အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
သိထားသင့်သမျှ သွေးတိုးရောဂါအကြောင်း

သိထားသင့်သမျှ သွေးတိုးရောဂါအကြောင်း

ThawZin
ThawZin 23/08/2021

သွေးတိုးတယ်ဆိုတာဘာလဲ?

    သွေးများဟာ ရေမော်တာတစ်လုံးကဲ့သို့ လုပ်ဆောင်ပေးသော နှလုံးရဲ့ညှစ်အားဖြင့် ခန္ဓာကိုယ်တစ်ခုလုံးသို့ လှည့်ပတ်နေတာဖြစ်ပါတယ်။ နှလုံးမှ အားတစ်ခုနဲ့ ပို့လွှတ်လိုက်တဲ့သွေးတွေဟာ သွေးလွှတ်ကြောတွေထဲသို့ တွန်းကန်ဝင်ရောက်လာရပါတယ်။ သွေးလွှတ်ကြောများထဲသို့ အားတစ်ခုနဲ့ တွန်းကန်ဝင်ရောက်လာတဲ့ ရောက်ရတဲ့ သွေးဖိအားပမာဏတိုင်းတာခြင်းကို သွေးပေါင်ချိန်လို့ ခေါ်ပါတယ်။ ပုံမှန်ရှိရမယ့် သွေးဖိအားပမာဏထက် ပိုပြီးမြင့်တက်လာတဲ့အခါ သွေးတိုးတယ်လို့ ခေါ်ပါတယ်။ သွေးကြောများကျဉ်းပါက သွေးဖိအားကို ပိုပြီးမြင့်တက်စေပါတယ်။ အချိန်ကြာလာတဲ့အခါ သွေးဖိအားများခြင်းဟာ ရောဂါလက္ခဏာတွေမပြသဘဲနဲ့တောင် သင့်ရဲ့သွေးကြာတွေနဲ့ ဦးနှောက်၊ နှလုံး၊ မျက်စိ၊ ကျောက်ကပ်ကဲ့သို့ အင်္ဂါအစိတ်အပိုင်းတွေကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် သွေးတိုးခြင်းကို စောစီးစွာသိရှိဖို့ အရေးကြီးပါတယ်။ 

သွေးတိုးရောဂါကို ဘာကဖြစ်စေတာလဲ?

    သွေးတိုးရောဂါကို နှစ်မျိုးနှစ်စားခွဲခြားနိုင်ပြီး နှစ်မျိုးလုံးဟာ ဖြစ်ပေါ်စေတဲ့အကြောင်းရင်းတွေကွဲပြားပါတယ်။ 

ပထမအမျိုးအစားသွေးတိုးရောဂါ

    လူအများစုဟာ ပထမအမျိုးအစားသွေးတိုးရောဂါကို ခံစားနေရပါတယ်။ ဖြစ်စေတဲ့အကြောင်းအရင်း တိကျမှုမရှိပေမယ့် သိပ္ပံပညာရှင်တွေကတော့ ဖြစ်နိုင်ခြေရှိတဲ့အချက်တွေ ဖော်ထုတ်ထားပါတယ်။ 

မျိုးရိုးဗီဇ

    မျိုးဗီဇလက္ခဏာချို့ယွင်းမှုကြောင့် မိဘမျိုးရိုးစဉ်ဆက်တစ်ခုလုံး ရောဂါလက်ဆင့်ကမ်းသယ်ဆောင်လာတာမျိုး ဖြစ်နိုင်ပါတယ်။ 

ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှု

    ခန္ဓာကိုယ်မှာ ပြောင်းလဲမှုတစ်ခုဖြစ်လာတဲ့အခါ ပြဿနာအချို့ ရင်ဆိုင်ရတတ်ပါတယ်။ သွေးတိုးခြင်းဟာ ထိုပြဿနာတွေထဲကတစ်ခု ဖြစ်နိုင်ပါတယ်။ ဥပမာ - အသက်အရွယ်ကြီးရင့်လာမှုကြောင့် ကျောက်ကပ်အားနည်းပြီး ခန္ဓာကိုယ်မှ ဆားနဲ့ ရေဓာတ်တွေ မထိန်းချုပ်နိုင်တော့ဘဲ သွေးတိုးတာမျိုး ဖြစ်တတ်ပါတယ်။

ပတ်ဝန်းကျင်ကြောင့်

    ကျန်းမာရေးနဲ့မညီညွတ်တဲ့ စားသောက်မှုပုံစံနဲ့ ကိုယ်လက်လှုပ်ရှားမှုနည်းတာတွေက ကိုယ်အလေးချိန်တိုးလာစေပြီး သွေးတိုးရောဂါဖြစ်နိုင်ချေတွေကို မြင့်တက်စေပါတယ်။

