ကိုယ်တိုင်ပြုလုပ် ဩဂဲနစ် ရွက်ဖျန်းအားဆေးအချို့
ဩဂဲနစ်စိုက်ပျိုးရေးတွင် ပဲဖတ်၊ နှမ်းဖတ်၊ နွားချေး နှင့် ငါးစွန့်ပစ်ပစ္စည်းတို့ကို အချဉ်ဖောက်ကာ ရွက်ဖျန်း မြေဩဇာပြုလုပ်ပြီး အပင်ကြီးထွားမှုကောင်းရန်နှင့် အထွက်တိုးရန် အပင်အားဆေးအဖြစ် သုံးစွဲကြသည်။ ယခုအခါ ခိုင်တိုစန်ကဲ့သို့သော အစွမ်းထက်သည့် ဩဂဲနစ်အာဟာရများ၊ သဘာဝဆေးဘက်ဝင် အပင်များမှ ထုတ်လုပ်ထားသော အပင်အားဆေးများ၊ သီးနှံကာကွယ်ဆေးများကို ရွက်ဖျန်းမြေဩဇာအဖြစ် ပြည်တွင်းမှာပင် ဈေးနှုန်းသက်သာစွာဖြင့် ထုတ်လုပ်ရောင်းချနေသည်ကို တွေ့ရပါသည်။
မိမိကိုယ်တိုင် ဖော်စပ်ပြုလုပ်နိုင်သော အပင်အားဆေးအချို့ကို ဖော်ပြပေးလိုက်ပါသည်။
နွားနို့ချဉ်ရည်ပြုလုပ်နည်း
(အပင်အားဆေး/ မှိုရောဂါကာကွယ်ရန်)
ပါဝင်ပစ္စည်းများ
နွားနို့ - ၁၀ ဆ
ဆန်ဆေးရည် - ၁ ဆ
ဆန်ဆေးရည်ကိုမြေအိုး၏ သုံးပုံတစ်ပုံသာထည့်၍ (၇) ရက်အနယ်ထိုင်ပြီးအလယ်အရည်ကြည်ကိုယူပါ။ ၎င်းရေ (၁) ဆကိုနွားနို့ (၁၀)ဆ နှင့်ရော၍ မြေအိုးထဲသို့ ထည့်ပြီး (၇) ရက်နေပါက အလယ်ရေကြည်ကိုယူ၍ အသုံးပြုနိုင် ပါသည်။ မြေအိုးထဲထည့်ရာတွင် မြေအိုး၏ သုံးပုံနှစ်ပုံသာထည့်ပြီး သုံးပုံတစ်ပုံကို လေဟာနယ် ထားပါ။ မြေအိုးများကိုစက္ကူဖြင့် လေလုံအောင်ဖုံးပြီး အရိပ်အောက်တွင်သာ ထားရပါမည်။ ချက်ခြင်းဖျန်းပါက တင်လဲရည် နှင့် ရောရန်မလိုပါ။ တာရှည်ထားလိုပါက တင်လဲရည်နှင့် ဆတူရောထားနိုင်သည်။ နို့ချဉ်ရည်ကိုရေနှင့် အဆ ၁၀၀ ရောပြီး အပင်ပေါ်နှင့် အပင်ခြေမြေပေါ် ဖျန်းနိုင်ပါသည်။ မြေဆွေးလုပ်ရာတွင် ထည့်သုံးက ဆွေးမြေ့မှုမြန်ပြီး မြေဆွေးအရည်အသွေး ပိုကောင်းစေပါသည်။ မြေပြုပြင်ရာတွင်လည်းသုံးနိုင်ပါသည်။
သစ်သီးအချဉ်ဖေါက်ရည် (Fermented Fruit Juice)
