ဒီတစ်ပတ်အတွင်း ငွေကြေးမတည်ငြိမ်မှုကြောင် မတ်ပဲနဲ့ပဲစင်းငုံရဲ့ အရောင်းအဝယ်တွေအေး

16/08/2024 18:17 PM တွင် AMIA AMIA မှ ရေးသား

ဈေးကွက်အတွင်း ပဲမျိုးစုံက ငွေကြေးလဲလှယ်ဈေးနှုန်းကြောင့် သီးနှံအများစုဟာ ပုံမှန်ထက် မြင့်တက်နေပြီ စက်သုံးဆီဝယ်ယူမရရှိတဲ့အတွက် သယ်ယူပို့ဆောင်စရိတ်မြင့်တက်တာ၊ ကြိတ်ခွဲစရိတ်မြင့်တက်တာ၊ သွင်းအားစုဈေးနှုန်းများ မြင့်တက်တာတွေ ကြုံတွေ့ နေရပါ တယ်။

မတ်ပဲ

မတ်ပဲက ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် အမြင့်ဈေးနဲ့ရှိနေတာဖြစ်ပြီး ငွေလဲလှယ်ဈေးနှုန်းပေါ်မူတည်ကာ ဈေးအတက်အကျရှိနေတာဖြစ်ပါတယ်။ ကျပ်တန်ဖိုးဈေး ကျဆင်းတဲ့အတွက်ကြောင့်သာ ပဲ ဈေးတွေ မြင့်တက်နေတာဖြစ်ပေမယ့် FOB ဈေးမှာတော့ ဈေးက ဆက်တိုက် ကျဆင်းနေပါတယ်။ လက်ရှိမှာတော့ ဈေးကွက်အတွင်း ငွေကြေးဈေးတည်ငြိမ်မှု မရှိတာကြောင့် အရောင်းအဝယ်အေးနေတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

အိန္ဒိယနိုင်ငံတွင်းမှာလည်း မတ်ပဲအသစ်တွေ စတင်ဝင်ရောက်နေပေမယ့် လက်ရှိ အိန္ဒိယနိုင်ငံတွင်း ပွဲတော်ကာလ ဖြစ်တဲ့အတွက် အရောင်းအဝယ်များလာနိုင်တယ်လို့ သိရပါတယ်။ လက်ရှိမြန်မာပြည်တွင်းမှာလည်း ငွေကြေးဈေးကြောင့် အရောင်းအဝယ် ရပ်နားထားတာတွေရှိပြီး မတ်ပဲလိုအပ်ချက်မြင့်နေတဲ့ အိန္ဒိယမှာ ဈေးက အမြင့်ဈေးနဲ့ပဲ ရှိနေနိုင်တယ်လို့ သုံးသပ်ထားတာတွေ တွေ့ရပါတယ်။

အိန္ဒိယနိုင်ငံ ချန်နိုင်းဈေးကွက်မှာ မြန်မာမတ်ပဲ FAQ က  တစ်တန်ကို ရူပီး ၈၅၀၀ ရှိပြီး ပြီးခဲ့တဲ့ အပတ်ယှဉ်ရင် တစ်တန်ကို ၁၅၀ ရူပီး ‌ဈေးကျဆင်းပါတယ်။ မတ်ပဲ FOB ဈေးနှုန်းကတော့   တစ်တန်ကို ၈၉၅ မှ ၉၀၅ ဒေါ်လာ ပေါက်ဈေးရှိပြီး ၂၅ ဒေါ်လာဈေးကျဆင်းပါတယ်။

ပြီးခဲ့တဲ့ အပတ်က သောကြာနေ့က ရန်ကုန်ဈေးကွက်မှာတော့  မတ်ပဲ (FAQ/RC)က တစ်တန်ကို ၃၅၉၁၀၀၀ ရှိ ခဲ့ပါတယ်။ တနင်္လာနေ့ မှာတော့ တစ်တန်ကို ၃၆၂၈၀၀၀၊  အင်္ဂါနေ့မှာ တော့ တစ်တန်ကို ၃၇၉၃၀၀၀ကျပ်၊ ဗုဒ္ဓဟူးနေ့မှာတော့ တစ်တန်ကို ၃၈၀၇၀၀၀၊ ကြာသပတေးနေ့မှာတော့ တစ်တန်ကို ၃၇၈၄၀၀၀ ပေါက်ဈေးရှိနေပြီး  ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ၁၉၃၀၀၀ ကျပ် ဈေးမြင့်တက်လာပါတယ်။

