ကြောင်လျှာသီးစားသုံးခြင်း၏ ကျန်းမာရေးအကျိုးကျေးဇူး
ပုံသဏ္ဍာန် -
အပင် - ကြီးထွားမှုမြန်သော အပင်လတ်မျိုးဖြစ်သည်။ ပေ ၃၀ မှ ၄၀ အထိ မြင့်သည်။ အခေါက်ထူသည်။ မီးခိုးစိမ်းရောင်ရှိသည်။ အတွင်းသား အဝါရောင်ရှိသည်။
အရွက် - ရွက်ပေါင်းဖြစ်ပြီး ရွက်ဆိုင်ထွက်သည်။ ရွက်မြွှာများမျက်နှာချင်းဆိုင်ထွက်၍ ရှည်မျောမျော ဘဲဥပုံသဏ္ဍာန်ရှိသည်။ ရွက်ရင်းအနည်းငယ်ဝိုင်း၊ သို့မဟုတ် သွယ်၍ ရွက်ဖျားချွန်သည်။ အကြောထင်ရှားသည်။ ထိပ်ရွက်တစ်ရွက်ပါသည်။
အပွင့် - ခရမ်းရောင်အပွင့်များဖြစ်သည်။ ပန်းခိုင်ရှည်သည်။ ခေါင်းလောင်းပုံရှိပြီး အသားထူသည်။ ပွင့်ညှာရှည်၍ တုတ်သည်။ နယုန်၊ ဝါဆိုတွင် ပွင့်သည်။
အသီး - သီးတောင့်ရှည်ဖြစ်ပြီး အမွှေးကလေးများရှိသည်။ တွဲလျားကျ၍ သီးသည်။ စိမ်းညိုရောင်ရှိသည်။ အတွင်းသားထူသည်။ အစေ့တွင် အတောင်ပါသည်။ တန်ဆောင်မုန်းလတွင် သီးသည်။
မြန်မာနိုင်ငံနေရာအနှံအပြား အမြင့်ပေ ၄၀၀၀ အထိ ပေါက်ရောက်နိုင်သည်။ မြန်မာဆေးကျမ်းများအရ ဖန်ခါးသောအရသာရှိ၍ ပူ၏၊ စပ်၏။ ကြေလွယ်၏ နှုတ်ကိုမြိန်စေ၏ နှလုံး၊ လည်ပင်းကို အကျိုးပြု၏။ ဝမ်းမီးကို တောက်စေသည်။ လေသလိပ်ကို နိုင်သည်။ မြင်းသရိုက်၊ ဝမ်းသက်၊ အဖျား၊ အစားမကြေ၊ နူနာ၊ ပျို့အန်၊ ချောင်းဆိုးရောဂါတို့ကို ပျောက်ကင်းစေနိုင်၍ ခွန်အားကို တိုးပွားစေပါသည်။
အသုံးပြုပုံ -
အခေါက် - ၁။ ကြောင်လျှာအခေါက်မှုန့်ကို ချင်းရည်၊ ပျားရည်တို့နှင့် ရောစပ်လျက်သောက်သော် ပန်းနာချောင်းဆိုးရောဂါ ပျောက်၏။
၂။ အခေါက်မှုန့်ကို ရေနွေးတွင် ၂ နာရီခန့်စိမ်၍ စစ်ပြီး နံနက်ညသောက်သော် အစာမကြေရောဂါ ပျောက်၏။
၃။ ကြောင်လျှာခေါက်ကို ရေစိမ်၍ ၎င်းရေနှင့် ပလုတ်ကျင်းပေးသော် ခံတွင်းခြောက်ကွဲနာ ပျောက်၏။
၄။ သားဖွားပြီး နာကျင်ကိုက်ခဲသည့်ရောဂါ ခေါင်းတစ်ခြမ်းကိုက်ရောဂါများအတွက်လည်း ကြောက်လျှာခေါက်ကိုသုံး၏။
၅။ အမြစ်ခေါက်ကို အဆစ်အမြစ်ကိုက်ဖျားရောဂါ၊ ဝမ်းဖော၊ ဝမ်းရောင်၊ ဝမ်းကိုက်ရောဂါများအတွက် အသုံးပြု၏။
အရွက် - ၁။ကြောင်လျှာရွက်ညှစ်ရေကိုသောက်သော် ဘိန်းဆိပ်သင့်ခြင်းပျောက်၏။
၂။ ကြောင်လျှာရွက်ပြုတ်တို့စားက ဝမ်းမီးကောင်း၏။