ဒုတိယအမျိုးအစားသွေးတိုးရောဂါ

    ဒုတိယအမျိုးအစားဟာ ပထမအမျိုးအစားထက် ပိုပြီးပြင်းထန်ကြောက်စရာကောင်းပါတယ်။ ဒုတိယအမျိုးအစားသွေးတိုးရောဂါကို ဖြစ်ပေါ်စေတဲ့အကြောင်းအရင်းတွေကတော့

- ကျောက်ကပ်ရောဂါ

- အိပ်နေစဉ် အသက်ရှုလမ်းကြောင်းပိတ်ခြင်း

- မွေးရာပါ နှလုံးရောဂါ

- လည်ပင်းမှာရှိတဲ့ သိုင်းရွိုက်ဂလင်း ပြဿနာများ

- ဆေးဝါးအချို့မှီဝဲခြင်းကြောင့် ဘေးထွက်ဆိုးကျိုးများ

- မူးယစ်ဆေးဝါးသုံးစွဲမှုများ

- အရက်အလွန်သောက်သုံးခြင်း

- ကျောက်ကပ်အပေါ်မှာရှိတဲ့ အဒရီနယ်ဂလင်း ပြဿနာများ

- ခန္ဓာကိုယ်ရဲ့ ဟော်မုန်းစနစ်ပြဿနာများ

သွေးတိုးခြင်းရဲ့ ရောဂါလက္ခဏာတွေ

    သွေးတိုးရောဂါဟာ များသောအားဖြင့် ရောဂါလက္ခဏာမပြတတ်ဘဲ တိတ်ဆိတ်စွာရှိနေတတ်ပါတယ်။ နှစ်တွေအများကြီးကြာပြီး ရောဂါလက္ခဏာတွေထင်ရှားလာမှ သိကြရတာများပါတယ်။ ထိုအခါမှ ခေါင်းကိုက်ခြင်း၊ အသက်ရှူမဝခြင်း၊ နှာခေါင်းသွေးလျှံခြင်း၊ ခန္ဓာကိုယ် နီရဲပူလောင်လာခြင်း၊ မူးဝေခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အမြင်အာရုံဝေဝါးခြင်း၊ ဆီးထဲသွေးပါခြင်း အစရှိတဲ့ ပြင်းထန်လက္ခဏာတွေအဖြစ် ပေါ်ထွက်လာပါတော့တယ်။ ဒီလိုတွေဖြစ်လာရင် ပေါ့ပေါ့ဆဆမနေသင့်ပဲ ချက်ချင်းကုသမှုလိုအပ်ပါတယ်။ အထူးသဖြင့် မိသားစုဝင်မျိုးရိုးထဲမှာ နှလုံးရာဂါ၊သွေးတိုးရောဂါရှိပါက မကြာခဏ သွေးပေါင်ချိန်တိုင်းသင့်ပါတယ်။ 

သွေးပေါင်ချိန်ကို သိရှိနားလည်ခြင်း

    မိမိမှာဖြစ်ဖြစ် မိသားစုဝင်ထဲမှာဖြစ်ဖြစ် သွေးတိုးရောဂါရှိနေပြီဆိုတာ သိထားရင်တော့ ဆရာဝန်နဲ့ဆွေးနွေးပြီး သွေးပေါင်ချိန်တိုင်းစက်လေးတွေ အိမ်မှာဆောင်ထားသင့်ပါတယ်။ သွေးပေါင်ချိန်ပမာဏဟာ အပေါ်သွေး ၁၂၀၊ အောက်သွေး ၈၀ ထက်ပိုပြီး မြင့်တက်လာတဲ့အခါ သွေးတိုးတယ်လို့ ခေါ်ပါတယ်။ 

    အပေါ်သွေး ၁၈၀၊ အောက်သွေး ၁၂၀ ထက်ပိုပြီး ကျော်လွန်သွားပြီဆိုရင် အရေးပေါ်အခြေအနေဖြစ်ပါတယ်။ ဒီအခြေအနေမျိုးဖြစ်လာရင် အလျင်အမြန်ကုသမှုလိုအပ်ပါတယ်။ ရင်ဘတ်အောင့်တာ၊ အသက်ရှူရခက်လာတာ၊ အမြင်တွေဝေဝါးတာ၊ မူးဝေတာမျိုးတွေဖြစ်တတ်ပြီး ဆေးရုံအရေးပေါ်ခန်း ဝင်ရနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ခြင်းနှင့် သွေးတိုးရောဂါ

    သွေးတိုးရှိတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ နောက်ဆက်တွဲဆိုးကျိုးဖြစ်တဲ့ ကျောက်ကပ်နှင့် အသည်းထိခိုက်ခြင်းတွေ ခံစားရနိုင်ခြေ ပိုများပါတယ်။ လမစေ့ဘဲမွေးတာ၊ ကလေးပေါင်ချိန်မမှီတာတွေ ဖြစ်နိုင်တာကြောင့် အနီးကပ်ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်ပါတယ်။ 

