ပင်မှည့်သီးတွေအထွက်တိုးအောင် ဘယ်လိုလုပ်ဆောင်ကြမလဲ?

12/03/2020 12:30 PM တွင် ထွန်းရာဇာ ထွန်းရာဇာ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    အရင်ဆောင်းပါးမှာတုန်းက ပင်မှည့်သီးစိုက်ပျိုးနည်းကို သိရှိကြပြီဆိုတော့ အခုခါမှာတော့ ပင်မှည့်သီးတွေ အထွက်တိုးအောင် ဘယ်လိုလုပ်ဆောင်ကြမလဲဆိုတာကို ပြောပြပေးချင်ပါတယ်ဗျ။

၁။ စိုက်ပျိုးဖို့ရွေးချယ်တဲ့ မြေနေရာက ရေဆင်းကောင်းတဲ့မြေဖြစ်ရပါမယ်။ သဘာဝမြေဆွေးတွေ ကောင်းကောင်းကြွယ်ဝနေဖို့လည်း လိုပါတယ်။

၂။ ကိုင်းကူးယူခြင်းနည်းနဲ့ မျိုးပွားယူထားတဲ့ အပင်တွေဖြစ်ရင် အထွက်နှုန်းပိုကောင်းနိုင်ပါတယ်။ လက်ခံပင်ကို ဒေသနဲ့ကိုက်ညီတဲ့မျိုးကို ရွေးချယ်ပြီး အပေါ်ပိုင်းကိုတော့ စျေးကွက်မှာ ပေါက်မယ့်အသီးမျိုးကို ရွေးချယ်နိုင်တာကြောင့်ဖြစ်ပါတယ်။ (မျိုးတွေအကြောင်းကိုတော့ ပင်မှည့်သီးစိုက်ပျိုးနည်းဆောင်းပါးမှာ ဖော်ပြခဲ့ပြီးဖြစ်ပါတယ်)

၃။ ခေါင်နှိမ်ပေးရပါမယ်။

၄။ ပင်မပင်စည်နွယ်ကို နှစ်ကိုင်းလောက်ရအောင် ထားရပါမယ်။

၅။ နှစ်ရှည်ပင်ဖြစ်တာမို့ ခူးဆွတ်ချိန်ပြီးတိုင်း ကိုင်းချိုင်ခြင်း(ဘေးထွက်နွယ်ကိုင်းများ)၊ အရွက်သင်ခြင်း စတဲ့ပြန်လည်ပြုစုခြင်းတွေကို ပြုလုပ်ရပါမယ်။

၆။ အစိုဓာတ်နဲ့ မြေဆီသြဇာဆုံးရှုံးမှုကို လျော့ချနိုင်အောင် မြေဖုံးစိုက်ပျိုးခြင်းတွေ လုပ်ရပါမယ်။

၇​။ ပင်ခြားဝတ်မှုန်ကူးတဲ့ အပင်ဖြစ်တာကြောင့် စိုက်ခင်းထဲမှာ ပျားတွေရှိသင့်ပြီး ပျားမွေးမြူရေးပါတွဲလုပ်ရင် ပိုအကျိုးမြတ်ရနိုင်ပါတယ်ဗျ။

၈။ နှစ်ရှည်သီးပင်ဖြစ်တာကြောင့် အာဟာရကျွေးရာမှာ ဘက်ပေါင်းစုံနည်းတွေကို အသုံးပြုတတ်ရပါမယ်။

၉။ သီးထိုးယင်ရဲ့ ရန်ကို အတတ်နိုင်ဆုံးကာကွယ်ရပါမယ်။

    ဒီအချက်တွေကို ဂရုပြုလုပ်ဆောင်မယ်ဆိုရင်တော့ အထွက်နှုန်းကောင်းမွန်တဲ့ ပင်မှည့်သီးစိုက်ပျိုးရေးကို လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ကျန်းမာရေးအရကောင်းမွန်ပြီး ဖျော်ရည်အနေနဲ့ အသုံးပြုမှုများတာကြောင့် စီးပွားဖြစ်စိုက်ပျိုးတဲ့အခါ သတိထားသင့်တဲ့အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ထွန်းရာဇာ 

Source - https://www.krishisewa.com/articles/production-technology/531-passion-fruit.html

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်