လာမည့် ဒီဇင်ဘာလ ပထမအပတ်မှ စတင်ကာ မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ကျေးရွာပေါင်း ၈၀၀ ကျော်၌ မွေးမြူထားသည့် နွားများအား ခွာနာလျှာနာရောဂါ ကာကွယ်ဆေးကို အခမဲ့ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မန္တလေးတိုင်းဒေသကြီး တိုင်းဦးစီးမှူး ဒေါက်တာမောင်မောင်ထံမှ သတင်းရရှိ သည်။
" အခမဲ့ ဆေးထိုးပေးတာကိုတော့ နိုင်ငံတကာ တိရိစ္ဆာန်ကျန်းမာရေး အဖွဲ့အစည်းကနေ ထောက်ပံ့ပေးထား တာပါ၊ ဒီဇင်ဘာ ပထမပတ်ကနေ စမယ်။ ရွာ ၈၀၀ ကျော်က ရှိသမျှ နွားအကုန် ထိုးပေးမှာ။ ဒီရွာ ၈၀၀ ကျော်မှာ ရောဂါ အဖြစ်များနိုင်တဲ့အတွက် ရွာတွေကို ဦးစားပေးထိုးပေးတာပါ" ဟု ဒေါက်တာမောင်မောင်က ပြောသည်။
Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️
❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော်
✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more
Greenovator