ပန်းချီကားနဲ့တူပြီး လှပတဲ့ အဝါရောင် ပန်းနှမ်းပင်များစိုက်ပျိုးနည်း

16/03/2020 11:30 AM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ခရီးသွားရင်းနဲ့ လမ်းဘေးဝဲယာမှာ အဝါရောင် အပွင့်တွေ တစ်ခင်းလုံးပြည့်နေပီး အရမ်းလှတဲ့ စိုက်ခင်းတွေကို သတိထားမိကြရဲ့လား ခင်ဗျ။ တချို့ ခရီးသွားတွေဆို ကားတွေရပ်ပြီး စိုက်ခင်းထဲဝင် ဓာတ်ပုံရိုက်နေကြတာတောင် တွေ့ရပါလိမ့်မယ်။ အဲ့ဒီအပင်တွေကတော့ နေကြာနဲ့မျိုးရင်းတူ အပင်ဖြစ်တဲ့ ပန်းနှမ်းအပင်တွေပဲ ဖြစ်ပါတယ်။ ယခုဆောင်းပါးလေးမှာတော့ ကျန်းမာရေးအတွက် အထောက်အကူပြုပြီး စားသုံးဆီ ထုတ်လုပ်နိုင်တဲ့ ပန်းနှမ်းပင်တွေရဲ့ အကြောင်းကို လေ့လာဖတ်ရှုရမှာ ဖြစ်ပါတယ်။

ပေါက်ရာဒေသ

ပန်းနှမ်းပင်များ၏ မူရင်းဒေသမှာ အာဖရိကနိုင်ငံများဖြစ်သော အီသီယိုးပီးယား နဲ့ မာလာဝီနိုင်ငံများ ဖြစ်ပါသည်။ ပန်းနှမ်းအစေ့များသည် နေကြာစေ့နှင့် ဆင်တူပြီး အရွယ်အစားအားဖြင့်ငယ်ကာ အမဲရောင်ရှိသော အစေ့များ ဖြစ်ပါသည်။ ပန်းနှမ်းအစေ့တွင် ထူထပ်ပြီး ကပ်နေသော အစေ့ခွံပါရှိသောကြောင့် အစေ့များကို တစ်နှစ်အထိ မပျက်မစီးဘဲ သိုလှောင် သိမ်းဆည်းထားနိုင်ပါသည်။

ရေမြေရာသီ ဥတု

မြန်မာနိုင်ငံတွင် ပန်းနှမ်းပင်များကို ယခင်က တောင်ပေါ်ဒေသများတွင်သာ အများဆုံး စိုက်ပျိုးကြပြီး ယခုအချိန်တွင် မြန်မာနိုင်ငံအနှံ့ စိုက်ပျိုးနေကြပြီဖြစ်ပါသည်။ ပန်းနှမ်းသီးနှံပင်သည် သဘာဝအရ ရေကြမ်း၊ မြေကြမ်းဒဏ် ခံနိုင်သောကြောင့် မြန်မာနိုင်ငံအနှံအပြားတွင် စိုက်ပျိုးဖြစ်ထွန်းနိုင်ပါသည်။ ပန်းနှမ်းပင်များသည် ဆောင်းရာသီဖြစ်သော ဒီဇင်ဘာ၊ ဇန်နဝါရီ နှင့် ဖေဖော်ဝါရီ များတွင် ပန်းပွင့်ကြပါသည်။ အလင်းရောင် တုန့်ပြန်မှုရှိသော သီးနှံဖြစ်၍ စိုက်ချိန် နောက်ကျပါက အပင်ကြီးထွားမှုကို ထိခိုက်စေပြီး ပန်းပွင့်မှု အားနည်းခြင်း၊ အစေ့အဆံမအောင်မြင်ခြင်း၊ အထွက်နှုန်းလျော့ခြင်းများ ဖြစ်တတ်ပါသည်။ တောင်ပေါ်ဒေသတွင် နေထိုင်ကြသောသူများအနေဖြင့် စားသုံးဆီကို နေကြာနှင့် ပန်းနှမ်းပင်များမှ ရယူစားသုံးကြပါသည်။ ပန်းနှမ်းသီးနှံသည် သမပိုင်းဒေသတွင် ဖြစ်ထွန်းသော သီးနှံဖြစ်သော်လည်း ပူနွေးသော ဒေသများတွင်ပါ စိုက်ပျိုးနိုင်ပါသည်။ ပင်လယ်ရေမျက်နှာပြင် အမြင့်ပေ ၆၀၀ မှ ၇၅၀၀ အထိ ရှိသော ဒေသများတွင် စိုက်ပျိုးဖြစ်ထွန်းနိုင်ပါသည်။ အပူချိန် ၁၈ ဒီဂရီစင်တီဂရိတ် မှ ၂၃ ဒီဂရီစင်တီဂရိတ်အတွင်း ကောင်းစွာ ဖြစ်ထွန်းသည်။ အပူချိန် ၃၀ ဒီဂရီစင်တီဂရိတ်ထက် ကျော်လွန်ပါက အပင်ကြီးထွားဖွံ့ဖြိုးမှု၊ ပန်းပွင့်မှုကို လျော့ကျစေသည်။ နှစ်စဉ်မိုးရေချိန် ၄၀ မှ ၅၀ လက်မ ရှိသော ဒေသများတွင် အပင်ကောင်းစွာ ဖြစ်ထွန်းသော်လည်း ၈၀ လက်မထက် ကျော်လွန်ပါက အပင်ကြီးထွား ဖြစ်ထွန်းမှုကို ထိခိုက်နိုင်ပါသည်။

