အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကြောင်လျှာပင် ဘယ်လိုပျိုးမလဲ

ကြောင်လျှာပင် ဘယ်လိုပျိုးမလဲ

    ကြောင်လျှာပင်က ပင်ပျော့ဖြစ်လို့ လိင်မဲ့မျိုးပွားခြင်းနည်းနဲ့ အမြဲတမ်းလုပ်လို့ အဆင်မပြေလှပါဘူး။ အကောင်းဆုံးနည်းကတော့ အစေ့ကနေ အပင်ဖောက်ပြီးစိုက်ခြင်းပဲ ဖြစ်ပါတယ်။ စိုက်ဖို့အတွက်ဆိုရင်တော့ ရင့်နေတဲ့အသီးကနေ အစေ့ကိုယူရပါမယ်။ အဲ့အစေ့ကို ၂ လမှ ၃ လကြာ သိမ်းထားရပါမယ်။ ဘာလို့သိမ်းထားရတာလည်းဆိုတော့ ကြောင်လျှာသီးတွေက ရင့်ပြီးတဲ့နောက်မှာ အချိန်ခဏလောက် dormancy (မျိုးစေ့အောင်း/ မျိုးစေ့ငုပ်လျှိုးကာလ) ဝင်တတ်လို့ပါ။ အသီးရင့်ပြီးပြီးချင်းမှာသာ မျိုးစေ့ယူပြီး ချက်ချင်းစိုက်ခဲ့မယ်ဆိုရင် မျိုးစေ့အောင်နှုန်း နိမ့်ကျသွားမှာ ဖြစ်ပါတယ်။ 

    ၂ လ ၃ လ ကြာပြီးတဲ့နောက်မှာတော့ မျိုးယူထားတဲ့အစေ့ကို ပျိုးအိတ်ထဲမှာ ထည့်စိုက်ရမှာဖြစ်ပါတယ်။ ဘာလို့ဆို အပင်ပေါက်လာတဲ့အခါ စိုက်မယ့်နေရာဆီသို့ အလွယ်တကူ ပြောင်းစိုက်နိုင်စေဖို့ပဲ ဖြစ်ပါတယ်။ မျိုးစေ့ထည့်ထားတဲ့ပျိုးအိတ်ကို နေပူထဲမထားသင့်ပါဘူး။ နေပူထဲမှာသာ ၂ ရက် ၃ ရက်လောက် ထားခဲ့မယ်ဆိုရင် အစေ့ကခြောက်ပြီး အပင်ပေါက်လာနိုင်မှာ မဟုတ်တော့ပါဘူး။ ပျိုးအိတ်ပြင်ဆင်ဖို့အတွက် မြေကို သဘာဝမြေဩဇာတွေ မြေဆွေးတွေ တိရိစ္ဆာန်ချေးတွေ အစရှိတာတွေနဲ့ရောပြီး သေချာပြင်ဆင်ထားပေးရပါမယ်။ တကယ်လို့ အဲ့လိုသေချာပြင်ဖို့မရှိခဲ့ရင်တော့ မြေကြီးတစ်ဆ မြေဆွေး ၃ ဆနဲ့ရောပြီး ပျိုးအိတ်ထဲထည့်ရပါမယ်။ ပြီးရင်တော့ မျိုးစေ့ကိုသေချာထည့်ပြီး ပြန်ဖုံးပေးရပါမယ်။ ရေကိုတော့ အညှောင့်မထွက်မချင်း နေ့တိုင်းလောင်းပေးရပါမယ်။ အညှောင့်ပေါက်ပြီး အပင်သေချာကြီးထွားနေပြီဆိုရင်တော့ ကိုယ်စိုက်ချင်တဲ့နေရာ ဒါမှမဟုတ် စိုက်ခင်းကို ပြောင်းရွှေ့စိုက်ပျိုးနိုင်ပါပြီ။