    အချို့အမျိုးသမီးတွေမှာတော့ အရင်က သွေးတိုးရောဂါမရှိဘဲ ကိုယ်ဝန် ၂၀ ပတ် လောက်ကစပြီး သွေးတိုးတဲ့ဝေဒနာကို ခံစားရနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်သွေးတိုးခြင်းဟာ ကလေးမီးဖွားပြီးချိန်မှာတော့ ပျောက်ကင်းသွားတတ်ပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်ချိန်သွေးတိုးခြင်းဟာ နောက်ပိုင်းမှာ သွေးတိုးရောဂါရရှိနိုင်ခြေကို မြင့်တက်လာစေပါတယ်။ 

သွေးတိုးခြင်းရဲ့ နောက်ဆက်တွဲပြဿနာတွေကို နောက်ဆောင်ပါးမှာ ပြောပြသွားပေးပါ့မယ်။

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ထရိုင်ခိုဒါးမား ဘယ်တံဆိပ် ကကောင်းလဲ ဆရာသမားတို့။

ဦးမျိုး • ဖြေကြားချက် 0 ခု

ငြုပ်ပင်အရွက်ထွတ်နေလို့ ဘာဆေးသုံးရင်ကောင်းမလည်းဗျ ပုလဲ​ကျွေးထားတာ ၁ပတ်လောက်ရှိပြီ ပုလဲပက်ပြီးမှအရွက်ကပိုထွတ်လာလို့ ဘာဆေးသုံးရမလည်းပြောပြပေးပါလားဗျ အသီးပွင်အားအေးရောတခါတည်းညွှန်းပေးပါလားဗျ

ဖိုးလပြည့် • ဖြေကြားချက် 5 ခု

အရင်ရက်က ဝတ်မှုန်ကူးထားတဲ့ အသီးတွေ မတက်ဘူး ပုတ်ကုန်လို့ ဘယ်လိုလုပ်ရမလဲ ဆရာတို့ ခင်ဗျာ။

မောင်ပေါက်ကြီး • ဖြေကြားချက် 2 ခု

ဆရာခင်ဗျ ခရမ်းချဥ်ခင်းအတွက်ပါ ခရမ်းချဥ်ကတော့အသီးကတော့ အဆုတ်လိုက်တွေ သီးတာဗျ ဒါပေမဲ့ အပင်တက်ကျ နှေးနေလားလို့ဆရာ ဒီကြားထဲ ဆျာ ပီဖိုလန်ကို ရပ်ခိုင်းပီး ထွက်တိုးသုံးခိုင်းတာ နှစ်ကတ်တော့ဖျန်းပီးပီ နည်းနည်းတော့တက်လာတယ်ဆရာ အခုပထမပုံထဲက ရှယ်ပီကေ ကိုလဲ ဆျာပြောတဲ့ ပိုတက် အချိုးများလို့ အဲ့ဆေးလဲ ဖျန်းချင်တယ် အပင်ထိုင်သွားမှာလဲစိုးရတယ် အတာကို ဘယ်လိုဖျန်းသင့်လဲဆရာ ပီးတော့လေ ဝိစာရက ကပ်စီပလပ်နဲ့ မင်းမဟော်က မင်းသားက အာနိတင်တူလားဆရာ အဲ့ကယ်စီယမ်ပါတဲ့ဆေးတွေက ဘယ်နှစ်ရက်ကို ဘယ်နှစ်ကြိမ်လောက် ဖျန်းသင့်လဲဆရာ ကျွန်တော်ကတော့ ဘိုရွန်ပါတဲ့ ကပ်စီပလပ်ကိုကြိုက်မိနေလို့ ဆျာ အခုညနေက ဂရမ်း မှိုဆေးနဲ့ မင်းသား အားဆေးနှစ်မျိုးဖျန်းမှာပါဆရာ အတာပီးရင် ရှယ်ပီကေဝင်ချင်တာ အပင်ထိုင်သွားမှာစိုးလို့မဝင်ရဲဘူး အတာဆျာဘာဆေးတွေဝင်ရမလဲ အကြံပေးပါနော်ဆျာ မင်းသားနဲ့ ကယ်ီပလပ် ဘယ်ဟာနဲ့ရောတွဲရမလဲ နော်

U Yan • ဖြေကြားချက် 2 ခု

ဆရာကြီး ဆေးရွက်ကြီးသဘာဝပိုးသတ်ဆေးလုပ်နည်းမျှဝေပေးပါဆရာ။ ဆေးနှုန်းထားလေးလဲမျှဝေပေးပါဆရာ အပင်လောင်မှာကိုဆိုးရိမ်ရပါသလားဆရာ မျှဝေပေးပါအုန်း

U Than Toe Aung • ဖြေကြားချက် 4 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။