ချင်း (ဂျင်း) ဝိုင်

04/09/2020 15:00 PM တွင် လင်းလင်းထွန်း လင်းလင်းထွန်း မှ ရေးသား

    ချင်းဝိုင်ကို လွန်ခဲ့သောနှစ်များစွာကတည်းက အနောက်နိုင်ငံများတွင် ပြုလုပ်သောက်သုံးနေကြပါတယ်။ လက်ရှိ ဈေးကွက်ထဲတွင် စပျစ်၊ မက်မန်း၊ စတော်ဘယ်ရီ စသောဝိုင်များကို လူကြိုက်များ၍ အဓိကသောက်သုံးကြပါတယ်။ ကျွန်တော်ရေးသားသောချင်းဝိုင်သည် ကျန်းမာရေးကို များစွာအထောက်အကူပြုနိုင်ပြီးအလွယ်တကူပြုလုပ်နိုင်ပါတယ်။ 

​ကျန်းမာရေးအတွက် ချင်းဝိုင်၏အကျိုးပြုပုံ

    ချင်းဟာ လူသားတို့အတွက် များစွာဆေးဖက်ဝင်သော သီးနှံတစ်မျိုးဖြစ်ပါတယ်။ အဓိကအားဖြင့် ပျို့အန်ခြင်း၊ အစာမစားခြင်း၊ ဖျားနာခြင်းနှင့် ကြွက်သားများနာကြင်ခြင်း စတဲ့အစာချေမှုပြဿနာများအတွက် ချင်းဟာ အလွန်အသုံးဝင်ပါတယ်။ 

    ချင်းဝိုင်တွင် အဓိကအားဖြင့် လီမွန်ဓာတ်ပါဝင်ပါတယ်။ လီမွန်သည် ခန္ဓာကိုယ်အတွင်းရှိ ကာဗွန်ဟိုက်ဒြိုတ်ကို ထိန်းညှိပေးနိုင်ပါတယ်။ ၎င်းဟာ ဗီတာမင် စီ၏ အရင်းအမြစ်တစ်ခုလည်း ဖြစ်ပါတယ်။

ချင်းဝိုင်ကို ဘယ်လိုပြုလုပ်မလဲ

ဂျင်းဝိုင်ပြုလုပ်သည့် အချိုးအစား

- ရေ (၃( လီတာ

- ဂျင်း (၄၀၀) ဂရမ်(ဂျင်းကို ပါးပါးလှီးထားရပါမယ်)

- သကြား (၄၀၀) ဂရမ်

- တစေး -ဟင်းခတ်ဇွန်း (၁)ဇွန်း

- သကြား (၁)ဇွန်း (တ​​​စေး နှင့် သကြားကို ဖျော်ရပါမယ်)

- လိမ္မော်ခွံကတော့  အနည်းငယ် (သင့်တင့်ရုံ)

- စပျစ်သီးခြောက် (၂၀၀)ဂရမ်

- လိမ္မော်ရည် (၁/၂) ဇွန်း

ပြုလုပ်နည်း

၁။ ပထမဦးစွာ အခွံနွှာထားသောချင်းကို ပလတ်စတစ်ပုံးထဲတွင် အချဉ်ဖောက်ရပါမယ်။

၂။ လီမွန်(လီမွန်အရည်)အခွံနှင့် စပျစ်သီးခြောက်ကို ထည့်ပေးပါ။

၃။ ရေးနွေးပူ ၂ လီတာကို ၎င်းပုံးထဲသို့ လောင်းထည့်ပေးပါ။

၄။ ပြီးလျှင် ၁ရက်အကြာ ဖုံးအုပ်ပေးထားရပါမယ်။

၅။ (၁ရက်ကြာပြီးနောက်) သကြား၊ လီမွန်ဖျော်ရည်၊ တစေးနှင့် ရေအေးကို လောင်းထည့်ပေးပါ။

၆။ သကြားနှင့် တစေးတို့ ကောင်းစွာပျော်ဝင်နိုင်အောင် အနည်းငယ်မွှေပေးရပါမယ်။

၇။ ပြီးလျှင် အဖုံးပြန်အုပ်၍ ၄ ရက်အကြာ အချဉ်ဖောက်ထားရပါမယ်။

၈။ ပြီးရင်တော့ အဖတ်များကို ဇကာဖြင့်စစ်ထုတ်ပါ။ ကတော့ကိုအသုံးပြု၍ ဒန်မီဂျို့ပုလင်းထဲသို့လောင်းထည့်ပြီး လအနည်းငယ်အကြာ ထားပေးရပါမယ်။

၉။ မိမိကြိုက်နှစ်သက်ရာပုလင်းထဲသို့ ထည့်၍သောက်သုံးနိုင်ပါသည်။

    ချင်းဝိုင်ဟာ စသောက်လိုက်ချင်း ဂျင်းအရသာပူပူလေးနဲ့ ချိုချိုလေး ပြီးမှ လည်ချောင်းထဲရှင်းသွားတဲ့အရသာကို ခံစားရစေပါတယ်။ အိမ်မှာ အလွယ်တကူပြုလုပ်နိုင်ပြီး ကျန်းမာရေးအတွက် များစွာအထောက်အကူပြုသော ချင်းဝိုင်ကို ပြုလုပ်သောက်သုံးစေနိုင်ရန် ရေးသားလိုက်ရပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်