"သရက်ဓားထစ် ပိန္နဲခဲပစ်"
“သရက်ဓားထစ် ပိန္နဲခဲပစ်”၊ စိုက်ပျိုးရေးနဲ့ ဆိုင်တဲ့ ဆိုရိုးစကားလို့ ပြောလို့ရမယ် ထင်ပါတယ်။ တချို့က “သရက်ဓားထစ်၊ ပိန္နဲခဲပစ်၊ မရမ်း တုတ်ပစ်” လို့လည်း ပြောကြတယ်။ အမှတ်မထင် လုပ်မိရာကနေ အကျိုးရှိတာကို သတိထားမိပြီး အစဉ်အဆက် ဆောင်ရွက်ကြရင်း လက်ဆင့် ကမ်းလာခဲ့တဲ့ စကားဖြစ်မယ်လို့ ယူဆရပါတယ်။ ရှေးနှစ်ပေါင်းများစွာကတည်းက လုပ်ကိုင် ကျင့်သုံးဆောင်ရွက်ခဲ့ကြတဲ့ နည်းတွေလည်း ဖြစ်ပါတယ်။
“သရက်ပင်ကိုပဲ ဓားထစ်ထစ် ပိန္နဲပင်ကိုပဲ ခဲနဲ့ပစ်ပစ်”၊ အဓိကကတော့ အပင်ကို ပန်းပွင့် အသီးသီးလာစေဖို့ဆောင်ရွက်တဲ့ နည်းလမ်းတစ်ခုပါပဲ။ စိုက်ပျိုးရေးသိပ္ပံရှုထောင့်ကနေ ဘယ်လိုသဘောတရားတွေကြောင့် သရက်ဓားထစ်ခြင်း၊ ပိန္နဲခဲပစ်ခြင်းဟာ အသီးတင်နှုန်း အထွက်နှုန်းကို ကောင်းလာစေတာလဲ ဆိုတာကို လက်လှမ်းမိသလောက်သုံးသပ်ကြည့်ပါမယ်။
ဘယ်အချိန်မှာ လုပ်ကြသလဲ
ဓားထစ်ခြင်း၊ ခဲပစ်ခြင်းကို အချိန်မရွေးဆောင်ရွက်ရသည်တော့ မဟုတ်ပါဘူး၊ အချိန် ရာသီမရွေး ဆောင်ရွက်လို့လည်း အကျိုးမရှိနိုင်ပါဘူး။ အများစုကတော့ တန်ဆောင်မုန်းလ အတွင်း ဆောင်ရွက်ကြပါတယ်။ တန်ဆောင်မုန်းလမှာတောင်မှ လပြည့်နေ့မှာ အထူး အလေးထား ဆောင်ရွက်ကြတာကို တွေ့ရပါတယ်။ သရက်အတွက်ဆို ပန်းမပွင့်ခင် ၁-၂ လလောက် အလိုမှာ ဓားထစ်ခြင်း ဆောင်ရွက်လေ့ရှိပါတယ်။ တချို့ကလည်း ပန်းမပွင့်ခင် ၄ လလောက်ကတည်းက ဓားထစ်ပေးဖို့လိုတယ်လို့ ပြောကြပြန်ပါတယ်။ ဒီမှာ မေးစရာတွေ ရှိလာပါတယ်။ ဒါဆို ပန်းမပွင့်ခင် ၁ လအလိုမှာ ဓားထစ်ရမှာလား၊ ၂ လအလိုမှာ ဓားထစ်ရမှာလား၊ ၃ လအလိုမှာ ဓားထစ်ရမှာလား၊ ဒါမှမဟုတ် ၄ လလောက် အလိုကတည်းက ဓားထစ်ပေးဖို့ လိုတာလား..။ ပတ်ဝန်းကျင်အခြေအနေပေါ် မူတည်သလို မျိုးနဲ့ အပင်ရဲ့ သက်တမ်း၊ အပင်ရဲ့ အခြေအနေ (ဓားထစ်မယ့်အချိန်မှာ အရွက်တွေရင့်နေဖို့ လိုပါတယ်) ပေါ်လည်း မူတည်ပါလိမ့်မယ်။ ဒီအတွက်လည်း သုတေသနတွေလုပ်ကြည့်ဖို့ ကောင်းပါတယ်။
ဘယ်လို ဆောင်ရွက်သလဲ
သရက်ပင်ကို ဓားထစ်ခြင်းဟာ အပင်၏ အောက်ခြေပိုင်း ပင်စည်အခေါက်ကိုသာ ဓားထစ် ပေးခြင်းဖြစ်ပါတယ်။ အကိုင်းအခက်အလက်များကို ဆောင်ရွက်ခြင်းမဟုတ်ပါဘူး။ ဓားထစ်တဲ့ အခါမှာ ဓားချက်တွေကို တစ်ချက်နဲ့တစ်ချက် ထပ်မနေစေဘဲ ဘေးတိုက် အထက်အောက် လွဲ၍ ထစ်ပေးရပါတယ်။ ဓားဒဏ်ရာကို အပင်အတွင်းသားပိုင်း (wood/xylem) အထိ မရောက်ဖို့ ဂရုစိုက်ရသလို အခေါက် (bark/phloem) ကိုလည်း ပြတ်အောင် ဓားထစ်ဖို့တော့ လိုပါတယ်။ များသောအားဖြင့် ပင်စည်၏ အမြင့် ၄-၅ ပေလောက် လူတစ်ရပ်လောက် ပတ်ဝန်းကျင်ခန့်ကို ဓားထစ်ပေးခြင်း လုပ်လေ့ရှိပါတယ်။
ပိန္နဲခဲပစ်ဟာလည်း သရက်ဓားထစ်နဲ့ သဘောတရားအတူတူပါပဲ။ ပိန္နဲပင်ကို သရက်ပင်လို ဓားနဲ့ ထစ်မယ့်အစား ကျောက်ခဲများနဲ့ ပင်စည်ပတ်ပတ်လည်လည် အခေါက်ကို ဒဏ်ရာတွေနဲ့ ဗလပွဖြစ်နေသည်အထိ ခဲနဲ့ ထုပစ်ပေးရခြင်းဖြစ်ပါတယ်။
