ဝက်အမျိုးအစားအလိုက် စပ်ရမည့် ဝက်စာအချိုးအစားများ

14/10/2022 18:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ဝက်စာရောစပ်ရာတွင် ဝက်များ၏ အသက်အရွယ်နှင့် လိုက်လျောညီထွေမှုရှိသည့် အာဟာရဓာတ် ပါဝင်မှုအချိုးကို ထည့်သွင်းစဉ်းစားရမည်။ ဝက်များ၏ အသက်အရွယ်ကြီးလာသည်နှင့်အမျှ ခန္ဓာကိုယ်အတွင်း အဆီဓာတ်အစရှိသည့် ထုတ်လုပ်မှု စံနှုန်းများသည် အစာအာဟာရ ကျွေးမွေးပုံစနစ် အပေါ်များစွာ မူတည်လျက်ရှိပါသည်။

ဝက်များကို အာဟာရပြည့်စုံစွာ ပါဝင်သော အစားအစာများကို ဝလင်စွာ ကျွေးမွေးသည့်အခါ ကြီးထွားနှုန်းကောင်းမွန်ကြောင်း တွေ့ရသည်။ ထို့ကြောင့် အသားတိုး မွေးမြူသည့် ဝက်များကို အစာလုံလောက်စွာ ကျွေးမွေးပါက အရွယ်ရောက်ချိန် အသက် ၆ လသား အရွယ်တွင် ရောင်းတန်းဝင်သည့် အလေးချိန်ကို ရရှိမည်ဖြစ်ပါသည်။ အကယ်၍ ဝင်ငွေပိုရမည့် ထင်မြင်ယူဆချက်ဖြင့် ဆက်လက်မွေးမြူပါက မျှော်လင့်ချက်အတိုင်း ဖြစ်မလာဘဲ စီးပွားနစ်နာမှု ကြုံတွေ့ရမည်ဖြစ်သည်။

ဝက်များသည် နို့ခွဲချိန်မှ အရွယ်ရောက်ချိန်အထိ အစာ ၃ ပိဿာခွဲစားလျှင် အလေးချိန် ၁ ပိဿာတိုးပါသည်။ အရွဘ်ရောက်ပြီး နောက်ပိုင်း၌ ခန္ဓာကိုယ်အလေးချိန် ၁ ပိဿာ တိုးရန်အတွက် အစာ ၄ ပိဿာကုန်ပါသည်။ ထို့ကြောင့် အရွယ်ရောက်ပြီးနောက်ပိုင်းတွင် ခန္ဓာကိုယ် အလေးချိန် ၁ ပိဿာတိုးရန်အတွက် အစာ ၅၀ ကျပ်သားပိုကုန်ပါသည်။ ဤတွင် အစာဖိုးပိုကုန်သည် သာမက တိုးလာသော ခန္ဓာကိုယ်အလေးချိန်တွင် အဆီပါဝင်နှုန်းပိုများသည့်အတွက် ဝက်တစ်ကောင် လုံး ဈေးမှာလည်း ပုံမှန်ပေးသည့် အသားဈေးထက် လျော့နည်းရရှိပါသည်။

ဝက်စာစပ်ရန်ရောစပ်သည့်အချိုး

မှတ်ချက်။ အသားတိုးနှင့် မျိုးဝက်များကို အသီးအရွက်သစ်မြစ်သစ်ဥလိုသလောက်ကျွေးရန်

( တစ်နိုင်တစ်ပိုင် ဝက်မွေးမြူနည်းလမ်းညွှန်စာအုပ်တွင် ပါဝင်သော ဆောင်းပါးကောင်းများထဲမှာ တစ်ပုဒ်ကိုကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်)

အခုလိုမျိုး 'တစ်နိုင်တစ်ပိုင် ဝက်မွေးမြူနည်းလမ်းညွှန်' စာအုပ်ကို အစိမ်းရောင်လမ်းရဲ့ ဈေးတန်းကြီးကဏ္ဍမှာရှိတဲ့ ဗွေဆော်ဦးစာအုပ်ဆိုင်မှာ အော်ဒါတင်နိုင်သလို ဈေးတန်းကြီး fb page chat box မှာအမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်လေးပေးပြီး လာရောက်ဝယ်ယူနိုင်ပါတယ်ရှင့်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်