ကျောက်ကျောအမဲ (ခေါ်) လိပ်သဲ
လူအများသောက်သုံးနေကြတဲ့ မန်ကျည်းဖျော်ရည်၊ ကြံရည်၊ ဆေးကုလားမဖျော်ရည်၊ ဖာလူဒါ၊ နို့အေး၊ ရေခဲသုပ်၊ ရွှေရင်အေး အပြင် သီးသန့်ကျောက်ကျောဖျော်ရည်ဆိုပြီး သောက်ကြတဲ့ အမဲရောင်ကျောက်ကျောလေးတွေက 'ကျောက်ကျောပင်' ကရရှိကြတာဖြစ်ပါတယ်။
ကျောက်ကျောကို မွန်ပြည်နယ်ဘက်တွင် 'လိပ်သဲ' ဟုခေါ်ဆိုကြပြီး ရှမ်းပြည်ဘက်အခေါ်အရ "နမ့်ပင်တူး" ဆိုတဲ့ အပင်ကထုတ်ယူရရှိကြောင်းသိရပါသည်။ ကျောက်ကျော (ခေါ်) လိပ်သဲကို-
အင်္ဂလိပ်အမည်- Grass jelly plant
သိပ္ပံအမည်- Platostoma palustre ဟုသိရပါသည်။
အမဲရောင်ကျောက်ကျောပြုလုပ်နည်းမှာ-
၁။ ကျောက်ကျောပင်(ခေါ်) လိပ်သဲပင်ကို ရေစင်အောင်ဆေးကာ ကြိတ်ချေပြီး ဇကာဖြင့်တိုက်ကာ အရည်အနှစ်ကိုစစ်ယူရပါသည်။ အရည်တွေအကုန်ရအောင် ရေနည်းနည်းလောင်းထည့်ပြီး အရည်ကုန်အောင်ညှစ်ယူရပါသည်။
၂။ ရလာသောကျောက်ကျောအပင်မှအရည်ကို စစ်ယူပြီး အပူပေးကာ ကျိုချက်ရပါသည်။ အရည်အတော်လေးပျစ်လာပြီဆိုလျှင် ကော်မှုန့် (သို့) ဆန်မှုန့်ကိုလောင်းထည့်ပြီး မီးမျှင်းမျှင်းနဲ့ ကျိုရပါသည်။
၃။ ကျိုနေစဉ်မှာ လက်နဲ့အဆက်မပြတ်မွှေပေးနေရပြီး ပျစ်လာပြီဆိုပါက လင်ဗန်းတစ်ခုမှာထည့် အအေးခံပြီး နောက်တစ်ရက်ဆိုထားလို့ရပါပြီ။ (ကော်မှုန့်မပါဘဲ သူ့ချည်းသက်သက်ကျိုလျှင် ကျောက်ကျောမဖြစ်ပါ။ ကော်မှုန့်နဲနဲထည့်မှ ဓာတ်ပြုပြီး ကျောက်ကျောအမဲဖြစ်သည်ဟုသိရပါသည်။)

ကျောက်ကျောအမဲကို ရှမ်းပြည်နယ်နှင့်အထက် ချင်းတွင်းဘက်တွင် သုပ်စားကြပါသည်။ အောက်ပြည်ဘက်တွင် အအေးဖျော်ရည်၊ ဖာလူဒါ၊ ရေခဲသုပ်တို့တွင် ထည့်သွင်းစားသုံးကြပါသည်။

ကျောက်ကျောအမဲ၏ဆေးဖက်ဝင်ပုံ
၁။ အမျှင်ဓာတ် (fiber) ပါဝင်မှုများပြားသဖြင့် အစာချေဖျက်နှုန်းကောင်းမွန်စေပြီး ဝမ်းချုပ်ခြင်းကိုလည်း သက်သာစေပါသည်။
၂။ ကျောက်ကျောပင်မှာပါဝင်တဲ့ Compound တစ်မျိုးက လည်ပင်းနာတာကိုသက်သာစေပြီး ကလေးတွေအတွက် အိမ်သုံးဆေးအနေနဲ့လည်းတိုက်ကျွေးကြပါသည်။
၃။ Black grass jelly ဖြစ်တာမို့ သွေးတွင်း ကိုလက်စထရော (Cholesterol) ကိုလည်းလျှော့ကျစေနိုင်ပြီး သွေးတိုးကိုလည်းထိန်းညှိပေးနိုင်ပါသည်။
၄။ ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်တဲ့ အန်တီအောက်စီးဒန့် (antioxidants) တွေလည်းပါဝင်ပါသည်။
၅။ ပိုပြီးစိတ်ဝင်စားစေတဲ့ နောက်တစ်ချက်က ဝိတ်ကျစေခြင်းဖြစ်သည်။ သွေးတွင်းကယ်လိုရီဓာတ်ကိုလည်း လျှော့ကျစေပြီး သူ့မှာပါဝင်တဲ့ သကြားဓာတ်က လူ့ခန္ဓာကိုယ်အတွက် အင်နာဂျီ အနေနဲ့ပဲ အသုံးပြုပါသည်။
၆။ ငှက်ဖျားဝေဒနာကို သက်သာစေပြီး ရောင်ရမ်းခြင်းကို လျှော့ကျစေပါသည်။
၇။ နှလုံးနဲ့ပတ်သက်တဲ့ ရောဂါများကိုလည်း သက်သာစေပါသည်။
၈။ ဆီးချိုရောဂါအတွက်လည်းအကျိုးပြုပါသည်။