တကယ်အကျိုးရှိစေတာလား
သရက်ပင်ဓားထစ်ခြင်းနဲ့ ပတ်သက်လို့ သရက်စိုက်ပျိုးတဲ့ တောင်သူအချို့ကို မေးကြည့် ဖူးပါတယ်။ ပန်းစောပွင့်တယ်၊ အသီးတင်တာကောင်းတယ် ပြောကြပါတယ်။ အလားတူပဲ ပိန္နဲကို ခဲပစ်တဲ့အလေ့ဆောင်ရွက်တဲ့ အိမ်ကို မေးကြည့်တာ ပန်းပွင့်အသီးတင်ဖို့ သေချာ ကြောင်းပြောတာပါပဲ။ သိပ္ပံဆိုင်ရာ သုတေသနတွေ့ရှိချက်တွေအရလည်း သရက်ပင်ကို ဓားထစ်ပေးခြင်းဟာ နှစ်ခြားသီးပွင့်မှုအလေ့အထရှိတဲ့အပင်တွေမှာတောင် အသီးတင်မှု နည်းပါးတဲ့နှစ်တွေမှာ ပန်းပွင့်နှုန်းအသီးတင်နှုန်းကောင်းတယ်ဆိုတာ လက်ခံထားကြပါတယ်။
သီအိုရီသဘောနဲ့ ချိန်ဆပြီးပြောရရင် သရက်ဓားထစ်ခြင်း၊ ပိန္နဲခဲပစ်ခြင်းက ပန်းပွင့်ဖို့ သေချာမှာလားဆိုတော့ မသေချာပါဘူး၊ အထူးသဖြင့် သရက်ပန်းပွင့်ဖို့ဆိုတာ အခြား အကြောင်းအရာများစွာ (ဥပမာ - အညွန့်ရဲ့ သက်တမ်း၊ အပူချိန်) ကလည်း လွှမ်းမိုးထား ပါသေးတယ်။ မသေချာဘူးလို့ပဲ ပြောတာပါ၊ မလုပ်သင့်တာတော့ မဟုတ်ဘူးလို့ ဆိုရပါမယ်။ ဒီအတွက်လည်း မြန်မာပြည်မှာရှိတဲ့ စီးပွားဖြစ်စိုက်နေတဲ့ သရက်မျိုးတွေကို အပင်သက်တမ်း အလိုက် နေရာဒေသအလိုက် သရက်ဓားထစ်ခြင်းသုတေသနကို ဆောင်ရွက်ကြည့်ဖို့ ကောင်းပါတယ်။ ပတ်ဝန်းကျင်လည်း မထိခိုက်၊ ကုန်ကျစရိတ်လည်း သိပ်ရှိမှာမဟုတ်တဲ့ အတွက် သရက်ဓားထစ် ပိန္နဲခဲပစ်ဟာ လုပ်လိုက လုပ်သင့်တဲ့အဆင်အလာလေးတစ်ခု ဖြစ်မယ်လို့ ထင်မြင်သုံးသပ်မိပါတယ်။ ။
ဟန်ဖြိုးအောင် (ဥယျာဉ်ခြံ)
18-12-2018 (Tuesday) 4:00 PM
ကိုးကား
၁။ The Mango (Botany, Production and Uses)
၂။ Regulating Horticultural Crops by Cultural and Chemical Methods (Bardhan and Sharma, 2018)
ထက်ကျော်
လွန်ခဲ့သော ၅ နှစ် ကဗဟုသုတရတယ်ကျေးဇူးပါ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ယင်ဖြူနဲ့ဖူးစားပိုးရွက်စားပိုးနဲ့မှုိရောဂါတွေအတွက်ဘယ်လို့ထိထိရောက်ရောက်ရောဖျန်းရမလဲဖျန်းရမဲ့အတွဲလေးသိရင်ဖြေပေးပါလားဆရာတို့တချု့အရွက်တွေယင်ဖြူကြောင့်မဲတာပြောင်အောင်ဘယ်လို့လုပ်ရ
မောပ်တိုးတတ် • ဖြေကြားချက် 3 ခု
မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။
Kyaw Soe Naing • ဖြေကြားချက် 1 ခု
ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ
Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။
U Win Zaw • ဖြေကြားချက် 3 ခု
နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေးရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး
khant zin • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from HanPhyoAung
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....