ကြက်နာတွေကို ဆေးကုပေးမယ်ဆိုရင် (၁)

22/02/2023 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ကြက်မွေးသူတွေမှာ ညွှန်းထားသမျှ ကာကွယ်ဆေးတွေလည်း ပုံမှန်သုံးပေးနေတဲ့ ကြားက ကြက်နာတယ်ဆိုတာ ထပ်ကြုံနေကြရပါတယ်။ ဒီတော့ ကာကွယ်တယ်ဆိုတဲ့ အဆင့်က လွန်သွားပြီ။ ဘယ်လိုလုပ်ကြရင် ကောင်းမလဲစဉ်းစားကြရပြန်တယ်။ 

ကုသဖို့က ဘာရောဂါဖြစ်နေလဲဆိုတာကို သေသေချာချာ သိထားဖို့လိုပြန်တယ်။ အနာသိရင်ဆေးရှိတယ်လို့ ဆိုကြတာကိုး။ ရောဂါလက္ခဏာကို ကြည့်ပြီး ဘာရောဂါပါလို့ သိနိုင်တာလည်းရှိမယ်။ ဒါဆိုရင် သူနဲ့ ဆိုင်တဲ့ ကုထုံးကို သုံးရမှာပါ။

တစ်ခါတစ်ရံ ကြက်ကတော့ နာနေတာ သေချာတယ်။ ဒါပေမဲ့ ဘယ်လိုကြက်နာမျိုးလဲ သေသေချာချာ မသိနိုင်တာမျိုးလည်း ကြုံကြဖူးပါလိမ့်မယ်။ ဒီတော့ မှန်းကု (ရမ်းကု) ကြတာပေါ့။

သာမန်အားဖြင့် Virus ကြောင့်ဖြစ်တဲ့ ကူးစက်ရောဂါတွေအတွက် ကုသဆေးမရှိတတ်ပါ။ ရောဂါဝင်စအချိန်မှာ ကာကွယ်ဆေးကိုပဲ သုံးကြရတယ်။ ကာကွယ်ဆေးမှာပါတဲ့ အပျော့စား Virus က ကိုယ်ထဲကို လက်ဦးပြီး ရောက်သွားရင် နောက်ကျမှ ကူးစက်ဝင်ရောက်လာမဲ့ ရောဂါဖြစ်နိုင်တဲ့ Virus ကိုဝင်မလာနိုင်အောင် ဟန့်တားပေးနိုင် (interfere လုပ်နိုင်တဲ့) အကျိုးရစေနိုင်ဖို့ပါ။ ပြီးတော့ ကာကွယ်ဆေးကြောင့် ရောဂါကာကွယ်မှု ဖြစ်စေမဲ့ ပစ္စည်း (antibody)တွေ ထွက်လာပြီး ရောဂါကို ရေရှည်အကာအကွယ်ပေးနိုင်လို့ပါ။

တခြားရောဂါတွေအတွက်တော့ အများအားဖြင့် ကုသဆေးတွေ ရနိုင်ကြပါတယ်။

ဘက်တီးရီးယားရောဂါတွေအတွက် ကုသပေးဖို့ (ကာကွယ်ပေးဖို့) ပိုးသတ်ဆေးလို့ အများပြောနေကြတဲ့ ပဋိဇီဝဆေး (antibiotics) တွေရှိပါတယ်။

မှိုကြောင့်ဖြစ်တဲ့ ရောဂါတွေအတွက် ကြက်တွေကို တိုက်ကျွေးနိုင်တဲ့ မှိုသတ်ဆေးတွေ ရနိုင်တယ်။ အစာမှာပါတဲ့ မှိုဆိပ်ကြောင့် ဖြစ်တဲ့ရောဂါတွေအတွက်တော့ မှိုကင်းတဲ့ အစာသုံးဖို့ မှိုတားဆေးတွေ အစာမှာထည့်ဖို့ အစာထုတ်လုပ်ရောင်းချသူတွေက လုပ်ပေးနေကြပါတယ်။

Protozoa တွေကြောင့်ဖြစ်တဲ့ ရောဂါတွေအတွက် ကုသဆေး/ကာကွယ်ဆးတွေရှိပါတယ်။ ဥပမာ - သွေးဝမ်းရောဂါလိုမျိုးပေါ့။ သွေးဝမ်းကာကွယ်ဆေး၊ သွေးဝမ်းကုသဆေး ရနိုင်ပါတယ်။

ကြက်ကိုယ်ပေါ်မှာ တွယ်ကပ်တဲ့ သန်းမွှားစတဲ့ ကပ်ပါးပိုးတွေအတွက် ကုသဆေးတွေရှိလို့ သုံးနေကြပါတယ်။

ကြက်ကိုယ်ထဲမှာ တွယ်ကပ်တဲ့ သန်ကောင်တွေအတွက် သန်ချဆေးအမျိုးမျိုးရှိပါတယ်။ သုံးကြပါတယ်။ ဆေးတင်သွင်းရောင်းချသူတွေက ဆေးတွေစုံအောင် သွင်းနေကြပြီး ဆေးတွေကို ဘယ်ပုံဘယ်နည်း အသုံးပြုရမယ်ဆိုတာပါ ညွှန်ပြပေးနေတဲ့အတွက် အခက်အခဲမရှိ ဝယ်ယူသုံးစွဲနိုင်ကြပါတယ်။

အပိုင်း(၂) မှာဆက်လက်ဖော်ပြပေးပါဦးမည်။

ဒေါက်တာအောင်မြင့် ရေးသားသော ဆန်းသစ်လာသော ကြက်ရောဂါပြဿနာများမှ ကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။


ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်