၉။ ကိုယ်ခံအားကိုလည်း တိုးပွားစေပါသည်။
၁၀။ ဝမ်းပျက်၊ ဝမ်းလျှောခြင်းကိုလည်း သက်သာစေပါသည်။
ဒါ့ကြောင့် အကျိုးများပြားလှပြီး အဖိုးနဲတဲ့ ကျောက်ကျောဖျော်ရည်ကို မကြာခဏသောက်သုံးသင့်ပါတယ်။
ဗဟုသုတအနေဖြင့် ပင်လယ်ကထွက်တဲ့ ရေမှော်ကျောက်ကျော လည်းရှိကြပါသည်။ ထိုကျောက်ကျောမှာ ပင်လယ်ရေမှော် (red algae or brown algae) မျိုးစိတ်တစ်မျိုးကနေ ထုတ်လုပ်ခြင်းဖြစ်ကြောင်း သိရပါတယ်။
ပင်လယ်ပြာ (ငါးဦးစီး)
ဆောင်းပါးများ/သတင်းများ ပြန်လည်းကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဖြိုးအောင်
လွန်ခဲ့သော ၃ နှစ် ကမာအောင်ဘယ်လို့လုပ်မလဲ မမာဖဲ ပျော့နေလို့
ဆက်စပ်ဆောင်းပါးများ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
ဆက်စပ်မေးခွန်းများ
ဆရာတို့ခင်ဗျာ အောက်ကပုံက အရင်နေ့ကမှိုကျလို့မေးထားတဲ့ပုံပါခင်ဗျာ ဆရာတို့ပြောသလို မှိုဆေးသုံးထားပြီးပါပြီ မြေဩဇာအနေနဲ့ ပိုတက်သုံးရမလား ဘာမြေဩဇာသုံးရပါမလဲခင်ဗျာ ဘယ်နှစ်ရက်လောက်ကြာရင်သုံးရမလဲနဲ့ တစ်ဧကကိုဘယ်လောက်နှုန်းနဲ့ သုံးရပါမလဲ ဖြေပေးပါအုံးခင်ဗျာ
U San • ဖြေကြားချက် 3 ခု
စပါးဆစ်ပိုးကိုဘယ်လိုကာကွယ်ရမလဲ နောက်ပြီးဖလံဥမြုံနဲ့ဖလံကောင်များကိုအထိရောက်ဆုံးနိမ်နင်းပေးနိုင်မဲ့ဆေးတေကိုညွန်ပေးပါအုံး
Htun Aung Zaw • ဖြေကြားချက် 1 ခု
ပုံပါ ပိုးက ဒူးရင်းပင် ပင်စည် အပြင်ခွံတွေ ကိုက်စားနေလို့ပါ ကာကွယ်နှိမ်နင်း နိုင်မည့် ဆေးညွန်းပေးပါဦးခင်ဗျ
ချိုကြီး • ဖြေကြားချက် 3 ခု
မင်းဧရာစပါးအစေ့ကအညိုရောင်လေးတွေဖြစ်ပြီးအပိန်လေးတွေဖြစ်နေလို့ဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
ပိုးလားမှိုလားခင်ဗျ ပိုးဆေးကအာဘာမက်တင် ပရိုဖီနိုဖော့ဖြန်းထားပါတယ်ခင်ဗျမှိုဆေးကတော့ကော့ပါး +ကာဇူကာမိုင်ဇင်သုံးထားပါတယ် အမိုင်နိုပါတဲ့အားဆေးကိုပိုးဆေးးနဲ့တွဲပြီးဖြန်းထားပါတယ်ခင်ဗျ အဆင်ပြေမဲ့ဆေးနဲ့လိုအပ်ချက်တွေညွန်းပေးပါအုံးခင်ဗျ
ခင်ဇော်ဝင်း • ဖြေကြားချက် 4 ခု
နောက်ဆုံး ဆောင်းပါးများ
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
14/09/2026
မီးတောင်ပေါက်ကွဲမှုနောက်ကွယ်က စိုက်ပျိုးရေးအကျိုးကျေးဇူး
14/09/2026
အိန္ဒိယဝယ်လိုအားကြောင့် ပို့ကုန်ပဲအချို့ဈေးလှုပ် (တစ်ပတ်စာဈေးကွက်သုံးသပ်ချက်)
14/09/2026
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
11/09/2026
သီးလှည့်စိုက်ပျိုးခြင်းဖြင့် ရေရှည်အကျိုးအမြတ်ရယူနည်း
11/09/2026
More from နှင်းဖြူဖြူ
အားလုံး
ကွက်ဆန်း ဂုံးကောင် သို့မဟုတ် ပြောက်ကျားဂုံး၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
09/09/2026
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....