အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကြံမြှုပ်ချေး သဘာဝမြေသြဇာ ပြုလုပ်နည်း

ကြံမြှုပ်ချေး သဘာဝမြေသြဇာ ပြုလုပ်နည်း

Green Way
Green Way • 08/12/2017

သကြားချက် စက်ရုံမှဘေးထွက်ပစ္စည်း ကြံမြှုပ်ချေး များကို ရယူပါ။ ကြံသကာချက်ဖိုမှ ထွက်သောအမြှုပ်နှင့် ကြိတ်ဖက်များကိုလည်း အသုံးပြုနိုင်ပါသည်။ ယင်းတို့ကို နွားချေးနှင့် နွားသေးရောထားသောဖျော်ရည် သို့မဟုတ်ရေပုပ်နှင့် အညစ်အကြေးရည်များ ပက်ဖျန်း၍ရောမွှေပါ။ ထို့နောက် အလွှာလိုက် စုပုံ၍ တစ်လွှာစီတွင် ဖွဲနု၊ နုန်းမြေ၊ ထုံးမှုန့်၊ ကျောက်မှုန့်၊ စပါးခွံပြာ အရောကို ပါးပါးဖြူးပေးပါ။

အစိုဓာတ် လုံလောက်စေရန်ရေဖျန်းပြီး အပေါ်မှ အမှိုက်၊ ကောက်ရိုး၊ သစ်ရွက်ခြောက် စသည်တို့ဖြင့် ဖုံးအုပ်ပေးထားပါ။ တစ်လ တစ်ကြိမ် အထက်အောက်လှန်ပေးပါက မြန်မြန်ဆွေးနိုင်ပါသည်။ အမှိုက်ကြမ်းများကို ဇကာချ၍ ဖယ်ပါ။ ဇကာချပြီး မြေဆွေးမှုန့် ၂၅ ကီလို ( ၁၅ ပိဿာ ) လျှင်အောက်ပါ ဓာတ်မြေသြဇာများဖြင့် အချိုးကျရောစပ်ပေး၍ သမအောင်မွှေပေးပါ။

ဓာတ်မြေသြဇာ ရောစပ်ရန်ပမာဏ

ယူရီးယား ၆ပေါင်ခန့်( ၁ ပိဿာ ၆၀ ကျပ်သား )

တီစူပါ ၅ပေါင်ခန့် ( ၁ ပိဿာ ၄၀ ကျပ်သား )

ပိုတက် ၄ပေါင်ခန့်( ၁ ပိဿာ )

ဂျစ်ပဆန် ၈ပေါင်ခန့် (၂ ပိဿာ ၂၀ ကျပ်သား)

ဇင့်ဆာလဖိတ် ၂ပေါင်ခန့် ( ၅၀ ကျပ်သား)

ရောစပ်ပြီး ကြံမြှုပ်ချေးမြေသြဇာများကို တစ်အိတ်လျှင် ၅၆ပေါင် ( ၁၅ ပိဿာ )နှုန်း ထည့်သွင်းပါသည်။ ကြံမြှုပ်ချေး သဘာဝမြေသြဇာတွင် သစ်ဆွေးဓာတ် ၆၃% အပြင်အောက်ပါ အပင်အာဟာရဓာတ်များ ပါဝင်ပါသည်။

အပင်အာဟာရဓာတ် ပါဝင်မှုရာခိုင်နှုန်း

နိုက်ထရိုဂျင် ၁၀.၆%

ဖော့စ်ဖရပ်စ် ၄.၇%

ပိုတက်စီယမ် ၂.၀%

ကယ်လ်စီယမ် ၃.၀%

ဆာလဖာ ၀.၅%

ဇင့်(သွပ်) ၀.၂%

အသုံးပြုနည်း

နှံစားသီးနှံ အမျိုးမျိုး၊ ပဲမျိုးစုံ၊ နှစ်ရှည်သီးနှံ၊ စက်မှုသီးနှံနှင့် ဟင်းသီးဟင်းရွက်၊ ပန်းမန်များအားလုံးတွင် အသုံးပြုနိုင်သည်။ စပါးသီးနှံ တစ်ဧကတွင်မြေပြင်ချိန်တွင် ၂ အိတ်၊ ပင်ပွားထွက်ချိန်တွင် ၁ အိတ်နှင့် မှိုကပ်ချိန်တွင် ၁ အိတ် ထည့်သွင်း အသုံးပြုပါ။

