အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
သစ်ခွများကို ပွင့်စေခြင်း (၁)

သစ်ခွများကို ပွင့်စေခြင်း (၁)

   သစ်ခွစိုက်ပျိုးသူများအကြားတွင် သစ်ခွများပန်းပွင့်ခြင်းနှင့် ပတ်သက်၍ မတူကွဲပြားသော အယူအဆများစွာ ရှိနေပါသည်။ ထိုအထဲမှ အများစုမှာ သိပ္ပံကိုအခြေမခံသော အယူအဆများဖြစ်ပြီး လက်တွေ့ကျင့်သုံး၍ မရနိုင်ကြပါ။ သစ်ခွများကိုပွင့်စေရန် အလင်း၊ အပူချိန်၊ စိုထိုင်းဆ၊ အာဟာရ၊ ရေ စသည်တို့ဖြင့် လှုံ့ဆော်သော နည်းများလည်း ရှိနေပါသည်။ ထိုအချက်အလက်များကို ပန်းပွင့်ခြင်းဆိုင်ရာ ဇိဝကမ္မအရ မှန်ကန်မှုရှိရန် ပြန်လည်သုံးသပ်ရန် လိုအပ်ပါသည်။ စီးပွာဖြစ် သစ်ခွစိုက်ပျိုးသူများအကြား ပန်းပွင့်ခြင်းကို ထိန်းကျောင်းသော နည်းပညာများလည်း ရှိနေပါသည်။ ထို့ကြောင့်လည်း သဘာ၀အတိုင်း ရာသီအလိုက် ပန်းပွင့်ချိန်မဟုတ်ဘဲ သစ်ခွပင်အချို့ကို တစ်နှစ်တာကာလအတွင်း ပန်းပွင့်စေလိုသည့် အချိန်နှင့်ကိုက်၍ ပန်းပွင့်စေနိုင်သည်။ ပန်းဈေးကွက်ကတောင်းဆိုချိန် ပွဲတော်နေ့ရက်များ၊ ပြပွဲ ပြိုင်ပွဲများအတွက် မိမိတို့ သစ်ခွပင်ကို အချိန်ကိုက်ပွင့်စေနိုင်ကြပါသည်။ 

ကက်တလေယာမျိုးစုံ

   ကက်တလေယာကဲ့သို့ အပင်များကို ရွေးချယ်စိုက်ပျိုးရာတွင် Summer bloomer ဟုခေါ်သော နွေကာလပွင့်သည့် နေ့တာရှည်မှပွင့်သောမျိုးများကို မြန်မာစိုက်ပျိုးသူများ ရှောင်ကြသည်။ ထိုအပင်မျိုးများမှာ ဝါတွင်း၊ ပန်းအသုံးနည်းသော ကာလတွင်သာပွင့်သောမျိုးများဖြစ်၍ ဖြစ်သည်။

   သစ်ခွပြိုင်ပွဲဝင်သူအချို့က မိမိတို့သစ်ခွပင်များမှာ ထွက်ပေါ်လာသောကိုင်း Pseudo bulb သို့မဟုတ် Cane မှပန်းကို မပွင့်စေဘဲ (၄-၅) နှစ်ထားပြီး ကိုင်း (၇-၈) မှ (၁၀) ခုအထိကို ပြိုင်တူပန်းပွင့်စေကြသည်။ ထိုအပင်မှာ ပန်းအိုးတစ်အိုးအတွင်း ပန်းပွင့်များစွာဖြင့် ​ဝေဆာစွာပွင့်နေသောကြောင့် မြင်ရသူများကို အလွန်ဆွဲဆောင်နိုင်သော အပင်မျိုးဖြစ်သည်။ ပန်းပွင့်ချိန်တွင် ပန်းမပွင့်စေလိုသော နေ့တာတိုအပင်ကို နေ့တာရှည်အပင်ကဲ့သို့ အလင်းချိန်ပိုပေးခြင်းဖြင့် ပန်းပွင့်ချိန်တွင် ပန်းမပွင့်အောင် ပြုလုပ်နိုင်ပါသည်။

   နေ့တာတိုသစ်ခွများဖြစ်သော ကက်တလေယာများကို ပန်းပွင့်လှုံ့ဆော်ရာတွင် နေ့အလင်းတာ (၉) နာရီသာပေးပြီး အပူချိန် (၅၅) ဒီဂရီဖာရင်ဟိုက် (၁၃) ဒီဂရီစင်တီဂရိတ် ဝန်းကျင်ပေး၍ လှုံ့ဆော်နိုင်သကဲ့သို့ ထိုအပင်များ ပန်းမပွင့်ရန်အတွက် အပူချိန် (၅၅) ဒီဂရီဖာရင်ဟိုက် (၁၃) ဒီဂရီစင်တီဂရိတ်၌ပင် နေ့အလင်းတာ (၁၆) နာရီပေးခြင်းဖြင့် ပန်းပွင့်ခြင်းကို ဟန့်တားထားနိုင်သည်။

ဦးဖရက်သိန်းဖေ

 

You

ဆက်စပ်မေးခွန်းများ

ယင်ဖြူနဲ့ဖူးစားပိုးရွက်စားပိုးနဲ့မှုိရောဂါတွေအတွက်ဘယ်လို့ထိထိရောက်ရောက်ရောဖျန်းရမလဲဖျန်းရမဲ့အတွဲလေးသိရင်ဖြေပေးပါလားဆရာတို့တချု့အရွက်တွေယင်ဖြူကြောင့်မဲတာပြောင်အောင်ဘယ်လို့လုပ်ရ

မောပ်တိုးတတ် • ဖြေကြားချက် 3 ခု

မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။

Kyaw Soe Naing • ဖြေကြားချက် 1 ခု

ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ

Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု

ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။

U Win Zaw • ဖြေကြားချက် 3 ခု

နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေး‌ရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး

khant zin • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။