အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
စပျစ်မြေဩဇာကျွေးနည်း၊ မျိုးပွားနည်းနှင့် ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းနည်းများ

စပျစ်မြေဩဇာကျွေးနည်း၊ မျိုးပွားနည်းနှင့် ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းနည်းများ

Green Way
Green Way • 12/01/2018

မြေဩဇာကျွေးခြင်း
မိုးဦးနှင့် မိုးနှောင်းတို့တွင် စပျစ်ကိုင်းများ ချိုင်မပေးမီ စပျစ်ပင်ခြေ ပတ်ပတ်လည် နှင့် စပျစ်တန်းများကြားတွင် မြေဆွပေါင်းသင်ပေးခြင်းများကို ပြုလုပ်ပေးရသည်။
တီစူပါ နှစ်ဆ၊ ယူရီးယားတစ်ဆနှင့် ပိုတက်ရှ် တစ်ဆ ရောစပ်ပြီး တစ်ပင်လျှင် စပ်ပြီးမြေဩဇာ ရှစ်အောင်စ (နို့ဆီဗူး တစ်ဝက်ခန့်) နှင့် နွားချေး၊ မြေဆွေး နှစ်တင်းနှုန်း ထည့်ကျွေးရပါမည်။
မိုးနှောင်းပိုင်းတွင်လည်း ဓာတ်မြေဩဇာကို တီစူပါ နှစ်ဆ၊ ယူရီးယားတစ်ဆရောစပ်ပြီး တစ်ပင်လျှင် ရှစ်အောင်စ (နို့ဆီဗူး တစ်ဝက်ခန့်) ထည့်ကျွေးရသည်။ မြေဩဇာကျွေးသည့်အခါတိုင်း ရေကိုဝလင်အောင် သွင်းပေးပါ။

ကိုင်းဖြတ်ပြီးလျှင် နွားချေး၊ မြေဆွေး (၇၁၄) တင်း၊ ယူရီးယား (၁၃၁) ပေါင်၊ တီစူပါ (၆၇) ပေါင် နှင့် ပိုတက်ရှ် (၅၅) ပေါင်တို့ကိုရော၍ စိုက်ခင်းတန်းများအကြား နေရာအနှံ့ပက်ကြဲပေးပါ။
ကြီးထွားမှုလျင်မြန်ပြီး သီးထွက်များသော စပျစ်မျိုးဖြစ်ပါက ကျဲကျဲစိုက်သင့်ပြီး ကြီးထွားမှုနှေးကွေးပြီး သီးထွက် နည်းသော စပျစ်မျိုးဖြစ်ပါက စိပ်စိပ်စိုက်သင့်ပါသည်။ မြေဆီထက်သန်မှုပေါ်မူတည်၍လည်း အကွာအဝေး အမျိုး မျိုးထားပြီး စိုက်ပျိုးနိုင်ပါသည်။

စပျစ်မျိုးပွားနည်း
ကိုင်းတက်များမှလည်းကောင်း၊ စပျစ်ကိုင်းများကို ဆက်စပ်ပေးခြင်းဖြင့်လည်းကောင်း မျိုးပွားယူနိုင်သည်။

ပျိုးဘောင်များကို အသုံးမပြုမီ တစ်လခန့်ကြိုပြင်ဆင်ထားရန်လိုအပ်သည်။ စပျစ်ကိုင်းများပျိုးထောင်ရန်အတွက် အနံ (၃၀) ပေ၊ အလျား (၂၀) ပေခန့်ရှိသော ဘောင်များကို အနက်တစ်ပေခန့်ထိတူးပါ။ မြေစာခဲများ ကောင်းစွာ ကြေမွစေရန် ချေပေးပါ။ ပျိုးဘောင်များကို (၅) ရက်ခန့် နေလှန်းထားပါ။