အခြားသီးနှံ များတွင်မြေခံ အဖြစ်မြေပြင်ချိန်တွင် တစ်ဧက ၂ အိတ် ထည့်ပါ။ အတန်းလိုက် စိုက်သီးနှံများတွင် တစ်ဧက ၂ အိတ်၊ အပင်ခြေတွင် ဖြူးပြီးမြေဖြင့် ဖုံးပေးပါ။ ကျင်းစိုက်သီးနှံများတွင် တစ်ကျင်းလျှင် နို့ဆီဘူး တစ်ဘူးခန့် ထည့်ပေးပါ။ ဟင်းသီးဟင်းရွက်များတွင် မြေခံတစ်ကြိမ်နှင့် ပေါင်းသင်မြေဆွချိန်များတွင် ထပ်မံ ထည့်သွင်းနိုင်ပါသည်။

အကျိုးသက်ရောက်မှု

အပင်အာဟာရဓာတ်များအပြင် သစ်ဆွေးဓာတ် များပြားစွာ ပါဝင်၍မြေဆီလွှာ၏အောက်ပါဂုဏ်သတ္တိများက တိုးတက်ကောင်းမွန်စေပါသည်။ စေးသောမြေကို ဖွယ်စေပြီး ဖွယ်သောမြေကိုစေးစေသည်။ မြေတွင်းအစိုဓာတ်နှင့် အပူချိန်ကို ထိန်းစေသည်။ မြေဆီလွှာအတွင်း လေဝင်၊ လေထွက် ပိုမိုကောင်းမွန်စေသည်။ မြေ၏ ချဉ်ငံဓာတ်ကို သမစေသည်။ မြေဆီလွှာအတွင်း အာဟာရဓာတ် ပျက်ဆီးဆုံးရှုံမှုကို ထိန်းသိမ်း ကာကွယ်ပေးသည်။ အာဟာရဓာတ်ရရှိမှု အချိန်ကာလကို ကြာရှည်မျှတစေသည်။ အနည်းလို အာဟာရဓာတ်များကိုပါ ဖြည့်တင်းပေးနိုင်သည်။ မြေဆီလွှာ အဏုဇီဝများကို တိုးတက်ပွားများစေသည်။

ကိုးကား-မြေဆီလွာ အကျိုးပြု သဘာဝ မြေသြဇာ၊ ဇီဝမြေသြဇာ အမျိုးမျိုး ပြုလုပ်သုံးစွဲနည်း

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

မန်သစ်ခိုင်

မန်သစ်ခိုင်

လွန်ခဲ့သော ၃ နှစ် က

ပိုတက်ကဝယ်ရလို့လား

You

ဆက်စပ်မေးခွန်းများ

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 3 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 4 ခု

ကျောက်စိမ်းပဒေသာပါ ဘာဖစ်နေတာလည်းမသိဘူး နွားသေး ဖြန်းရမလား ဘယ်လောက်ထည့်ရမလည်း

နံပတ်2 • ဖြေကြားချက် 1 ခု

မြေပဲ ရက်၂၀ရှိပီ နွားသေး ဆေးဖြန်းပုံး တပုံးကို နှစ်လီတာ ထည့်ဖြန်းလို့ရပါသလား ဘယ်လောက်ထည့်ရမလည်း ဘာတေနဲ့ရောဖြန်းရင် ပိုကောင်းပါသလည်း ဆရာ

နံပတ်2 • ဖြေကြားချက် 4 ခု

Photosynthetic Bacteria (PSB) - အလင်းဖြင့်အစာချက် ဘက်တီးရီးယား ကိုယ်တိုင်လုပ်လို့ရနိုင်သလား

Khing Hein • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။