သွား ကျန်းမာရေးအတွက် စားသုံးပေးသင့်သော အစားအစာများ

17/01/2022 15:00 PM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

သွားနဲ့ ခံတွင်းကျန်းမာရေးကို ဂရုစိုက်ရတာ ခက်ခဲတယ်လို့ ထင်ပါသလား?

သွားတွေဟာ အစားအစာတွေကိုစားသောက်ရာမှာ ကျွန်ုပ်တို့ကို များစွာကူညီပေးတာဖြစ်လို့ တော်တော်လေးအရေးပါ ပါတယ်။ ဒါ့ကြောင့် သူတို့ရဲ့ကျန်းမာရေးကိုလည်း ကျွန်ုပ်တို့က ပြန်လည်ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။ ကောင်းမွန်တဲ့အစားအသောက်တွေကို စနစ်တကျရွေးချယ်စားသောက်ပေးခြင်းဖြင့် သွားပျက်စီးမှုတွေကို အထိုက်အလျောက် ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ သင့်တော်မှုမရှိတဲ့ အစားအသောက်တွေကို စားသောက်မိခြင်းကြောင့် သွားကျန်းမာရေးသာမက ခံတွင်းကျန်းမာရေးကိုပါ ထိခိုက်နိုင်ပါတယ်။ သွားမကောင်းတဲ့အခါ အစားအစာတွေကို စားသောက်တဲ့နေရာမှာ များစွာသက်ရောက်မှုရှိပြီး ကျန်းမာရေးကိုပါ ထိခိုက်လာနိုင်ပါတယ်။ ဒါ့ကြောင့် ယခုဆောင်းပါးမှာတော့ သွားကျန်းမာရေးအတွက် စားသုံးပေးသင့်တဲ့ အစားအစာတွေအကြောင်းကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ 

ယေဘူယျအားဖြင့် သကြားဓာတ်ပါဝင်မှုနည်းတဲ့ ပေါင်မုန့်တွေ၊ ကောက်ပဲသီးနှံတွေ၊ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေနဲ့ အစေ့အဆန်တွေဟာ ခံတွင်းကျန်းမာရေးအတွက် ကောင်းမွန်သင့်တော်တဲ့ အစားအစာတွေ ဖြစ်ပါတယ်။ ဖော်ပြပါ အစားအစာတွေထဲမှာမှ သစ်သီးဝလံတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို စားသုံးတဲ့အခါမှာ ကိုက်ဖြတ်ကြိတ်ဝါးရပြီး ၎င်းတို့မှာ ရေနဲ့ အမျှင်ဓာတ်တွေလည်း များစွာပါဝင်တာကြောင့် တံတွေးပိုထွက်စေပြီး ခံတွင်းထဲမှာရှိတဲ့ အစာကျန် အမှုန်အမွှားတွေကိုပါ ဖယ်ရှားပေးနိုင်တဲ့အတွက် ပိုပြီး အကျိုးရှိစေပါတယ်။ ဒါ့ကြောင့် ကောင်းမွန်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာတွေ စားသုံးပေးခြင်းဟာ သွားတွေကို ကျန်းမာအောင် ကူညီပေးနိုင်ရုံမက ခံတွင်းထဲမှာရှိနေတဲ့ ဘက်တီးရီးယားတွေနဲ့ အက်စစ်တွေကို ရှင်းထုတ်ရာမှာပါ ကူညီပေးနိုင်ပါတယ်။ 

သွားနဲ့ ခံတွင်းကျန်းမာရေးအတွက် စားသုံးပေးသင့်တဲ့ အသင့်တော်ဆုံး အစားအစာတွေကတော့ အောက်ဖော်ပြပါအတိုင်း ဖြစ်ပါတယ်။ 

ဒိန်ချဥ်၊ ဒိန်ခဲ 

မုန်လာဥနီ၊ တရုတ်နံနံနဲ့ အစိမ်းရောင်အရွက်များ 

ပန်းသီး 

လက်ဖက်စိမ်းရည် 

အခွံမာသီးများ 

အသားဓာတ်ပါဝင်သော အစားအစာများ စတာတွေပဲ ဖြစ်ပါတယ်။ 

နို့ထွက်ပစ္စည်းတွေက ဘာကြောင့် သွားအတွက် ကောင်းစေတာလဲ? 

