အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဂျင်းနက် (Black Ginger) နဲ့ နနွင်းနက် (Black Turmeric) တူပါသလား?

ဂျင်းနက် (Black Ginger) နဲ့ နနွင်းနက် (Black Turmeric) တူပါသလား?

မြတ်စုဝေ
မြတ်စုဝေ • 20/01/2021

    စာတွေလိုက်ဖတ်ကြည့်တဲ့အခါ သူတို့နှစ်ခုက မတူပါဘူး။ ဒါကို တော်တော်များများသောသူတွေလဲ ဒွိဟဖြစ်နေကြတယ်လို့လဲ မြင်မိပါတယ်။ 

    သူတို့ကို သုတေသနလုပ်ထားကလည်း တော်တော်နည်းနေပါသေးတာကိုလည်း တွေ့ရပါတယ်။ သူတို့ရဲ့ကွာခြားချက်တွေကိုသိရှိဖို့ လေ့လာကြည့်လိုက်ကြရအောင်နော်။

နနွင်းနက် (Black Turmeric)

မြန်မာအမည်    - နနွင်းနက် (သို့) ဆနွင်းနက် 

အင်္ဂလိပ်အမည် - Black Turmeric or Black Zedoary 

သိပ္ပံအမည်       - Curcuma caesia 

မျိုးပေါင်းစု      - Zingiberaceae 

    နနွင်းနက်ဟာ နှစ်ရှည်ခံပင်မျိုးဖြစ်ပြီးတော့ အတွင်းသားဟာ နက်ပြာရောင်ရှိပါတယ်။ သူရဲ့မူရင်းဒေသကတော့ အရှေ့မြောက်အိန္ဒိယဒေသပဲ ဖြစ်ပါတယ်။ သူ့မှာ antioxidants (အရွယ်တင်နုပျိုစေတဲ့ဓာတ်)တွေ အများကြီးပါဝင်တာဖြစ်ပါတယ်။

    သူ့ကို အမှုန့်ကြိတ်ပီး ရေနဲ့ရောသောက်ပါက လေပွတဲ့ရောဂါတွေအတွက် ကောင်းတယ်လို့လည်း သိရပါတယ်။ တခြားကောင်းကျိုးတွေလဲ အများကြီးရှိတာတွေ့ရပါတယ်။ ဒါပေမဲ့လဲ သူ့ကိုဝယ်ယူဖို့ အခက်ခဲတွေအများကြီးရှိနေတာလဲဖြစ်ပါတယ်။

Reference - wekipedia & food.ndtv.com

ဂျင်းနက် (Black Ginger)

မြန်မာအမည်    - ဂျင်းနက်

အင်္ဂလိပ်အမည် - Black Ginger (or)Thai ginseng (or) krachi dum

သိပ္ပံအမည်       - Kaempferia parviflora 

မျိုးပေါင်းစု      - Zingiberaceae

မူရင်းဒေသ      - ထိုင်းနိုင်ငံ 

    သူရဲ့ထူးခြားချက်တော့ ဂျင်းနဲ့တူတဲ့အပြင် အတွင်းသားကတော့ ခရမ်းရင့်ရောင် ဖြစ်နေတာပါပဲ။ သူ့ကို တိုင်းရင်းဆေးတွေမှာ ထည့်သုံးတာများလို့ ထိုင်းမှာဆိုရင် ထိုင်းဂျင်ဆင်းလို့တောင် တင်စားခေါ်ဝေါ်ကြတာပဲဖြစ်ပါတယ်။

    နေရာအတော်များများမှာတော့ သူ့ကို သက်သက်စိုက်ပျိုးတာမဟုတ်ဘဲ သီးညှပ်အနေနဲ့ သစ်သီးခြံတွေကြားမှာ စိုက်ပျိုးကြတာများပါတယ်။ 

    သူ့ကိုစိုက်ပျိုးမယ်ဆိုပါက မိုးမကျမီစိုက်ပျိုးပေးပြီး ၁ - ၂ နှစ်လျှင်တစ်ကြိမ် တူးနိုင်ပါတယ်။ တူးရာမှာလည်း ပထမနှစ်ဥသည် အထဲကအရောင်ဖျော့ပြီး ၂ နှစ်မြောက်ဥဟာ အထဲမှ ခရမ်းရင့်ရောင်တောက်တာကိုလည်း တွေ့ရှိရပါတယ်။ 

သူ့ကို စားသုံးပေးပါက 

- သွေးလည်ပတ်မှုအားကောင်းခြင်း

- ခွန်အားတိုးခြင်း (မောပန်းနွမ်းနယ်မှု လျေ့ာနည်းခြင်း)

- အာရုံကြောအဖွဲ့အစည်းကို အားကောင်းစေခြင်း

- သွေးတိုးရောဂါကို လျေ့ာကျစေခြင်း

- ဆီးချိုရောဂါ ကာကွယ်ခြင်း

- နှလုံးရောဂါ၊ အဆီပိုတွေများခြင်းကို လျော့ကျစေနိုင်ခြင်း

- အိုမင်းရင့်ရော်မှုကို လျော့ပါးစေခြင်း စတဲ့အကျိုးကျေးဇူးတွေ များတာပဲဖြစ်ပါတယ် ။ အများအားဖြင့် - မြန်မာပြည်မှာတော့ ဂျင်းနက်ကို ပျားရည်နဲ့စိမ်သောက်ကြတာများတာကို တွေ့ရပါတယ်။ 

    မြန်မာအခေါ်အဝေါ်တွေအနေနဲ့ကတော့ ဂျင်းနက်ကို ဆနွင်းနက်လို့ခေါ်ကြပြီး ဆနွင်းနက်ကို ဂမုန်းတိမ်ပြာလို့လည်း ခေါ်ကြ သိကြတာကို တွေ့ရပါတယ်။ 

အောက်က ပုံလေးတွေကဆင့် ကွဲပြားချက်ကို သိရှိနိုင်ပါတယ်။ 

Reference https://bbp.aseanbiodiversity.com

Photos - Google 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်” ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

2
Nang Kham Paw

Nang Kham Paw

လွန်ခဲ့သော ၄ နှစ် က

ချင်းဈေးခုဘယ်လောက်ရှိပီလဲ

လင်းရှိန်

လင်းရှိန်

လွန်ခဲ့သော ၅ နှစ် က

ဂျင်းနက်၊နနွင်းနက်ဈေးနုန်းဘယ်လိုရှိပါသလဲ၊ဒို့ဆီမှာကနနွင်းလေးတွေရှိတယ်ဒါကြောင်ဈေးသိချင်ပါတယ်ဗျ

You

ဆက်စပ်မေးခွန်းများ

ယင်ဖြူနဲ့ဖူးစားပိုးရွက်စားပိုးနဲ့မှုိရောဂါတွေအတွက်ဘယ်လို့ထိထိရောက်ရောက်ရောဖျန်းရမလဲဖျန်းရမဲ့အတွဲလေးသိရင်ဖြေပေးပါလားဆရာတို့တချု့အရွက်တွေယင်ဖြူကြောင့်မဲတာပြောင်အောင်ဘယ်လို့လုပ်ရ

မောပ်တိုးတတ် • ဖြေကြားချက် 3 ခု

မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။

Kyaw Soe Naing • ဖြေကြားချက် 1 ခု

ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ

Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု

ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။

U Win Zaw • ဖြေကြားချက် 3 ခု

နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေး‌ရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး

khant zin • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။