ယခုတစ်ပတ်အတွင်း အပြောင်းအလဲဖြစ်ပေါ်ခဲ့သော သီးနှံစျေးနှုန်းများ

05/04/2019 15:58 PM တွင် AMIA AMIA မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

(၁.၄.၂၀၁၉ မှ ၅.၄.၂၀၁၉)ထိ

ဆန်၊စပါး

ပြီးခဲ့တဲ့အပတ်က တက်ရိပ်ပြခဲ့တဲ့ စပါးဈေးက ဒီတစ်ပတ်မှာတာ့ ဈေးကကျဆင်းသွားခဲ့ပါတယ်။ လက်ရှိမှာ ပြည်တွင်း ဝင်ရောက်မှုရှိတဲ့ စပါးတွေကိုကြည့်ပြီး ပြည်ပနိုင်ငံတွေကလည်း ဈေးနှိမ်ဝယ်ယူမှုတွေရှိတယ်လို့ ဆန်စပါးအသင်းက တာဝန်ရှိသူတွေက ဆိုပါတယ်။ 

ပထမတန်းစားစပါးတွေကတော့ ပုံမှန်အတိုင်း ဝယ်ယူမှုရှိခဲ့တဲ့အတွက် ဈေးကအနည်းငယ်တက်ပေမယ့် ဒုတိယတန်းစားစပါးတွေက ဈေးကျဆင်းသွားခဲ့ပါတယ်။ လက်ရှိမှာ ဈေးအနည်းငယ်ကျဆင်းခဲ့ပေမယ့် ဈေးကပြန်တက်လာနိုင်ကြောင်း ကုန်သည်တွေက သုံးသပ်ထားပါတယ်။

ပုသိမ်ဈေးကွက်မှာ ဧရာဝတီပေါ်ဆန်းစပါးက တင်း ၁၀၀ ကို ၁၀၅၀၀၀၀ ကျော်ရှိပြီး တင်း ၁၀၀ ကို ၂၀၀၀၀ နီးပါးဈေးတက်လာခဲ့ပါတယ်။ ဖျာပုံပေါ်ဆန်းကတော့ တင်း ၁၀၀ ကို ၉၄၆၀၀၀ ကျော်ရှိပြိး ၂၅၀၀၀ နီးပါးဈေးတက်လာခဲ့ပါတယ်။

နတ်တလင်းမှာ အင်းလယ်(စပါး)က တင်း ၁၀၀ ကို ၆၀၀၀၀၀ ပေါက်ဈေးရှိပြီး ၄၀၀၀၀ ကျပ်၊ ငွေတိုး(စပါး)က တင်း ၁၀၀ ကို ၇၀၀၀၀၀ ကျပ်ရှိပြီး ၂၀၀၀၀ ကျပ်၊ ရတနာတိုးစပါးက တင်း ၁၀၀ ကို ၆၁၀၀၀၀ ရှိပြီး ၁၀၀၀၀ ကျပ် အသီးသီးဈေးကျဆင်းသွားခဲ့ပါတယ်။

မတ်ပဲ (FAQ/RC)

ပြီးခဲ့တဲ့ တစ်လလုံးနီးပါးဈေးကျဆင်းခဲ့တဲ့ မတ်ပဲက ဧပြီလပထမအစမှာ ရုတ်တရက်ဈေးတက်လာခဲ့ပါတယ်။ အိန္ဒိယနိုင်ငံက မတ်ပဲတန်ချိန် တစ်သိန်းခွဲဝယ်ယူမယ်ဆိုတဲ့ ထုတ်ပြန်ချက်ကြောင့် ဈေးက မြင့်တက်လာခဲ့ပါတယ်။ ဒါပေမယ့် အိန္ဒိယဝယ်ယူမည့် တန်ချိန်တစ်သိန်းခွဲသည့် မည်သည့်အချိန်တွင် တန်ချိန်အရေအတွက်ကို ဝယ်ယူမည့်ဆိုသည့်အကြောင်းအရာမပါရှိတဲ့အတွက် ကုန်သည်အချို့ကတော့ ဒီအပေါ်မှာ အငြင်းပွား စရာတွေ ဖြစ်နေပါတယ်။ 

