အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဂျစ်ပဆန်မြေဩဇာဆိုတာ ဖြည့်စွက်မြေဩဇာ

ဂျစ်ပဆန်မြေဩဇာဆိုတာ ဖြည့်စွက်မြေဩဇာ

အားလုံးပဲမင်္ဂလာပါခင်ဗျာ 

    ပုလဲလို့လူသိများကြတဲ့ နိုက်ထရိုဂျင်မြေဩဇာရဲ့ အသုံးဝင်ပုံနဲ့ အကျိုးပြုပုံများကို စိုက်ပျိုးရေးလုပ်ငန်းကိုလုပ်ကိုင်နေကြတဲ့ တောင်သူဦးကြီးတော်တော်များများ သိရှိကြပြီးဖြစ်ပါတယ်။ ယခုအခါမှာတော့ အသုံးများပြီး အသိနည်းကြတဲ့ ဂျစ်ပဆန်မြေဩဇာအကြောင်းကို အကျဉ်းချုပ်ရေးသား‌ ဖော်ပြပေးလိုက်တယ်။ 

    လယ်ယာလုပ်ငန်းကိုလုပ်ကိုင်ခဲ့ကြတဲ့ ကျွန်တော်တို့မြန်မာနိုင်ငံရှိ တောင်သူလယ်သမားအများစုဟာ သွင်းအားစုကုမ္ပဏီကြီးများ၏ကောင်းမှုကို အကြောင်းပြုကာ ၂၀ ရာစုခန့်မှစတင်ကာ ဓာတ်မြေဩဇာများကို ကျယ်ပြန့်စွာ စတင်အသုံးပြုခဲ့ကြပါတယ်၊ အသုံးပြုမှုအများဆုံးသော မြေဩဇာစာရင်းတွင် နိုက်ထရိုဂျင်မြေဩဇာ၊ ကွန်ပေါင်းမြေဩဇာ၊ တီစူပါ ၊ ၁၅ပတ်လည်စသည်ဖြင့် အမျိုးအစားစုံလင်စွာပါဝင်ခဲ့ပါတယ် ။ ရှေးယခင်ကတည်းက ဂျစ်ပဆန်ကို မြေချဉ်ကို ပြုပြင်ရာတွင်သာ အဓိကအသုံးပြုခဲ့ကြပြီး အခြားသောဖြည့်စွက်မြေဩဇာအဖြစ် အသုံးပြုခြင်းမရှိခဲ့ပါဘူး၊ ထို့ကြောင့် သီးနှံရဲ့အထွက်နှုန်းမှာ အချို့သောလယ်ယာမြေများအတွက် နှောင့်နှေးခဲ့စေပါတယ်၊ စာရေးသူ ယနေ့ဖေါ်ပြတဲ့ အောက်ဖေါ်ပြပါအချက်အလက်များက ဂျစ်ပဆန်မြေဩဇာရဲ့အသုံးဝင်ပုံကို သိရှိစေမှာဖြစ်ပါတယ်။

၁။ အပင်အတွက်အဓိကလိုအပ်တဲ့ ကယ်လ်ဆီယမ်နဲ့ ဆာလဖာတို့ ကြွယ်ဝစွာပါဝင်

     အမြစ်ကြီးထွားတဲ့နေရာမှာ အဓိကအခန်းကဏ္ဍကပါဝင်တဲ့ ကယ်လ်ဆီယမ်ကို ဂျစ်ပဆန်မြေဩဇာမှာလည်း လုံလောက်စွာရရှိနိုင်ပါတယ်။  အပင်တွေမှာ ဆာလဖာဓာတ်လည်း လိုအပ်လျှက်ရှိတဲ့အတွက် ဓာတ်မြေဩဇာကုမ္ပဏီကြီးများဟာ ယခုအခါ ဆာလဖာပူးတွဲမြေဩဇာများကို ထုတ်လုပ်နေကြပြီ ဖြစ်ပါတယ်။ မည်သို့ပင်ဆိုစေကာမူ ဂျစ်ပဆန်မြေဩဇာအသုံးပြုခြင်းဖြင့် ကယ်လဆီယမ်ရော ဆာလဖာဓာတ်ကိုပါ အပင်အတွက် သင့်တင့်မျှတစွာ ရရှိစေမှာပဲဖြစ်ပါတယ်။

၂။ မြေချဉ်ကုသခြင်းနှင့် အလူမီနီယမ်လွန်ကဲခြင်းကို လျော့ကျစေခြင်း

    ဂျစ်ပဆန်မြေဩဇာဆိုတာ မြေချဉ်ပြသနာကို ကုသပေးနိုင်တဲ့ တစ်ခုတည်းသော မြေဩဇာအဟာရဖြစ်ပါတယ်။ မြေတွင် များပြားစွာပျော်ဝင်နေတဲ့ အဆိပ်သင့် Heavy Metal အများစုကို ဓာတ်ပြယ်စေတဲ့ သတ္တိရှိပါတယ်။ ဂျစ်ပဆန်ဟာ အပင်တစ်ပင်ရဲ့ အမြစ်ဖွံ့ဖြိုးမှုကို အဓိကထောက်ပံ့ပေးနိူင်တဲ့ အဟာရတစ်မျိုးဖြစ်တဲ့အတွက် အမြစ်နဲ့ မြေအောက်ပိုင်းကို အဓိကစားသုံးရတဲ့ သီးနှံများဖြစ်ကြတဲ့ အာလူး၊ မြေပဲ ၊ ကန်စွန်းဥ စတဲ့ သီးနှံများအတွက် ဖြည့်စွက်အဟာရအဖြစ် သုံးစွဲနိုင်ပါသေးတယ်။