နို့ထွက်ပစ္စည်းတွေဖြစ်တဲ့ ဒိန်ခဲ၊ ဒိန်ချဥ်နဲ့ နို့တွေဟာ ခန္ဓာကိုယ်ကို အင်အားတိုးစေသလို ခံတွင်းထဲမှာလည်း တံတွေးပိုထုတ်စေပြီး သွားတွေကို ကာကွယ်ပေးနိုင်ပါတယ်။ နောက်တစ်ခုကတော့ ဒိန်ခဲနဲ့ ဒိန်ချဥ်တွေမှာ ကယ်လ်စီယမ်နဲ့ ပရိုတင်းဓာတ်တွေ မြင့်မားစွာပါဝင်တာကြောင့်  သွားတွေကို ပိုပြီးကျန်းမာစေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒိန်ချဥ်မှာဆိုရင် ခန္ဓာကိုယ်ရဲ့ အစာခြေစနစ်အတွက် ကောင်းကျိုးရှိစေတဲ့ Probiotics (သို့မဟုတ်) အကျိုးပြုဘက်တီးရီးယားတွေ ပါရှိပါတယ်။ ဒိန်ချဥ်စားသုံးတဲ့အခါမှာ အချိုဓာတ် (သကြား) မပါတာမျိုးကို စားသုံးမယ်ဆိုရင် ပိုပြီးသင့်တော်ပါတယ်။ အကယ်၍သင်ဟာ နို့ထွက်ပစ္စည်း အစားအစာတွေနဲ့ ဓာတ်မတည့်တာမျိုး ဖြစ်တတ်တယ်ဆိုရင်တော့ ကယ်လ်စီယမ်နဲ့ ပရိုတင်းဓာတ် ဖြည့်တင်းထားတဲ့ ဗာဒံစေ့၊ ပဲပိစပ်နဲ့ သီဟိုဠ် ကဲ့သို့ အစားအစာတွေကို ရွေးချယ်စားသုံးနိုင်ပါတယ်။ 

အစိမ်းရောင်အရွက်များ 

ဟင်းသီးဟင်းရွက်တွေဟာဆိုရင် ကယ်လိုရီသိပ်သည်းမှု မရှိတာကြောင့် ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစေတဲ့ အစားအစာတွေ ဖြစ်ပါတယ်။ ဟင်းသီးဟင်းရွက်တွေ စားသုံးခြင်းဟာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေထောက်ပံ့ပေးနိုင်ပြီး ခံတွင်းကိုသန့်ရှင်းစေသလို သွားရဲ့ကြွေလွှာတွေကို ကျန်းမာစေဖို့လည်း ကူညီပေးနိုင်ပါတယ်။ ကိုက်လန်၊ ဟင်းနုနွယ်ရွက်နဲ့ အစိမ်းရောင်ရှိတဲ့ ဟင်းရွက်တွေဟာဆိုရင် ကယ်လိုရီပါဝင်မှုနည်းပြီး ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပြည့်ဝစွာပါဝင်နေပါတယ်။ ဒါ့ကြောင့် အစိမ်းရောင်အရွက်တွေကို ကြိုက်နှစ်သက်တယ်ဆိုရင် များများစားပေးနိုင်ပါတယ်။ အစိမ်းရောင်အရွက်တွေမှာဆိုရင် ကယ်လ်စီယမ်၊ ဖောလစ်အက်စစ်နဲ့ ဗီတာမင်တွေလည်း ကြွယ်ဝစွာပါဝင်တာကြောင့် ခန္ဓာကိုယ်ရဲ့ ကျန်းမာရေးကိုပါ အထောက်အကူပြုစေမှာ ဖြစ်ပါတယ်။ 