စိုက်ပျိုးခြင်း

ပန်းနှမ်းသီးနှံပင်နှစ်သက်သော မြေအချဉ် အငံဓာတ် (pH) မှာ ၅.၂ မှ ၆.၅ ဖြစ်ပါသည်။ ပန်းနှမ်းသီးနှံအား လက်ရှိတွင် ဒေသမျိုးများသာ ကျယ်ပြန့်စွာ စိုက်ပျိုးနေကြပါသေးသည်။ ဒေသမျိုးများတွင် သက်ကြီးမျိုးများနှင့် သက်ငယ်မျိုးများဟူ၍ () မျိုးရှိရာ သက်ကြီးမျိုးများမှာ သက်တမ်း (၁၂၀-၁၅၀) ရက်ရှိပြီး သက်ငယ်မျိုးများမှာ သက်တမ်း(၉၀-၁၂၀) ရက်ရှိပါသည်။ မျိုးနှုန်းထား အနေဖြင့် ပန်းနှမ်းအားသီးသန့် စိုက်ပျိုးပါက ၁ ဧကလျှင် ၂ ပြည် အသုံးပြုရမည် ဖြစ်ပြီး၊ အခြားသီးနှံ တစ်ခုခုဖြင့် သီးညှပ်စိုက်ပျိုးပါက ၁ ဧကလျှင် ၁ ပြည် အသုံးပြုရမည် ဖြစ်ပါသည်။ ပင်ကြားဝတ်မှုန်ကူးသော သီးနှံဖြစ်၍ မျိုးသန့် ရရှိရန်အတွက် တစ်ကွင်းတစ်စပ်တည်း စိုက်ပျိုးရန် လိုပါသည်။ ပန်းနှမ်းအား သီးထပ်စိုက်ပျိုးပါက ယာစပါး၊ မိုးနှမ်း၊ မိုးမြေပဲ၊ အစေ့ထုတ်ပြောင်း စသည့်သီးနှံများ ရိတ်သိမ်းပြီးချိန်တွင် လည်းကောင်း၊ သီးညှပ်စိုက်ပျိုးပါက ဥယျာဥ်ခြံနှင့် ရာဘာစိုက်ခင်းများတွင်လည်းကောင်း စိုက်ပျိုးနိုင်ပါသည်။ တောင်တန်းဒေသများတွင် စိုက်ပျိုးပါက သြဂုတ်လမှ စက်တင်ဘာလကုန် ၌လည်းကောင်း၊ အထက်မြန်မာပြည်တွင် စိုက်ပျိုးပါက စက်တင်ဘာ လလယ်မှ အောက်တိုဘာ လလယ် ၌လည်းကောင်း၊ အောက်မြန်မာပြည်တွင် စိုက်ပျိုးပါက နိုဝင်ဘာလမှ ဒီဇင်ဘာလအတွင်း၌လည်းကောင်း စိုက်ပျိုးရမည် ဖြစ်ပါသည်။ ထယ်ရေးနက်၊ ထွန်ရေးညက်ပြီး စိုက်ခင်းမြေပြင်ညီညာရန် လိုအပ်ပါသည်။ မစိုက်ခင်ကာလတွင် ၁ ဧကလျှင် နွားချေး၊ မြေဆွေး ၄ မှ ၆ စီး၊ ပုလဲ ၁၆ ပြည်၊ တီစူပါ ၁၆ ပြည် ထည့်သွင်းရမည် ဖြစ်ပါသည်။ တန်းကြား (၁၄ မှ ၁၈) လက်မ နှင့် ပင်ကြား (၄ မှ ၆) လက်မဖြင့် စိုက်ပျိုးနိုင်ပါသည်။ မျိုးစေ့အနက် ၁ လက်မထက် မပိုစေရန် သတိပြုရမည် ဖြစ်ပါသည်။