စွန့်ပစ်မည့်သစ်သီးနုလေးများ၊ အမှဲ့လွန်အသီးများကို တင်လဲရည်ဖြင့် ဆတူ ရောနယ်ပြီးမြေအိုး/ ပလတ်စတစ်ပုံး ထဲတွင် အိုး၏ သုံးပုံနှစ်ပုံထည့်၍ စက္ကူဖြင့် လေလုံအောင်ဖုံးပါ။ အသီးများကို ရေမဆေးအခွန်မခွာဘဲ ၂ လက်မ ခန့် အပိုင်းလေးများဖြစ်အောင် စဉ်းပြီးထည့်ပါ။ (၁၅) ရက်ကြာလျှင် အသုံးပြုနိုင်သည်။ တစ်လခန့်ထားလျှင် ပိုကောင်းပါသည်။ အင်ဇိုင်းများနှင့် ဘီတာမင်များပါသောကြောင့် အသီးတင်စေသော အားဆေးအဖြစ် သုံးနိုင်ပါ သည်။ သင်္ဘောသီး၊ ငှက်ပျောသီး၊ ရွှေဖရုံသီးအမှည့်များဆိုလျှင် ပိုကောင်းပါသည်။
ကုက္ကိုသီး ရွက်ဖျန်းမြေဩဇာ
ပါဝင်သောပစ္စည်း
- ကုက္ကိုသီးကြိတ်ဖတ် ၁၀ ပိဿာ
- ထန်းလျှက် (သို့မဟုတ်) တင်လဲရည် ၁ ပိဿာ
- ရေ ၃၀ ဂါလန်
- ငါးအမိုင်နိုအက်စစ် ၁ လီတာ (ရေသန့်ဘူးတစ်ဘူး)
ငါးအမိုင်နိုအက်စစ် မရှိပါက ပုလဲမြေဩဇာ နို့ဆီဘူးတစ်ဝက်ခန့် ထည့်ပါ။ သို့သော် ဓါတုပစ္စည်းပါသဖြင့် ဩဂဲနစ် စိုက်ခင်းတွင် သုံးမရပါ။ ဓါတုပစ္စည်းအနည်းငယ်သုံးသော ဂျီအေပီစိုက်ခင်းတွင် သုံးနိုင်ပါသည်။ တစ်လကြာ စိမ်ပြီးသုံးပါ။ အပင်ကြီးထွားမှု အားကောင်းစေပြီး အသီးတင်မှုကောင်းကြောင်း တွေ့ရသည်။
ကုက္ကိုသီးကို ထုထောင်းရေစိမ်ပြီး မြေဆွေးပြုလုပ်ရာတွင် ထန်းလျှက်ကို တင်လဲရည်အစားသုံးနိုင်ပါသည်။ ကုက္ကိုသီး၏ အာနိသင်များကို စာရေးသူကိုယ်တိုင် ဂျုံသီးနှံတွင် သုတေသနပြုတွေ့ရှိဘူးပါသည်။
အထက်ပါ အပင်အားဆေးများကို ရေအဆ (၁၀၀) မှ (၅၀၀) ထိရောပြီး (၇) ရက်ခြားတစ်ကြိမ် ဖျန်းနိုင်ပါသည်။ အားဆေးအမျိုးမျိုးကို ရောဖျန်းနိုင်ပါသည်။ ပဲဖတ်၊ နှမ်းဖတ်၊ နွားချေးတို့ဖြင့်လည်း ပြုလုပ်နိုင်ပါသည်။
လက်ခြားရွက်ဖျန်းဆေး (Borax, Na2B4O7.10H2O)
ရေ (၄) ဂါလန် / (၁၀ ပိဿာ) လျှင် အမှုန့်ကြိတ်ပြီး လက်ခြားနှစ်ကျပ်ခွဲသားထည့်ဖျော်၍ အပင် ၁၅ ရက်သားမှ စ၍ ၁၀ ရက်ခြား သုံးကြိမ်ဖျန်းပါ။ ရေကိုအနည်းငယ်အပူပေး (ကြက်သိမ်းနွေးခန့်ပူအောင်) ၍ ဖျော်ရမည်။ လက်ခြားနှင့် ရေအချိုးသည် ၂၅-၂၈%ခန့်ဖြစ်သည်။ တစ်ဧက ဆေးဖျန်းပုံး (၆) ပုံးခန့်ဖျန်းပါ။ ပဲအထွက်ကို သိသာစွာ တိုးစေပါသည်။ လက်ခြားတွင် အပင်အနည်းလိုအာဟာရ ဘိုရွန်ပါဝင်ပြီး ပရေးဆေးဆိုင်များတွင် ဝယ်ယူနိုင်ပါသည်။ ဘိုရွန်သည် ပဲမြစ်ဖုမှ နိုက်ထရိုဂျင် ဖမ်းယူပေးနိုင်စွမ်းအားကို တက်စေသောကြောင့် ပဲအထွက်တိုးခြင်းဖြစ်ပါသည်။ လက်ခြားတွင် ဘိုရွန် ၁၁.၃% ပါဝင်ပါသည်။