ပြီးခဲ့တဲ့နှစ်က မတ်ပဲဝယ်ယူမှုကို မေလမှာ ထုတ်ပြန်ခဲ့ပြီ ဇွန်လမှ စတင်ဝယ်ယူမှုတွေပြုလုပ်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ ၂ လစော ထုတ်ပြန်ခဲ့ပြီး ပြည်တွင်းမှာလည်း အဆိုပါ ထုတ်ပြန်ချက်ကြောင့် ဈေးကချက်ချင်းမြင့် တက်ခဲ့ပါတယ်။ ဘယ်အချိန်မှာ ဝယ်ယူမယ်ဆိုတဲ့ အချက် မပါရှိသေးတဲ့အတွက်  ဆက်တက်နိုင်ချေရှိမရှိကတော့ စောင့်ကြည့်နေဆဲ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၁၇၊၂၀၁၈ မှာ အိန္ဒိယနိုင်ငံရဲ့ မိုး၊ ဆောင်းပဲသီးနှံက ၂၃.၉ သန်းရှိပြီး ၂၀၁၈၊၂၀၁၉ ခုနှစ်မှာတော့ မိုး၊ ဆောင်းပဲ သီးနှံက ၂၄ သန်းရှိတဲ့အတွက် ပြီးခဲ့တဲ့ နှစ်ထက် များနေတာကိုတွေ့ရပါတယ်။ မြန်မာမတ်ပဲကတော့ ပြီးခဲ့တဲ့ နှစ်နဲ့စာရင် မတ်ပဲထွက်ရှိမှုနှုန်းလျော့နည်းနေတယ်လို့ သိရပါတယ်။ 

မတ်ပဲက ဒီတစ်ပတ်မှာ တစ်တန်ကို ငွေကျပ် ၁ သိန်းကျော် ဈေးတက်လာခဲ့ပြီး တစ်တန်ကို ငွေကျပ် ၇သိန်း ၅ သောင်းအထိ ဈေးတက်လာခဲ့ပါတယ်။

ပဲစင်းငုံနီ

ပဲစင်းငုံနီကလည်း ဒီတစ်ပတ်မှာ ဈေးတက်လာခဲ့ပါတယ်။ အိန္ဒိယနိုင်ငံက တန်ချိန် ၂ သိန်းဝယ်ယူမယ်ဆိုတဲ့ သတင်းကြောင့် ဈေးကတက်လာခဲ့တာလည်းဖြစ်ပါတယ်။ ပဲစင်းငုံနီကတော့ မတ်ပဲနဲ့ယှဉ်ရင် ဈေးမြင့်နေခဲ့တဲ့ ပဲလည်းဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့နှစ်တွေအထိ မတ်ပဲက ဈေးအမြင့်နေရာမှာ ရှိခဲ့ပေမယ့် ၂၀၁၈ ခုနှစ်မှာတော့  ပဲစင်းငုံနီက မတ်ပဲထက်ဈေး မြင့်လာခဲ့တာကိုလည်းတွေ့ရပါတယ်။ ပဲစင်းငုံနီကို အိန္ဒိယနိုင်ငံအပြင် အခြားနိုင်ငံတွေကပါ ဝယ်ယူမှုတွေ့ရှိခဲ့တဲ့အတွက် ပဲစင်းငုံနီစိုက်တဲ့ တောင်သူတွေအနေနဲ့ခံသာတဲ့အနေအထားမှာ ရှိနေခဲ့ပါတယ်။

ပဲစင်းငုံနီက ဒီတစ်ပတ်ရန်ကုန်ဈေးကွက်မှာ တစ်တန်ကို ငွေကျပ် ၁ သိန်းကျော်ဈေးတက်လာခဲ့ပြီး တစ်တန်ကို ငွေကျပ် ၈ သိန်း ၅ သောင်းအထိ ပေါက်ဈေးရှိခဲ့ပါတယ်။

