ဖြစ်လာနိုင်သည့် လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးနှင့် ကျန်းမာရေးအန္တရာယ်များကို လေ့လာဆန်းစစ်ခြင်း

11/02/2020 11:30 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး ILO Myanmar, VISION ZERO FUND ILO Myanmar, VISION ZERO FUND မှ ပေးပို့ထားပါသည်။

လွန်ခဲ့သည့်လတွင် လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးနှင့်ကျန်းမာရေး (OSH) ကဏ္ဍ စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများတွင် တောင်သူအတွက် လိုက်နာဆောင်ရွက်ရန် အရေးကြီးပုံကို တင်ပြသွားခဲ့ဖြစ်ပါသည်။ ယခုတစ်ပတ် တင်ပြသွားချင်သည့် အကြောင်းအရာကတော့ စိုက်ပျိုးရေးလုပ်ငန်းခွင်မှာ ဖြစ်လာနိုင်ခြေရှိသည့် အန္တရာယ်များကို ကြိုတင်လေ့လာ ဆန်းစစ်ရန်အတွက် လိုအပ်တာများကို တင်ပြသွားမည်ဖြစ်ပါသည်။ ကျေးရွာအဆင့်ထိသင်တန်းများတွင် အဆိုပါဆန်းစစ်မှုများမှာ စိုက်ခင်းနှင့် ကုန်သိုလှောင်ရုံနေရာတို့၌ ဘေးအန္တရာယ်ဖြစ်လာနိုင်သည့်အခြေအနေများကို  တွေ့ရှိရပါသည်။ မြေဩဇာနှင့် အစားအသောက်ရောထားခြင်း၊ လယ်ယာသုံးပစ္စည်းကိရိယာများ စနစ်တကျမထားခြင်း၊ ပိုးသတ်ဆေးဗူးများကို ကလေးလက်လှမ်းမမီသည့်နေရာတွင် ထားသော်လည်း အိတ်ဖြင့်သာချိတ်ထားခြင်း (အောက်တွင် အစားအသောက်သိုလှောင်ထားခြင်း)စသည်တို့ဖြစ်ပါသည်။ 

လယ်ယာလုပ်ငန်းခွင်အတွင်းရှိ ဘေးအန္တရာယ်များကို လေ့လာဆန်းစစ်ပြီး အန္တရာယ်ဖြစ်နိုင်သည့် အခြေအနေရှိပါက ပြုပြင်ဆောင်ရွက်ရန်လိုအပ်ပါသည်။ မိသားစု ဘေးအန္တရာယ်ကင်းမှသာ ငွေများကို ချွေတာနိုင်ပြီ လုပ်ငန်းများလည်း တွင်တွင်ကျယ်ကျယ်ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။ 

ဖော်ပြပါပုံများမှာ လယ်ယာလုပ်ငန်းခွင်မှာရှိသည့် ဘေးအန္တရာယ်များကို အစက်ချသည့်နည်းဖြင့် ဆန်းစစ်ခြင်းဖြစ်ပါသည်။

ဘေးအန္တရာယ်များကို ရှာဖွေမှတ်သားထားပါ 

အောက်ဖော်ပြပါပုံ၌ အနီရောင်အဝိုင်းသည် အန္တရာယ်ဖြစ်နိုင်ချေရှိသည့်အမှတ်အသားဖြစ်ပါသည်။ 

တောသူဉီးကြီးများလည်း မိမိတို့လယ်ယာလုပ်ငန်းခွင်မှာ ဖြစ်လာနိုင်သည့်အန္တရာယ်များကို ဆန်းစစ်ခြင်းပြီး ကြိုတင်ကာကွယ်ခြင်းဖြင့် ကျန်းမာပြီး ဘေးကင်းလုံခြုံသည့် လုပ်ငန်းခွင်ဖြစ်ပါစေ။ 

ILO-Myanmar


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်