ျိုးတစ်ဘောင်ကို နွားချေး (၂) တင်းနှင့် သစ်ရွက်မြေဆွေး (၂) တင်းထည့် သမအောင်မွှေပြီး ရေဝအောင်လောင်း ပါ။ပျိုးဘောင်လုပ်မည့်မြေကျစ်နေပါက သဲကို သင့်တော်သလောက်ထည့်ပေးပါ။ ပျိုးဘောင်တစ်ခုနှင့် တစ်ခု ကြား တစ်ပေခန့်ကျယ်သော လူသွားလမ်းလုပ်ပေးပါ။

စပျစ်ကိုင်းတက်များမှ မျိုးပွားရန် သင့်လျော်သည့် ကိုင်းတက်များကို ရွေးချယ်ပြီး အလျား ၈ လက်မနှင့် တစ်ပေခန့်ရှည်သော ကိုင်းတက်များဖြတ်ပေးပါ။

ဖြတ်ပြီးသော ကိုင်းတက်များကို ပိုးမွှားရောဂါကင်းစေရန် မှိုသတ်ဆေးတစ်မျိုးနှင့် စိမ်ပေးပါ။

ပျိုးဘောင်ပေါ်တွင် ၃ လက်မချဲ့ထားပြီး ပျိုးထောင်သည့် အကွာကြောင်းများဆွဲပေး၍ တစ်ကိုင်းနှင့် တစ်ကိုင်း ၃ လက်မ အကွာထားပြီး ပျိုးထောင်သည်။ စပျစ်ကိုင်းများ ပျိုးထောင်ပြီးနောက် ၃ လအတွင်း အကိုင်းအညွန့်များ ဝေဆာလာမည်။ ကြာရှည်ဆက်လက်ထားမည်ဆိုပါက ပျိုးကိုင်းများကို တစ်ကိုင်းနှင့်တစ်ကိုင်း ၃ လက်မအကွာ မဟုတ်ပဲ ၆ လက်မအကွာ ပျိုးထောင်သင့်ပါသည်။ ပျိုးဘောင်မှ ၃ လခန့် အရွယ်ရှိသော စပျစ်ပျိုးပင်များကို မထိခိုက်မိစေရန် တူးဖော်ပြီးနောက် ရေဖြင့်ဆေးကြောပေးပါ။

ပျိုးပင်များကို ပလတ်စတစ်အိတ်အတွင်းသို့ တည့်မတ်စွာထည့်သွင်းပေးပြီး ရောစပါထားသော မြေဆွေးဖြင့် အိတ်ပြည့်သည်အထိ ထည့်ပေးပါ။ မြေအားလုံး စိုရွှဲသွားသည်အထိ ရေကိုဖြေးဖြေးလောင်းပေးပါ။ အိတ်အတွင်း ပြောင်းရွှေ့လိုက်သော ပျိုးပင်များသည် ၁၀ ရက်ခန့်အတွင်း အဖူးများ ဝေဆာစွာထွက်ပေါ်လာမည်ဖြစ်သည်။ 

ကျရောက်တတ်သော ဖျက်ပိုးများနှင့် ကာကွယ်နှိမ်နင်းနည်းများ
(၁) ပင့်ကူနီ
(၂) ကျိုင်းကောင်ငယ်
(၃) ကျိုင်းကောင်ကြီး
(၄) ပင်စည်ဖြတ်ကျိုင်းကောင်
(၅) ပင်စည်ဖောက်ပိုး
(၆) စပျစ်သီးဖောက်ပိုး
(၇) စပျစ်ရွက်စားပိုးစိမ်းကောင်ကြီးများ
(၈) စပျစ်ပျပိုးများ
(၉) ခြများ
ပိုးများကို ကာကွယ်နှိမ်နင်းရန် ဆိုက်ပါမီသရင်၊ ဖိနိုထရိုသီယွန်၊ အဆီဖိတ် စသည့် ပိုးသတ်ဆေး တစ်မျိုးမျိုးကို အသုံးပြုပက်ဖျန်းနိုင်ပါသည်။