အသီး - ၁။ အသီးကို ပြုတ်၍လည်းကောင်း၊ ဖုတ်၍လည်းကောင်း၊ စားခြင်းဖြင့် အစာမကြေ ရောဂါ၊ လည်ပင်းကြီးရောဂါ၊ လေသလိပ်ရောဂါ လေထိုးလေအောင့်ရောဂါနှင့် မြင်းသရိုက် ရောဂါပျောက်၏။ သုပ်စားခြင်းဖြင့် လည်းချောင်းအတွင်း အပူဖုပေါက်သောရောဂါ ပျောက်သည်။
၃။ ကြက်သားနှင့်ချက်စားပါက ပန်းနာရောဂါပျောက်၏။
၄။ ငါးရံ့ဖြင့်ချက်စားက ကာလဝမ်းရောဂါပျောက်၏။ အားကိုဖြစ်စေပြီး အစာမကြေရောဂါ ဝမ်းပျက်ရောဂါပျောက်၏။
၅။ ပုစွန်ဖြင့်ချက်စားက နှလုံးလေရိုက်ရောဂါ၊ နှလုံးတုန်၊ ရင်တုန်ရောဂါ ပျောက်၏။
၆။ ငါးသလောက်ဖြင့်ချက်စားက အဖောရောဂါကိုကျစေ၍ လူကိုဝဖြိုးစေပြီး နှလုံးအားနည်းခြင်းကို ပျောက်စေသည်။
၇။ ငါးမြွေထိုးနှင့် ချက်စားက ဒူလာသွေးဝမ်း မီးယက်သွေးဝမ်းနှင့် မြင်းသရိုက်ရောဂါတို့ကို ပျောက်ကင်းစေသည်။
အမြစ် - အမြစ်ကို သွေး၍ လိမ်းပေးခြင်းဖြင့် အနာဝင် မန်းလိုက်ခြင်း ပျောက်ကင်းသည်။
Source – မြန်မာ့ဆေးဝါးပင်များ
ဆက်စပ်ဆောင်းပါးများ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ယင်ဖြူ အရမ်းများနေပါတယ် ဖြုတ်စိမ်းလဲရှိတယ် Thiamethoxam -20 WDG (10 g) + Lambda Cyhalothrin -5W/ V(15 cc)ဖျန်းပါတယ် ယင်ဖြူ မပျောက်ဘူးဖြစ်နေပါတယ် Abamectin -1.8% W/ V (20cc) လဲဖျန်းပါတယ် ယင်ဖြူ အမြစ်ပျက် နှိပ်နှင်းရန် ဆေးနဲ့ မိုစေ့ ဗိုင်းရပ် ကာကွယ်ဆေးလေးသိချင်ပါတယ်ဗျာ
စည်သူလွင် • ဖြေကြားချက် 1 ခု
မတ်ပဲ ၁၅ .၂၀ရက်သားမှာ ဆာလ်ဖာ၈၀%ပါတဲ့ရွက်ဖျန်းဆေးဖျန်းလို့ရပြီလား ဆာလ်ဖာကို အလူမီနီယမ်မှိုသတ်ဆေးနဲ.ရောဖျန်းလို့ရလား
Sawsamson • ဖြေကြားချက် 2 ခု
စပါးရွက်မာ အမဲစက်များ ရှိနေတာဘာဖစ်လို့လဲ ဘယ်လိုကုသရမလဲဗျ
kyaw khaing oo • ဖြေကြားချက် 1 ခု
မြစ်ကြီးနားမှာမိုးရာသီက မိုးအရမ်းများလို့ ခရမ်စိုက်မယ်ဆိုရင် ဘယ်မျိုးကို စိုက်သင့်လဲ
Wai Linn • ဖြေကြားချက် 1 ခု
စပါးခင်းတွေပိုးကျသက်သာအာင်မြေကိုစိုစွတ်နေတဲ့အတိုင်ရေစိုစွတ်ယုံလောက်ထားမယ်စပါးထွက်စပြုစပါးနှံနိုရေမထည့်ခင်လေး မြေအဲ့လိုထားပြီးစပါးအနှံအောင်တဲ့အချိန်မှဲ့တဲ့ထိထားမယ် အစင်ပြေနိုင်လာ
KO Thiha lin • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ဆီအုန်းနှင့် ကျန်းမာရေးအတွက်စားသုံးဆီ (အပိုင်း-၂)
15/09/2026
More from Green Way
အားလုံး
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....