တိပ်ကြိုးကို အသုံးပြုပြီး နွား၏ ကိုယ်အလေးချိန် ခန့်မှန်းနည်း

24/02/2023 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

နွားငယ်လေးများ သားခွဲသည့်အချိန်တွင် ကိုယ်အလေးချိန် ၁၀၀ ကီလိုဂရမ်ခန့်နှင့် ပထမသားစပ်သည့်အချိန် အသက် ၁၅ လသား အရွယ်တွင် ၃၃၀ - ၃၅၀ ကီလိုဂရမ်ခန့် ရှိနေရန်လိုအပ်ပါသည်။ ထို့ကြောင့် တစ်ရက်ပျမ်းမျှ ကိုယ်အလေးချိန် ၆၀၀- ၇၀၀ ဂရမ်ခန့် တိုးရန်လိုအပ်ပါသည်။ ပခုံးအမြင့်သည် နွား၏အရိုးကြီးထွားမှုနှင့် ခန္ဓာကိုယ်အရွယ်အစားတို့ကို ခန့်မှန်းရန်အတွက် အကောင်းဆုံးဖြစ်သည်။ ထို့ကြောင့် အသက် ၁၅ လသားအရွယ်တွင် ပခုံးအမြင့်သည်လည်း ၁၂၈ - ၁၃၀ စင်တီမီတာခန့် ရှိရန် လိုအပ်ပါသည်။ စင်တီမီတာဂဏန်းများ ရေးထားသော တိပ်ကို အသုံးပြုပြီး နွား၏ ခန္ဓာကိုယ် လုံးပတ် ( Chest girth ) ကိုတိုင်းတာခြင်းအားဖြင့် ကိုယ်အလေးချိန် ခန့်မှန်းနိုင်ပါသည်။

သတ်မှတ်ထားသော ကိုယ်အလေးချိန်နှင့် အရွယ်အစား မမီသော နွားမများသည် မွေးဖွားရခက်ခဲခြင်း၊ နို့ထွက်နှုန်းနည်းခြင်း၊ ကလေးမွေးပြီးနောက် မြိုင်လာချိန် နောက်ကျတတ်ခြင်း၊ သားအောင်နှုန်းနည်းခြင်း စသည်တို့ဖြစ်တတ်ပါသည်။ 

တိပ်ကြိုးကို အသုံးပြုပြီး ကိုယ်အလေးချိန်ခန့်မှန်းခြင်း

နွား၏ခန္ဓာကိုယ် လုံးပတ်ကို တိုင်းတာ၍ ကိုယ်အလေးချိန်ကို ခန့်မှန်းခြင်း

 

အပြာရောင်- သားခွဲချိန်တွင် ရှိသင့်သည့် ကိုယ်အလေးချိန်

အနီရောင်- နွားမတမ်း ပထမ သားစပ်သည့် အချိန်တွင် ရှိသင့်သည့် ကိုယ်အလေးချိန်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်