Mango Hopper (သရက် ဖြုတ်ပိုး)
သရက်စိုက်ပျိုးရေးတွင် အဓိက ကျရောက်သော ဖျက်ပိုးတစ်မျိုး ဖြစ်သည်။ ၎င်းဖျက်ပိုးသည် သရက်ပင်များ ပန်းပွင့်ချိန်နှင့် အသီးဝင်ချိန်တွင် အများဆုံးကျရောက်သည်။ အထူးသဖြင့် ပူပြင်းသောနွေကာလတွင် ကျရောက်မှု များလေ့ရှိသည်။
သပ်ပုံသဏ္ဍာန်ရှိသော ဖြုတ်ပိုးအမသည် သရက်ရွက်အနု၏ အလယ်ကြောတွင် ဥအုလေ့ရှိသည်။ အမတစ်ကောင်လျှင် ဥ ၁၀၀ မှ ၂၀၀ ထိ ဥတတ်သည်။ ဥဘဝတွင် ၄ ရက်မှ ၁၀ရက် ကြာနေပြီး ဖြုတ်ပိုးအကောင်ငယ် (ပိုးမမည်) များပေါက်သည်။ ပိုးမမယ်ဘဝတွင် အရေခွံ ၂ ကြိမ်မှ ကြိမ်ထိ လဲ၍ အကောင်ကြီးဘဝသို့ ပြောင်းလဲလာသည်။
ဘဝစက်ဝိုင်း တစ်ပတ်လည်ရန် ၁၄-၁၉ရက်သာ ကြာသဖြင့် တစ်လတွင် သားဆက် ၂ ဆက်ထိ ပွားသည်။ ဖြုတ်ပိုးသည် စုပ်စားသော အင်းဆက်မျိုး ဖြစ်၍ သစ်ရည်များကို စုပ်စားကာ အရွက်အပွင့်အသီးတို့ကို အားနည်းပျက်စီးစေသည်။ အကောင်ငယ်ဘဝ (ပိုးမမည်) အကောင်ကြီး ဘဝ နှစ်ခုစလုံး ဖျက်ဆီးသည်။ အထူးသဖြင့် ပိုးမမည်ဘဝတွင် ပိုမို ဖျက်ဆီးအားကောင်းသည်။
သရက်ပင်၏ နုနယ်သောအရွက်၊ ပန်းခိုင်၊ အကိုင်းအနုများ၏ သစ်ရည်များကို ပြွန်ပုံနှုတ်သီးဖြင့် စုပ်ယူစားသုံးသောကြောင့် ညှိုးနွမ်း၊ တွန့်လိမ်၍ နောက်ဆုံးခြောက်သွေ့သေဆုံးကြရသည်။ ဖြုတ်ပိုး၏ သစ်ရည်စုပ်ယူမှုကြောင့် ပန်းခိုင်များ အသီး မတင်နိုင်တော့ချေ။ အသီးကင်းများတွင်လည်း ယင်းဖြုတတ်ပိုး၏ စုပ်ယူစားသုံးမှုခံရ၍ သီးကင်းများ ခြောက်သွေ့ကြွေကျကုန်သည်။ အသီးတင်မှုနည်းစေ၍ အထွက်နုူန်းကို လျော့ကျစေသည်။
ထို့ပြင် ဖြုတ်ပိုးများ၏ သွယ်ဝိုက်သော ဖျက်စီးမှု တစ်ရပ်မှာ ကြပ်ခိုးမှိုနှင့် ဖားဥမှိုရောဂါများ ထပ်ဆင့်ကျရောက်ခြင်းပင် ဖြစ်သည်။
ကာကွယ်နှိမ်နင်းခြင်း
၁။ ဖြုတ်ပိုးသည် သစ်ရည်ကို စုပ်စားသော အင်းဆက်ပိုးဖြစ်၍ ပင်လုံးပြန့်သတ္တိ ရှိသော ပိုးသတ်ဆေးများ အသုံးပြု ပက်ဖျန်းရမည်။
၂။ မိုနို ခရိုတိုဖော့ဆေး (monocrotophos) ဆေး ၂၅ စီစီ (ပရုတ်ဆီဘူးတစ်ဘူး)ကို ရေ၁၅လီတာဖြင့် ဖျော်စပ်၍ ပက်ဖျန်းပါ။
၃။ ဒီစစ်ဆေး ၆၀ စီစီ (ပရုတ်ဆီဘူးနှစ်ဘူး) ကို ရေ ၂၀ လီတာနှင့် ရောစပ်ပက်ဖျန်းပါ။
