အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အပြာရောင်ကဒ်ပြား ကော်သုတ်ထားသော ပိုးထောင်ချောက်

အပြာရောင်ကဒ်ပြား ကော်သုတ်ထားသော ပိုးထောင်ချောက်

Khant Zaw Htet
Khant Zaw Htet Greenovator 08/10/2019

အပြာရောင် ကဒ်ပြား ကော်သုတ်ထားသော ပိုးထောင်ချောက်

ပထမနည်း
လိုအပ်သော ပစ္စည်းများ
(၁) အပြာရောင် ပလတ်စတစ် ကဒ်ပြား ၁.၅ပေx၁ပေ
(၂) ကြာရှည်ခံသော ကော်
(၃) တိုင်
(၄) ကြိုး

ပြုလုပ်ပုံ

အပြာရောင် ပလတ်စတစ် ကဒ်ပြားပေါ်တွင် ကော်သုတ် ကဒ်ပြားကို တိုင်မှာချည် တောင်မြောက် ဦးစားပေး ထောင်ထားလိုက်ပါ။
လှေးပိုးများ လာရောက်ကပ်နေပါလိမ့်မယ်။ တဧကတွင် ကဒ်ပြား ၆-၁၅ခု ထောင်ပေးပါက ဆေးဖျန်းမှုလျော့ချ နိုင်ပါလိမ့်မယ်။ ဝါ၊ မတ်ပဲ၊ ပဲတီစိမ်း၊ ဟင်းသီးဟင်းရွက်နှင့် ပန်းခင်းများတွင် အသုံးပြုနိုင်ပါတယ်။

ဒုတိယနည်း

လိုအပ်သော ပစ္စည်းများ

(၁) အပြာရောင် ပုံး သို့မဟုတ် ဗူးခွံ ၂လီတာဆန့်
(၂) ကြာရှည်ခံသော ကော်
(၃) တိုင်
(၄) ကြိုး

ပြုလုပ်ပုံ

ဗူးပေါ်တွင်ကော်သုတ် ကဒ်ပြားကို တိုင်မှာ ချည် တောင် မြောက် ဦးစားပေး ထောင်ထားလိုက်ပါ။ ကဒ်ပြားဗူးခွံကို ရေနွေးတွင်စိမ်ပြီး သန့်ရှင်းကာ အကြိမ်ဖန်များစွာ အသုံးပြုနိုင်ပါတယ်။
လှေးပိုးများ လာရောက်ကပ်နေပါလိမ့်မယ်။ တဧကတွင် အပြာရောင် ဗူးများ ၆-၁၅ ခု ထောင်ပေးပါက ဆေးဖျန်းမှုလျော့ချ နိုင်ပါလိမ့်မယ်။ ဝါ၊ မတ်ပဲ၊ ပဲတီစိမ်း၊ ဟင်းသီးဟင်းရွက်နှင့် ပန်းခင်းများတွင် အသုံးပြုနိုင်ပါတယ်။

Khant Zaw Htet









 

Saw Say

Saw Say

လွန်ခဲ့သော ၂ နှစ် က

ကော်စေး အမှတ်တံဆိပ် ပြပါအုံး.....

Thu ya

Thu ya

လွန်ခဲ့သော ၃ နှစ် က

စပါးမှာယော ရလားဗျplease

ခင်မြင့်ရီ

ခင်မြင့်ရီ

လွန်ခဲ့သော ၄ နှစ် က

ပုံက စာရွက်နဲ့ လုပ်ထားတယ် ထင်တယ် မိုးများနေရင် အဆင်မပြေနိုင်ဘူး

ဦးအောင်

ဦးအောင်

လွန်ခဲ့သော ၄ နှစ် က

ပလပ်စတ်ကဒ်ပြားကဘယ်လိုလုပ်ရတာလဲ

You
Greenovator

အကြောင်းအရာ ပံ့ပိုးသူ

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

ထရိုင်ခိုဒါးမား ဘယ်တံဆိပ် ကကောင်းလဲ ဆရာသမားတို့။

ဦးမျိုး • ဖြေကြားချက် 0 ခု

အရင်ရက်က ဝတ်မှုန်ကူးထားတဲ့ အသီးတွေ မတက်ဘူး ပုတ်ကုန်လို့ ဘယ်လိုလုပ်ရမလဲ ဆရာတို့ ခင်ဗျာ။

မောင်ပေါက်ကြီး • ဖြေကြားချက် 2 ခု

ကျဲစပါး17ရက်လောက်မာအပင်ဝါပီးအဖြားခြောက်နေရင်ဘာလုပ်ရမလဲဗျ

K • ဖြေကြားချက် 2 ခု

ကျနော့်မိတ်ဆွေနဲ့ ဆရာ့ဆရာများ ကျနော့် စပါးခင်းထဲ က ဒီပေါင်းလေး မနိုင်လို့ပါ ဘယ်လို နိုင်နင်းရမလဲဘယ်ဆေး သုံးရမလဲ ဖြေပေးပါ/ရွှေနဂါးပေါင်းဝေး/ ဘစ်ဘန်း/ တရုတ်ထုပ် ဆေးမုန့်ဝါ / ဒါတွေ သုံးပြီးပါပြီ

Aung Aung • ဖြေကြားချက် 4 ခု

စပါးခင်းထဲမှာပေါက်နေတာပါဘာမြက်လဲဘယ်လိုဆေးမျိုးဖျန်းလို့ရနိုင်လဲဗျ

Sawsamson • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။