ပန်းသီး၊ မုန်လာဥနီနဲ့ တရုတ်နံနံ 

ပန်းသီးဟာဆိုရင် ခန္ဓာကိုယ်အတွက် ရေဓာတ်နဲ့ အမျှင်ဓာတ်ကို ပေးစွမ်းနိုင်ပါတယ်။ သကြားပါဝင်တဲ့ သရေစာတွေစားသုံးမယ့်အစား ပန်းသီးစားသုံးပေးခြင်းဟာ ခံတွင်းထဲမှာ တံတွေးထွက်ရှိမှုကို မြှင့်တင်ပေးနိုင်ပါတယ်။ တရုတ်နံနံဟာဆိုရင် သွားတွေကို သန့်ရှင်းအောင်ကူညီပေးနိုင်ပြီး ခံတွင်းထဲမှာရှိနေတဲ့ ဘက်တီးရီးယားများကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ မုန်လာဥနီမှာဆိုရင် အမျှင်ဓာတ်၊ ဗီတာမင် စီ၊ ဗီတာမင် အေ ဓာတ်တွေ ကြွယ်ဝစွာပါဝင်နေလို့ များစွာ အကျိုးရှိစေပါတယ်။ 

လက်ဖက်စိမ်းရည်နဲ့ အခွံမာအသီးများ  

အချိုဓာတ်မပါတဲ့ လက်ဖက်စိမ်းရည်ဟာဆိုရင် သွားအောက်ခြေမှာ ဖြစ်ပေါ်လေ့ရှိတဲ့ သွားချေးနဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။ အသား၊ ငါး၊ ကြက်သားနဲ့ တို့ဟူးတွေမှာဆိုရင် ဖော့စဖောရပ်စ်နဲ့ ပရိုတင်းဓာတ်တွေပါဝင်နေပြီး သွားကျန်းမာရေးအတွက် ကောင်းစေပါတယ်။ ဗာဒံစေ့ဟာ သကြားဓာတ်နည်းပြီး ကယ်လ်စီယမ်နဲ့ ပရိုတင်းဓာတ်တွေရဲ့ အရင်းအမြစ်တစ်ခုဖြစ်တာကြောင့် သင့်သွားရဲ့ ကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်။ 

သွားကျန်းမာရေးအတွက် အစာစားတော့မယ်ဆိုရင် သကြားပါဝင်မှုများတဲ့ အစားအစာတွေကို တတ်နိုင်သမျှ ရှောင်ရှားသင့်ပါတယ်။ အဲ့ဒီအစားအစာတွေကို မကြာခဏစားသုံးမယ်ဆိုရင် သွားတွေကို ပျက်စီးစေနိုင်တဲ့ အက်စစ်တွေကို ခြေဖျက်ပေးတဲ့ တံတွေးရဲ့ စွမ်းဆောင်ရည်ကို လျော့ကျစေမှာ ဖြစ်ပါတယ်။ ခံတွင်းထဲမှာရှိတဲ့ ဘက်တီးရီးယားတွေဟာ သကြားဓာတ်ကို အက်စစ်အဖြစ်ပြောင်းလဲပြစ်ပါတယ်။ ၎င်းဓာတ်တွေဟာ အချိန်အတော်ကြာသည်အထိ သွားတွေကို ဆက်လက်ထိခိုက်နိုင်တာကြောင့် အချိုဓာတ်ပါဝင်မှုများတဲ့ အစားအစာတွေကို လျော့ပြီး စားသုံးကြပါလို့ အကြံပြုရင်း… 

ကိုးကားချက်  

https://www.colgate.com/en-us

https://www.healthline.com/

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက 'အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်