ယမ်းစိမ်း (Potassium nitrate, KNO3)
အပင်တွင် နိုက်ထရိုဂျင်ဓာတ်ဖြစ်စေ၊ ပိုတက်ဆီယမ်ဓာတ်ဖြစ်စေ လိုအပ်ပါက ယမ်းစိမ်းကို ဝ.၁ % မှ ၁% ရေဖြင့် ဖျော်၍ ဆေးဖျန်းပုံးဖြင့်ဖျန်းလျှင် ဓါတ်များကို အပင်မှချက်ချင်းရရှိပြီး ပြန်ကျန်းမာလာနိုင်ပါသည်။ နိုက်ထရိုဂျင် ချို့တဲ့၍ အောက်ရွက်များဝါလာပါက ထိုသို့ဖျန်းလျှင် အလျှင်အမြန် ပြန်စိမ်းနိုင်ပါသည်။ ယမ်းစိမ်းတွင် N 13 % နှင့် K 44% ပါဝင်ပါသည်။
Source - ဩဂဲနစ်တောင်သူလက်စွဲစာအုပ် ပါမောက္ခဒေါက်တာမြင့်လွင်
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ကိုယ်တိုင်လုပ် အပင်အားဆေးများ
သက်ပိုင်
လွန်ခဲ့သော ၄ နှစ် ကစပါးရောဖျန်လိုရလား
swe oo
လွန်ခဲ့သော ၄ နှစ် ကရေရောရသေးလား
swe oo
လွန်ခဲ့သော ၄ နှစ် ကသကြားထည့်ရင် အရည်လုပ်ပီးမှထည့်ရတာလား
ဦးလှဌေး
လွန်ခဲ့သော ၄ နှစ် ကz
ဦးအေးမင်းဇော်
လွန်ခဲ့သော ၄ နှစ် ကကုက္ကိုမှာပါဝင်သောဓာတ်
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 3 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 4 ခု
ကျောက်စိမ်းပဒေသာပါ ဘာဖစ်နေတာလည်းမသိဘူး နွားသေး ဖြန်းရမလား ဘယ်လောက်ထည့်ရမလည်း
နံပတ်2 • ဖြေကြားချက် 1 ခု
မြေပဲ ရက်၂၀ရှိပီ နွားသေး ဆေးဖြန်းပုံး တပုံးကို နှစ်လီတာ ထည့်ဖြန်းလို့ရပါသလား ဘယ်လောက်ထည့်ရမလည်း ဘာတေနဲ့ရောဖြန်းရင် ပိုကောင်းပါသလည်း ဆရာ
နံပတ်2 • ဖြေကြားချက် 4 ခု
Photosynthetic Bacteria (PSB) - အလင်းဖြင့်အစာချက် ဘက်တီးရီးယား ကိုယ်တိုင်လုပ်လို့ရနိုင်သလား
Khing Hein • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from Green Way
အားလုံး
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026