အေဇိုလာ အဇိုလာ

09/12/2019 13:45 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

အေဇိုလာဆိုတာဘာလဲ?

ရေထဲမှာ ပေါက်ရောက်ကြတဲ့ အကိုင်းဖြာပြီးပေါ်နေတတ်တဲ့ အပင်လေးတွေပါ။ သူက တိရစ္ဆာန်တွေအတွက် အာဟာရတွေအများကြီးပါဝင်တာကြောင်မို့ နောက်ပိုင်းမှာ ခေတ်စားလာတဲ့ အပင်လေးတွေဖြစ်ပြီးတော့ တိုးချဲ့စိုက်ပျိုးလာကြပါတယ်။ လယ်ခင်းထဲမှာပေါက်ရင်တောင် စပါးပင်တွေအတွက် နိုက်ထရိုဂျင်ကို ထောက်ပံ့ပေးနိုင်ပါသေးတယ်။ အဲ့လိုကြောင့် အေဇိုလာဆိုရင် စပါးခင်းထဲမှာ ဇီဝမြေသြဇာအဖြစ်တောင် ထည့်ကြတာဖြစ်ပါတယ်။  စိမ်းပြာရောင်ရှိတဲ့  အေဇိုလာလေးတွေက နိုက်ထရိုဂျင်ဖမ်းယူပေးတာကိုလည်း ကူညီပေးတယ်ဆိုတော့ကာ ဘာလိုသေးလဲ။

ဘယ်နေရာတွေမှာ ပေါက်ကြလဲ?

ကန်တွေ၊ မြောင်းသွယ်လေးတွေ၊ စပါးခင်းရှိတဲ့ အပူချိန်နွေးနွေးနဲ့ သမပိုင်းနေရာတွေအထိ ပေါက်ရောက်စိုက်ပျိုးနိုင်ပါတယ်။

ဘယ်နေရာတွေမှာ သုံးလို့ရနိုင်မလဲဆိုတော့ ကျွဲ၊ နွား၊ ကြက်၊ ငါး စတဲ့ မွေးမြူရေးတိရစ္ဆာန်တွေအတွက်လည်း အာဟာရပြည့်တဲ့အစာတွေအဖြစ် ထုတ်လုပ်ပေးနိုင်တာကြောင့်မို့ စိုက်ပျိုးကြတာဖြစ်ပါတယ်။ 

ဒါဆိုရင် အေဇိုလာကို သိပ္ပံနည်းကျဘယ်လိုခွဲခြမ်းထားသလဲဆိုတာကို လေ့လာကြည့်ရအောင်။

Family name – Salviniaceae

Botanical/Scientific Name – Azolla filiculoides

အေဇိုလာရဲ့ အကျိုးကျေးဇူးတွေ

(၁) နေရာဒေသသိပ်မရွေးပဲ စိုက်နိုင်ပျိုးနိုင်တဲ့အပြင်ကို ဖန်လုံအိမ် မှန်လုံအိမ်ထဲမှာတောင် စိုက်လို့ပျိုးလို့ရတဲ့ အမျိုးအစားဖြစ်ပါတယ်။ 

(၂) ပမာဏများများကို စိုက်ပျိုးလို့ရပြီးတော့ သုံးလို့ရတဲ့နေရာကလည်း များပါတယ်။

(၃) အေဇိုလာက လေထုထဲကကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ နိုက်ထရိုဂျင်ကို ကာဗွန်ဟိုက်ထရိတ်နဲ့ အမိုးနီးယားအဖြစ် ပြောင်းလဲပေးနိုင်တာကြောင့် အပင်တွေအတွက် သစ်စိမ်းမြေသြဇာ အဖြစ် အသုံးပြုပေးဖို့ သင့်တော်ပါတယ်။ 

(၄) အေဇိုလာကို အရည်ဖျော်ပြီးသုံးမယ်ဆိုရင်တော့ ဇင့်၊ အိုင်းယွန်းဓာတ်နဲ့ မဂ္ဂနိစ့် ကို စပါးအတွက် ဖြည့်တင်းပေးနိုင်မှာဖြစ်ပါတယ်။ 

(၅) တစ်ချို့နိုင်ငံတွေရဲ့စပါးခင်းထဲမှာ အေဇိုလာတွေကိုသုံးပြီးတော့ ပေါင်းပင်တွေကိုနှိမ်နင်းဖို့အတွက် သုံးကြပါသေးတယ်။

(၆) သဘာဝအတိုင်းဆိုရင်တောင် အေဇိုလာက အပင်ကြီးထွားဖို့လိုအပ်တဲ့ ဗီတာမင်နဲ့ အပင်ကြီးထွားမှုကို လှုံ့ဆော်ပေးတဲ့ပစ္စည်းတွေကို ထုတ်လုပ်ပေးနိုင်ပါတယ်။ 

(၇) အဲ့လိုလုပ်ပေးနိုင်တာကြောင့် သီးနှံအထွက်နဲ့ အရည်အသွေးကို ကောင်းမွန်စေပါတယ်။ 

(၈) အေဇိုလာနဲ့ ရေမျက်နှာပြင်ကို အကာအကွယ်လို လုပ်ထားပေးတာကြောင့် ရေငွေ့ပျံတာကိုလည်း ထိန်းချုပ်နိုင်ပါတယ်။ အဲ့လိုဆိုတော့ အပင်တွေလည်း ရေငွေ့ခံရတာ သက်သာတာပေါ့။

(၉) နို့စားတိရိစ္ဆာန်လေးတွေကို ကျွေးတယ်ဆိုရင် နို့အထွက်တိုးအောင် ကူညီပေးနိုင်ပါသတဲ့။

ကဲ ဒါကတော့ အေဇိုလာနဲ့ ပတ်သက်တဲ့ဗဟုသုတကို ဖော်ပြပေးတာပါ။ အေဇိုလာစိုက်ပျိုးနည်းကိုတော့ နောက်ဆောင်းပါးမှာ ဆက်လက်စောင့်မျှော်ပေးကြပါဦး။

ထွန်းဝင်းကျော်


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်