ကျရောက်တတ်သော ရောဂါများနှင့် ကာကွယ်နှိမ်နင်းနည်းများ
(၁) ရွက်ခြောက်ရောဂါ
(၂) ဖားဥမှိုရောဂါ
(၃) ငှက်မျက်လုံးရောဂါ

ရွက်ခြောက်ရောဂါနှင့် ငငှက်မျက်လုံးရောဂါကို အောက်ပါဆေးများဖြင့် ကာကွယ်နှိမ်နင်းနိုင်ပါသည်။
- ဒက်ကော်နေးလ်
- လေဘယ်လိုဒ်
- ဘော်ဒိုဆေးရည်

ဖားဥမှိုရောဂါအတွက် ကာကွယ်နှိမ်နင်းရန်မှာ-
- ကန့်မှုန့် တစ်ဧကလျှင် (၇) ပေါင် မှ (၂၅) ပေါင်နှုန်းထိ ဖြူးပေးပါ။
- ထုံးမှုန့် မှိုသတ်ဆေးရည် (သို့) ဆာလဖီနိတ်ဆေးရည်

အသီးလုံး အသီးခိုင်ကြီးသော စပျစ်သီးများထွက်ရှိရန် ဆောင်ရွက်ရမည့် နည်းစနစ်
- အသီးလုံး အသီးခိုင်ကြီး၍ ညီညာခြင်းရှိစေရန် ဂျီအေ (၃) (GA3) ဟော်မုန်းသုံးစွဲရန်။
- အသီးအရောင် ညီညာခြင်းရရှိရန်အတွက် မဆွတ်ခူးမီ (၂) ပတ်အလိုတွင် အီသရယ် (Etheral) ဟော်မုန်း ဖျန်း ပေးရန်။
- အစေ့ပါဝင်မှုနည်းပြီး အစေ့သေးရန်အတွက် ဂျီအေ (၃) (GA3) ဟော်မုန်းသုံးစွဲရန်။
- အသယ်အပို့ခံနိုင်ရန်အတွက် စပျစ်မခူးမီ (၃) ပတ်အလိုတွင် အပင်ကို ရေသွင်းခြင်းမှ ဖြတ်တောက်ရန်။
- အရသာကောင်းမွန်စေရန်အတွက် ရေပါဝင်မှုနည်းရန်လိုအပ်သည်။ စပျစ်မခူးမီ (၃) ပတ်အလိုတွင် အပင်ကို ရေသွင်းခြင်းမှ ဖြတ်တောက်ရန်။
- ပိုးသတ်ဆေးဓာတ်ကြွင်းများ မရှိစေရန်အတွက် မဆွတ်ခူးမီ (၂) ပတ်အလိုမှစတင်ပြီး ပိုးသတ်ဆေးသုံးစွဲမှု ရပ်တန့်ရန်။

စပျစ်ကိုင်းဖြတ်ပြီး ရက်ပေါင်း (၅၀ - ၆၀) အတွင်း အသီးဖြစ်ထွန်းသည်။ အသီးဖြစ်ထွန်းနေချိန်အတွင်း သီးညှပ်ချွေခြင်းကို စနစ်တကျ ဆောင်ရွက်ပါ။

 စိုက်ပျိုးရေးဦးစီးဌာန

You

ဆက်စပ်မေးခွန်းများ

ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ

U Maung • ဖြေကြားချက် 2 ခု

ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ

Ko Myo Tint • ဖြေကြားချက် 2 ခု

ခုလိုမျိုး ၂ပင်လောက် ဖြစ်နေတယ်ခဗျာ အစားကျွေးထားတာ၅ရက်ရှိပါပြီး အမိုင်နိုဆေးဖြန်းထားပါတယ် အစားကျွေးတာများလို့ခဗျာ ဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 5 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။