    ပြောင်းရွှေ့စိုက်ပျိုးခြင်းကိုတော့ မိုးရာသီအစောပိုင်းကာလတွေမှာ ပြုလုပ်တတ်ကြပါတယ်။ ပင်ကြားတန်းကြားကိုတော့ ၄ မီတာပတ်လည်ထားပြီး စိုက်ပျိုးနိုင်ပါတယ်။ စိုက်ကျင်းကိုတော့ ၃၀ စင်တီမီတာအကျယ်၊ ၃၀ စင်တီမီတာအနက်ရှိတဲ့ ကျင်းတူးပေးရမှာ ဖြစ်ပါတယ်။ အဲ့ဒီ စိုက်ကျင်းထဲကို လက် ၃ ဆုပ်ကနေ ၅ ဆုပ်စာ နွားချေးဆွေးနဲ့ ၁၅ပတ်လည် လက်တစ်ဆုပ်စာတို့ကို ထည့်ပေးရပါမယ်။ ပြီးရင်တော့ မြေကြီးနဲ့ ရောပစ်ရမှာဖြစ်ပါတယ်။ ရောပြီးသွားရင်တော့ ပျိုးပင်ကို ကျင်းထဲထည့်ပြီး စိုက်ပေးရမှာ ဖြစ်ပါတယ်။

    မိုးရာသီမှာ ပြောင်းစိုက်ထားတာမလို့ ကြောင်လျှာပင်ပေါက်ဟာ အများကြီး ပြုစုစရာမလိုဘဲ ကောင်းကောင်းကြီးထွားနိုင်ပါတယ်။ တကယ်လို့ ခြောက်သွေ့တဲ့ရာသီတွေ ဖြစ်နေရင်တောင်မှ ရှင်သန်နိုင်စွမ်းရှိပါတယ်။ စီးပွားဖြစ်စိုက်မယ်ဆိုရင်တော့ နွားချေးထည့်တာတွေကို ပေါင်းရှင်းရင်းနဲ့ လုပ်ပေးနိုင်ပါတယ်။ ဓာတုမြေဩဇာတွေ ကျွေးချင်ရင်လည်း ကျွေးနိုင်ပါတယ်။ ပြောင်းမစိုက်ခင်ကတည်းက မြေခံမှာ ၁၅ ပတ်လည် ထည့်ပြီးသားမို့ အထွေအထူး ထပ်မထည့်လည်းရပါတယ်။ ။

Reference: https://plantforherb.com/oroxylum-indicum/

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

4
အောင်

အောင်

လွန်ခဲ့သော ၃ နှစ် က

ကြောင်လျှာချိုအကြောင်းတင်ပေးပါ

အောင်

အောင်

လွန်ခဲ့သော ၃ နှစ် က

ပျိုးပင်မလိုဘူး

Zezawar

Zezawar

လွန်ခဲ့သော ၅ နှစ် က

ပျိုးပင်ကို ပြောင်းစိုက်ပြီးသွားလို့။​၁၅ပတ်လည်မထည့်လိုက်ရဘူးရှင့်။ခုမှထည့်လို့ရသေးလားရှင့်

NyinechanLin

NyinechanLin

လွန်ခဲ့သော ၅ နှစ် က

hi

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ

U Yan • ဖြေကြားချက် 4 ခု

ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ

U Yan • ဖြေကြားချက် 3 ခု

GW11စပါးအနှံမှာအမဲရစ်ပါလာတာဘာလိုအပ်လို့‌ပါလဲ‌ေြဖ‌ေပးအုန်းပါဗျ

မင်မင်း • ဖြေကြားချက် 1 ခု

ငွေတိုးစပါးသက်၂လကေျာ်ပီ လက်သဲစောင်းပေါင်းသတ်ဆေးဖျန်းလို့ရသလားခင်ဗျ ေဖြကြားပေးကြပါဦးဆရာများခင်ဗျာ။

yan Naing Htwe • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။