(SQ/RC) ကတော့ တစ်တန်ကို ၄၁၇၄၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ၂၄၈၀၀၀ ကျပ်ဈေးတက်လာပါတယ်။ မတ်ပဲ Raw ကတော့ တစ်ပိဿာကို ၆၁၆၅  မှ ၆၃၀၀ ပေါက် ဈေးရှိပြီး တစ်ပိဿာကို ၄၀၅ ကျပ်ဈေးမြင့်တက်လာပါတယ်။

လက်ရှိပြည်တွင်း ငွေလဲလှယ်နှုန်းဈေးက ပြင်ပပေါက်ဈေး ငွေကျပ် ၇၀၀၀ ကျော်ထိ ရောက်ရှိ နေတယ်လို့ စုံစမ်းသိရပါတယ်။

ပဲစင်းငုံနီ

ပဲစင်းငုံနီကလည်း ဈေးမြင့်တက်ပါတယ်။ FOB ဈေးနှုန်းကျဆင်းပေမယ့်လည်း ငွေကြေးလဲလှယ်ဈေးနှုန်းမြင့်တက်နေတာကြောင့် ဈေးမြင့်တက်နေတာဖြစ်ပြီး အရောင်းအဝယ်ကတော့ မရှိဘူးလို့ ကုန်သည်တွေထံကနေသိရပါတယ်။ နယ်အိန္ဒိယနိုင်ငံတွင်းမှာလည်း ပွဲတော်ကာလ ဖြစ်ပေမယ့် ပဲဈေးတွေက အကျဈေးနဲ့ရှိနေတာ ဖြစ်ပါ တယ်။

အိန္ဒိယနိုင်ငံချန်နိုင်းဈေးကွက်မှာတော့ ပဲစင်းငုံနီ တစ်တန်ကို ရူပီး ၁၀၂၅၀  ရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင် ၂၀၀ ရူပီးဈေးကျဆင်းသွားပါတယ်။ FOB ဈေးနှုန်းကတော့ တစ်တန်ကို ၁၁၅၀ မှ ၁၁၆၀ ဒေါ်လာ ရှိပြီး တစ်တန်ကို ဒေါ်လာ ၃၀  ဈေးကျဆင်းသွားခဲ့ပါတယ်။

ရန်ကုန်စျေးကွက်မှာ ပြီးခဲ့တဲ့ အပတ် သောကြာနေ့က ပဲစင်းငုံနီတစ်တန်ကို ကျပ် ၄၆၀၀၀၀၀ ကျပ်၊ တနင်္လာနေ့မှာ တစ်တန်ကို ၄၆၀၀၀၀၀ ၊အင်္ဂါနေ့မှာတော့ တစ်တန်ကို ၄၇၂၅၀၀၀၊ ဗုဒ္ဓဟူးနေ့ မှာတော့ တစ်တန်ကို ၄၈၀၀၀၀၀၊ ကြာသပတေးနေ့မှာ တစ်တန်ကို ၄၇၉၀၀၀၀ ပေါက်ဈေးရှိပြီး  ပြီးခဲ့တဲ့ အပတ်ယှဉ်ရင် တစ်တန်ကို ၁၉၀၀၀၀ ကျပ် ကျပ်ဈေး မြင့်တက်လာပါတယ်။

ကြက်သွန်ဖြူ

လက်ရှိ ကြက်သွန်ဖြူ(ကြူကုတ်)ကတော့ ဈေးကွက်အတွင်း စံချိန်တင် မြင့်တက်နေတဲ့ အခြေအနေပါ။ တရုတ်ဘက်က လမ်းပန်းဆက်သွယ်မှုကြောင့် ဈေးကွက်ထဲ ဝင်ရောက်မှု နည်းတဲ့အတွက် ဈေးတွေ မြင့်တက်လာတာဖြစ်ပါတယ်။ ရှမ်းကြက်သွန်တွေကလည်း သယ်ယူပို့ဆောင်စ၇ိတ်ကြောင့် မြင့်တက်ပေမယ့် ကြူကုတ်ဈေးလောက် အများကြီး မြင့်တက်လာတာမျိုးမရှိပါဘူး။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာတော့ ကြက်သွန်ဖြူရှမ်းက တစ်ပိဿာကို ၁၀၅၀၀ မှ ၁၂၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်ဈေးတက်ပါတယ်။

ကြက်သွန်ဖြူ(ကြူကုတ်)ကတော့ တစ်ပိဿာကို ၂၂၀၀၀ မှ ၂၃၀၀၀ ကြားရှိပြီး တစ်ပတ်အတွင်း တစ်ပိဿာကို ၈၀၀၀ ကျပ်ဈေးမြင့်တက်ပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်