်ရွယ်နုပျိုစေတဲ့၊ ဆီးချိုဖြစ်စေမှုကို ဆန့်ကျင်တဲ့ ဓာတ်သတ္တိတွေ ပါဝင်နေပါတယ်တဲ့။
ဒါကြောင့် မင်းဂွတ်သီးမှာပါဝင်တဲ့ Xanthones တွေဟာ ကျန်းမာရေးအကျိုးကျေးဇူးတွေ အများကြီး ရှိစေတာပါ။
(၃) ရောင်ရမ်းမှုကို တိုက်ဖျက်ပေးခြင်း
အထက်မှာဆိုခဲ့သလိုပဲ Xanthones တွေဟာ ရောင်ရမ်းမှုကို တိုက်ဖျက်ပေးတာကြောင့် အဲ့ဒါနဲ့ဆက်စပ်နေတဲ့ အဖုအကျိတ်ရောဂါ၊ ကင်ဆာ၊ နှလုံးရောဂါ၊ ဆီးချို ရောဂါဖြစ်ပွားနိုင်မှုတွေကို လျော့ကျစေပါတယ်။
ဒါ့အပြင် သူ့မှာ အမျှင်ဓာတ်လည်းကြွယ်ဝတာမို့ တခြားကျန်းမာရေးအကျိုးကျေးဇူးများစွာ လည်း ရှိနေပါသေးတယ်တဲ့။
(၄) ကင်ဆာဖြစ်စေမှုကို တိုက်ဖျက်ပေးခြင်း
ဆိုခဲ့သလိုပဲ ဒုက္ခပေးတဲ့ ဖရီးရယ်ဒီကယ်တွေကို တိုက်ဖျက်ပေးတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ ရောင်ရမ်းမှုကို တိုက်ဖျက်ပေးတဲ့ဓာတ်တွေပါတာကြောင့် မင်းဂွတ်သီးဟာ ကင်ဆာဆဲလ်တွေပျံ့နှံ့စေခြင်းကို တိုက်ထုတ်ပေးပါတယ်။ အထူးသဖြင့် ရင်သားကင်ဆာ၊ အစာအိမ် ကင်ဆာနဲ့ အဆုတ်ကင်ဆာမျိုးတွေမှာ ကင်ဆာဆဲလ်တွေကြီးထွားခြင်းကို တားဆီးပေးပါတယ်။
အလားတူ ကြွက်တွေနဲ့စမ်းသပ်တဲ့ လေ့လာမှုအနည်းငယ်ရဲ့တွေ့ရှိချက်တွေအရတော့ Xanthones တွေဟာ အူမကြီးနဲ့ ရင်သားကင်ဆာဆဲလ်တွေ တိုးပွားလာခြင်းကို နှေးကွေးသွားစေနိုင်တာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။ (လုံလောက်တဲ့ သုတေသနစမ်းသပ်ချက်တွေတော့ လိုအပ်နေပါသေးတယ်)
နောက်ထပ် မင်းဂွတ်သီးရဲ့ကျန်းမာရေးကောင်းကျိုး ၇ ချက်ကို အပိုင်း (၂) မှာ ဆက်လက်ဖော်ပြပေးသွားပါမယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Ref; https://www.healthline.com/nutrition/mangosteen
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ပန်းပင်မှာဒီလိုဖစ်နေလို့ပါ
ကိုချမ်း • ဖြေကြားချက် 0 ခု
အောက်တိုဘာလထဲမှာရက်ကိုးဆယ်စပါးGw11စပါကိုဧရာဝတီတိုင်းမှာစိုက်ပျိုးဖြစ်ထွန်နိုင်မလားဖြေပေးပါဆရာတို့ခင်ဗျား။
U Win Zaw • ဖြေကြားချက် 0 ခု
အနှံထွက်ပြိးနောက်ပိုင်းdifenoconazole+astrobinနှစ်ကြိမ်ဖြန်းထားတယ်ဗျထက်ဖြန်းဖို့လိုသေးလားဗျ
သူရစိုး • ဖြေကြားချက် 2 ခု
ကွမ်းရွတ်အောက်မှာ ဒီပိုးကောင်းတွေကို တွေ့ရပါတယ် ဘာပိုးလို့ ခေါ်ပါသလဲ ဘယ်လိုနှိမ်နှင်းရမလဲ အမိုးက တမာရွတ်မိုးပါ
Khing Hein • ဖြေကြားချက် 1 ခု
ဆရာရေ ကျနော့်ကွမ်းပင်က စဖြစ်တာက ပင်ခြေကမဲပြီး အစိမ်းအတိုင်းညိုးပါတယ် နှုတ်လိုက်တဲ့အမြစ်ဆုံက ပုံပါအတိုင်းပါ နှုတ်လိုက်အပင်ရဲ့ဘေးတိုင်မှာစပြီး အရွက်ပုပ်ပါတယ် ကျနော့်ကွမ်းခြံနဲ့ ခန့်မှန်းခြေ ပေ50အကွာသူများခြံမှာ အဲ့လိုဖြစ်ပြီး တစ်ခြံလုံးသေကုန်ပါပြီ ကျနော့်ခြံက ခုမှစဖြစ်တာပါ လေကနေတဆင့် ကူးနိုင်တာလားကျနော့်ဆီမှာရှိတဲ့ဆေးတွေ ပုံပါအတိုင်းပါ ဘယ်ဆေးက ထိရောက်မှုရှိပြီး ဘယ်လိုဖျန်းရမလဲဆရာခင်ဗျ ကုသလို့ရနိုင်ပါသေးလားဗျ အိုဆိုလိုနစ်/ကော့ပါးအောက်ဆီကလိုရိုက်/ကာဆူကာမိုင်စင်/ဟိုင်မီဇာဇိုး/ဒိုင်ဖီနိုကိုနာဇိုး/အဇိုစီစထရိုဘင် စတဲ့ဆေးတွေဝယ်ထားတာရှိပါတယ်
Zaw Myo Win • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
18/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
More from Green Way
အားလုံး
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....