အပင်ပြစုခြင်းနှင့် ရိတ်သိမ်းခြင်း

စိုက်ပြီး အပင်သက်တမ်း ၂၀ ရက်သားတွင် တစ်ပင်နှင့် တစ်ပင် (၄ မှ ၆) လက်မခန့်ထားပြီး သားခွဲခြင်းနှင့် အပင်မှုန်းခြင်းများ ဆောင်ရွက်ရမည် ဖြစ်ပါသည်။ အပင်အမြင့် ၄ လက်မခန့်တွင် တစ်ကြိမ်၊ အဖူးများ မထွက်ခင်တွင် တစ်ကြိမ် ပေါင်းမြက်ရှင်းခြင်းကို ဆောင်ရွက်ရမည် ဖြစ်ပါသည်။ အရွက်များဝါ၍ ခြောက်သွေ့လျှင် ရိတ်သိမ်း၍ စိုက်ခင်းထဲတွင် ၂ ရက်မှ ၃ ရက် ကြာနေလှန်းရမည် ဖြစ်ပါသည်။ နင်းနယ်ခြွေလှေ့ပြီးသော မျိုးစေ့များကို ခြောက်သွေ့အောင် နေလှန်းပြီးမှ သိုလှောင်ရမည် ဖြစ်ပါသည်။

အသုံးဝင်ပုံ

ပန်းနှမ်းအစေ့တွင် အသားဓာတ်၊ အဆီဓာတ် နှင့် ပျော်ဝင်သကြားဓာတ်များ ပါဝင်ပါသည်။ ပန်းနှမ်းအစေ့များအား ဆီထုတ်လုပ်ရန်အတွက် စိုက်ပျိုး ထုတ်လုပ်ကြသကဲ့သို့ အနောက်နိုင်ငံများတွင် ငှက်စာ အဖြစ်တင်ပို့ရောင်းချ ကြပါသည်။ ပန်းနှမ်းပင်သည် ကိုင်းများစွာ ဖြာထွက်ကာ ကိုင်းအားလုံးမှ အဝါရောင် အပွင့်ငယ်များမှာ နေကြာပွင့်ကဲ့ရှိပြီးသို့ အပြင်ဘက် နှုတ်ခမ်းသား ပတ်လည် အပွင့်များသည် သက်တမ်းရင့်လာပါက အဝါရောင်မှ ရွှေရောင်တောက်လာလေဖြစ်ပါသည်။ ပန်းနှမ်းပင်၏ အပွင့်များမှာ တောက်ပသော ရွှေဝါရောင် ဖြစ်သည့်အတွက် ပျားနှင့် ဝတ်ရည်စုပ် အင်းဆက်များအား ဆွဲဆောင်နိုင်ပါသည်။ အိန္ဒိယနိုင်ငံတွင် နေကြာနှင့် ပန်းနှမ်းကို သီးညှပ်စိုက်ပျိုးရာ အထွက်နှုန်း ၂ ဆ ထွက်ရှိကြောင်း သုတေသီ တစ်ချို့မှ ပြောကြားခဲ့ကြပါသည်။ ပန်းနှမ်းစေ့ကို ကြိတ်ကာ စားသုံးဆီအဖြစ်လည်း စားသုံးနိုင်ပါသည်။ ပန်းနှမ်းဆီသည် ဈေးကွက်ထဲတွင် ရောင်းချနေသော ပြည်ပမှ တင်သွင်းလာသော စားအုန်းဆီများနှင့် ယှဥ်လျှင် ကျန်းမာရေးအတွက် ကောင်းစေပြီး ဈေးကွက်အလားအလာရှိသော သီးနှံတစ်ခုဖြစ်ပါကြောင်း။

ဇင်ထူးနိုင်

ကိုးကားချက်

ပန်းနှမ်းသီးနှံ စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ လက်ကမ်းစာစောင်၊ စိုက်ပျိုးရေး ဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

https://en.wikipedia.org/wiki/Guizotia_abyssinica

https://www.industrialdirectory.com.mm/articles/item/224-sesame.html

https://www.thefarmermedia.com/news/2618

( ယခုဆောင်းပါးက ဦးကြီးတို့အတွက် အကျိုးတစ်စုံတရာဖြစ်ထွန်းမှု ရှိ /မရှိ ပေါ်မူတည်ပြီး အောက်မှာဖော်ပြပေးထားတဲ့ "အသုံးဝင်ပါတယ်"  "အသုံးမဝင်ပါ" ဆိုတဲ့ စာတန်းလေးကို ရွေးချယ်နှိပ်ပေးဖို့ တောင်းဆိုပါရစေရှင့် )


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်