၃။ မြေကြီး၏တည်ဆောက်ပုံနဲ့ အရည်အသွေး တိုးတက်လာစေနိုင်ခြင်း

    ဂျစ်ပဆန်မြေဩဇာ အသုံးပြုလိုက်ခြင်းဟာ မြေကြီးရဲ့ဖွဲ့စည်းတည်ဆောက်ပုံတွေ ပိုမိုကောင်းမွန်လာစေနိုင်တယ်လို့ ဥရောပနိုင်ငံများရှိ စိုက်ပျိုးရေးစာစောင်တွေမှာ အကျယတစ်ဝင့် ဖေါ်ပြကြပါတယ်။ ရွှံ့စေးဆန်တဲ့ မြေကြီးရဲ့ တည်ဆောက်ပုံကို အနည်းငယ်လျော့ရွဲစေပြီး ရေစီးရေလာကောင်းမွန်စေပါတယ်။ မြေကြပ်ခြင်းကို များစွာကြုံတွေ့နေရတဲ့ နေရာများမှာ ဂျစ်ပဆန်ကို မြေခံအဖြစ်အသုံးပြုခြင်းဖြင့် ပိုမိုကောင်းမွန်လာစေတဲ့ စိုက်ပျိုးမြေကို ရရှိလာစေမှာဖြစ်ပါတယ်၊ ထို့ကြောင့် ဂျစ်ပဆန်မြေဩဇာဟာ စိုက်ပျိုးရေးလောကမှာ မြေချဉ်ခြင်း ကုသရုံတင်မကပဲ မြေကြီးရဲ့ ဖြည့်စွက်အဟာရအဖြစ် အသုံးပြုနိုင်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။

ပြည့်ဖြိုးသော် (B.Agr.Sc ,Soil and water science)

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်) 

သန့်ဇင်ဗိုလ်

သန့်ဇင်ဗိုလ်

လွန်ခဲ့သော ၂ နှစ် က

ဂျစ်ပဆန်မြေသြဇာက. သီးနှံမျိုးစုံသုံးလို့ရပါသလားခင်ဗျာ နှမ်း နေကြာ မြေပဲ စပါး ကုလားပဲ စတာတွေပေါ့ဗျာ ဖြေကြားပေးပ့ဦး

Ko Khaing Zin

Ko Khaing Zin

လွန်ခဲ့သော ၅ နှစ် က

ဂျစ်ပဆန် မြေသြဇာက မြေငံကိုကုသတာမဟုတ်ဘူးလား ခင်ဗျ ဆာလ်ဖာကမြေကိုချဥ်စေတာမဟုတ်လားခင်ဗျ ဆရာကြီးဦးဖရက်သိန်းဖေစာအုပ်မှာ မြေငံကိုကုသလို့ရတယ်လို့ပြောတားတယ်ဗျ ဘယ်ဟာက အဖြေမှန်လဲ တောင်သူများအတွက် ကွဲကွဲပြားပြားသိပြစေ အဖြေကိုပြန်လည်ပေးပို့ပေပါခင်ဗျာ

ဦးဝင်းကျော်ထွေး

ဦးဝင်းကျော်ထွေး

လွန်ခဲ့သော ၅ နှစ် က

ကျေးဇူးပါ

မောင်မြင့်ရီ

မောင်မြင့်ရီ

လွန်ခဲ့သော ၅ နှစ် က

ပိန်းနဲသီးကင်းဝင်ချိန်မှာသံုးယင် ထိရောက်မှုအထွက်ကာင်နိုင်သလားဗျ

ဒေါ်ခင်ဇာခြည်

ဒေါ်ခင်ဇာခြည်

လွန်ခဲ့သော ၆ နှစ် က

စပါာစိုက်ပြီး ၁၄ ရက်သားမှာ gypsum ထည့်လို့ရပါသလား

You

ဆက်စပ်မေးခွန်းများ

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 3 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 4 ခု

ကျောက်စိမ်းပဒေသာပါ ဘာဖစ်နေတာလည်းမသိဘူး နွားသေး ဖြန်းရမလား ဘယ်လောက်ထည့်ရမလည်း

နံပတ်2 • ဖြေကြားချက် 1 ခု

မြေပဲ ရက်၂၀ရှိပီ နွားသေး ဆေးဖြန်းပုံး တပုံးကို နှစ်လီတာ ထည့်ဖြန်းလို့ရပါသလား ဘယ်လောက်ထည့်ရမလည်း ဘာတေနဲ့ရောဖြန်းရင် ပိုကောင်းပါသလည်း ဆရာ

နံပတ်2 • ဖြေကြားချက် 4 ခု

Photosynthetic Bacteria (PSB) - အလင်းဖြင့်အစာချက် ဘက်တီးရီးယား ကိုယ်တိုင်လုပ်လို့ရနိုင်သလား

Khing Hein • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။