သတိပြုရန်မှာ ပိုးသတ်ဆေးများ ပက်ဖြန်းရာတွင် ပန်းမပွင့်မီအချိန်နှင့် သီးကင်းဝင်ပြီးစ အချိန်များတွင်သာ ပက်ဖြန်းရန် ဖြစ်ပါသည်။ ပန်းဖြိုင်ဖြိုင်ပွင့်ချိန်တွင် လုံးဝ ဆေးမဖြန်းသင့်ပါ။
ကိုးကား - သရက်စိုက်ပျိုးနည်း (စိုက်ပျိုးရေးဦးစီး ဌာန)
ဦးသန်းစိူး
လွန်ခဲ့သော ၅ နှစ် ကသရက်ပင်ပေါက်လေးတွေမှာအရွက်တွေအဖျားခြောက်တာဘာလုပ်ရမှာလဲဗျအခုမှစစိုက်တာမို့မသိလို့ပါ
ဆက်စပ်မေးခွန်းများ
လောင်မဲနိုင်တဲ့ဆေးလေးသိပါရစေဗျာ
ကိုချမ်း • ဖြေကြားချက် 1 ခု
ပန်းပင်အရွက်များအခြားအပင်နဲ့မတူအရောင်ဖျော့နေတာဘာဖြစ်နေလဲမသိလို့ ဆရာတို့ လမ်းညွှန်ကြပါအုံးဗျို့
Aung Nay Linn • ဖြေကြားချက် 3 ခု
မြေပဲ ရက်၂၀ ရှိပါပီ နွားသေး တခါဖြန်းဖူးပါတယ် ရောဂါဖြစ်နေတာလား မိုးများလို့ စမ်းကိုင်နေတာလား ဆရာကြီး
နံပတ်2 • ဖြေကြားချက် 1 ခု
အဲလိုဖြစ်နေတာဘာရောဂါလဲဆရာတို့
သန်းထိုက်အောင် • ဖြေကြားချက် 3 ခု
စပါးနှံစုပ်ပိုးကို ဘယ်ပိုးသတ်ဆေး ai နဲ့နိုင်ပါသလဲဆရာ စပါးပန်းပွင့်မှ ဖျန်းရတာလား ဘယ်အချိန်ဖျန်းရမလဲဆရာ
Zaw Myo Win • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
02/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)
02/10/2026
မီးဖိုချောင်ထဲက ပစ္စည်းတွေနဲ့ ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ အပင်အားဆေး PSB
01/10/2026
ကြက်သွန်နီဈေး သိသိသာသာ ဆက်တိုက်မြင့်တက်နေ
01/10/2026
စိုက်ပျိုးသုတ အောက်တိုဘာလ
01/10/2026
More from စိုက်ပျိုးရေးဦးစီးဌာန
အားလုံး
တောင်သူများအသုံးပြုနေသော အမိုနီယမ်ဆာလဖိတ် (Ammonium Sulphate) မြေဩဇာအကြောင်း
10/12/2021
ရေဆင်းကုလားပဲမျိုးများ၏ အရည်အချင်းလက္ခဏာများ
22/11/2021
စိုက်ပျိုးသင့်သော နှမ်းအထွက်ကောင်းမျိုးများ
27/08/2021
စပါးခွံပေါင်းခံရည်ဘယ်လိုလုပ်မလဲ
16/01/2021
လယ်ယာသုံးစက်ပစ္စည်းကိရိယာများ ရွှေ့ပြောင်းအသုံးပြုရာတွင် လိုအပ်သောအကူအညီ တောင်းခံဆောင်ရွက်နိုင်ကြောင်း အသိပေးနှိုးဆော်ချက်
14/12/2020