ကုလားပဲ

ဈေးဆက်တိုက် ကျဆင်းနေခဲ့တဲ့ ကုလားပဲကဒီတစ်ပတ်မှာတော့ တက်လာခဲ့ပါတယ်။အိန္ဒိယဝယ်ယူမှုကြောင့် ပဲအချို့ဈေးတက်လာခဲ့သလို ကုလားပဲလည်း နည်းတူဈေးတက်လာခဲ့ခြင်းဖြစ်ပါတယ်။ သင်္ကြန်ကာလရောက်တော့မှာဖြစ်တဲ့အတွက်ကြောင့် ပဲခွဲစက်တွေက ဝယ်ယူမှုများလာခဲ့ပြီး ဈေးကတက်လာခဲ့တာလည်းဖြစ်ပါတယ်။ မုံရွာဈေးကွက်မှာ ကုလားပဲလုံးဝါ(ကြီး၊သေး)က တစ်တင်းကို ၂၃၇၀၀ ကနေ ၂၅၇၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁၀၀၀ ကျော်ဈေးတက်လာပါတယ်။ ကုလားပဲလုံးဖြူ(ကြီး၊သေး)ကတော့ တစ်တင်းကို ၂၅၇၀၀ ကနေ ၂၆၉၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၂၀၀၀ ကျပ် ဈေးတက်လာပါတယ်။

မြင်းခြံကုန်စည်ဒိုင်မှာတော့ ကုလားပဲလုံးဝါကြီးက တစ်တင်းကို ၂၆၆၀၀ ကျော်ရှိပြီး တစ်တင်းကို ၄၀၀ ကျပ်၊ ကုလားပဲလုံးဖြူကြီးကတော့ တစ်တင်းကို ၂၄၇၀၀ ကျပ်ရှိပြီး ၁၉၀၀ ကျပ် ဈေးတက်လာပါတယ်။

ပခုက္ကူကုန်စည်ဒိုင်မှာတော့ ကုလားပဲလုံးဝါကြီးက တစ်တင်းကို ၂၆၈၀၀ ပေါက်ဈေးရှိပြီ းတစ်တင်းကို ၂၀၀ ကျပ်၊ ဈေးကျဆင်းသွားပြီး  ကုလားပဲလုံးဖြူကြီးကတော့ တစ်တင်းကို ၂၃၉၅၀၀ ပေါက်ဈေးရှိပြီး ၁၆၅၀ ကျပ်ဈေးတက်လာပါတယ်။

ပြည်ကုန်စည်ဒိုင်မှာတော့ ကုလားပဲလုံးဝါကြီးက တစ်တင်းကို ၂၉၅ ၀၀ ကျပ်ရှိပြီး ၁၇၀၀ ကျပ်၊ကုလားပဲဖြူလုံး ကြီးတော့ တစ်တင်းကို ၂၅၀၀၀ ကျပ်ရှိပြီး ၁၀၀၀ ကျပ်  အသီးသီးဈေးတက်လာခဲ့ပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူကလည်း ဒီတစ်ပတ်မှာ ရှမ်းရော ကြူကုတ်ပါ ဈေးတက်လာခဲ့ပါတယ်။သင်္ကြန်ကာလရောက်တော့မှာဖြစ်တဲ့အတွက် စားသုံးသူတွေကလည်း ကြိုတင်ဝယ်ယူမှုတွေ ရှိသလို ရောင်းချသူတွေကလည်း အဝယ်ရှိသလောက်  တင်သွင်းမှုတွေရှိနေပါတယ်.။

ကြက်သွန်ဖြူ(ကြူကုတ်)က တစ်ပိဿာကို ၂၄၅၀ ကျပ်ရှိပြီး ၁၀၀ ကျပ်ဈေးတက်လာခဲ့သလို ၊ကြက်သွန်ဖြူ (အောင်ပန်း၊တောင်ကြီး)ကတော့ ၇၀၀ ကနေ ၁၇၀၀ ကျပ်ရှိပြီး ၂၀၀ ကျပ် ဈေးတက်လာခဲ့ပါတယ်။

ထောပတ်သီး

သီရိမင်္ဂလာဈေးမှာ တက်လာခဲ့တာကတော့ ထောပတ်သီးဈေးတွေ ဖြစ်ပါတယ်။ လက်ရှိမှာ ပွဲတော်ကာလကလည်း ဆက်နေတဲ့အတွက် အသီးဈေးတွေကလည်းတက်လာနေသလို ရာသီကုန်ဖြစ်တော့မှာဖြစ်တဲ့အတွက် ဈေးကတက်လာတာလည်း ဖြစ်ပါတယ်။ ထောပတ်သီးက တစ်လုံးကို ၈၀၀ ကနေ ၁၂၀၀ ကျပ်ရှိပြီး၂၀၀ ကျပ်ဈေးတက်လာခဲ့ပါတယ်။

 

ဝတ်ရည်မွန်(AMIA)

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်