သွင်းအားစုစရိတ်များ မြင့်တက်နေသည့်အတွက် မိုးစပါးစိုက်ပျိုးသည့် ကုန်ကျစရိတ် ယခင်ကထက် (၂) ဆတိုးကုန်ကျ
၂၀၂၁ ခုနှစ် မိုးဦးရာသီတွင် သွင်းအားစုစရိတ်များမြင့်တက်နေသည့်အတွက် မိုးစပါးစိုက်ပျိုးသည့် ကုန်ကျစရိတ်မှာ ယခင်နှစ်ကထက် (၂)ဆခန့် တိုးမြင့်ကုန်ကျခဲ့ကြောင်း တောင်သူများက ပြောသည်။
ကျွန်တော့်လယ်က တစ်ဧကကို ပျမ်းမျှအားဖြင့် စပါးတင်းတစ်ရာနှုန်းဝန်းကျင်တော့ ထွက်ပါတယ်။ ဆင်းသုခစပါး တစ်ဧကအတွက် စုစုပေါင်းစိုက်စရိတ်က ပုံမှန်ဆိုရင် ငွေတစ်သိန်းရှစ်သောင်းကျပ်လောက်ပဲ ကုန်ကျတယ်။ ဒီနှစ်အနေအထားအရတော့ တစ်ဧကကို စိုက်စရိတ် သုံးသိန်းလောက်ကျသွားမယ်။ စပါးပေါ်တဲ့အချိန်မှာ ဈေးနှုန်းကျဆင်းတာမျိုး ကြုံရတတ်ပါတယ်။ ဒီနှစ်ဆိုရင် သွင်းအားစုစရိတ်တွေက တက်နေတော့ ပိုဆိုးတာပေါ့ ခင်ဗျာ။
ဟု ပဲခူးတိုင်းဒေသကြီး၊ ဇေယျဝတီမြို့၊ ဖြူးမြို့နယ်မှ မိုးစပါးစိုက်ပျိုးသူ ကိုအောင်ခိုင်မင်းက ပြောသည်။
မိုးစပါးစိုက်ပျိုးကြရာတွင် အများအားဖြင့် ဇွန်လတွင် ပျိုးထောင်၍ ဇူလိုင်လတွင် စတင်စိုက်ပျိုးလေ့ရှိကာ အောက်တိုဘာလကုန်တွင် ရိတ်သိမ်းကြသည်။
စပါးပေါ်သည့်ရာသီချိန်တွင် ဈေးနှုန်းကျဆင်းခြင်းကို တောင်သူများ နှစ်စဉ်ကြုံတွေ့ရလေ့ရှိပြီး၊ တချို့ဒေသများတွင် ဈေးကွက်တိုက်ရိုက်မရှိဘဲ တစ်ဆင့်ခံတင်ပို့ရောင်းချရသဖြင့် လမ်းပန်းဆက်သွယ်ရေးကုန်ကျစရိတ်များလည်း ကုန်ကျနေကြောင်း သိရသည်။
ကျွန်တော်တို့က တောင်ငူမြို့ပေါ်ကို စပါးတင်ပို့ရောင်းချပါတယ်။ နယ်အဝယ်ဒိုင်တချို့က ဆင်းဝယ်ကြတာမျိုးလည်း ရှိတတ်ပါတယ်။ ဈေးကွက်အခက်အခဲကတော့ ကျွန်တော်တို့ဘက်မှာ ဒေသအဝယ်ဒိုင်တွေမရှိဘူး။ အဝေးကိုတင်ပို့ရတဲ့အတွက် လမ်းခရီးတင်ပို့တဲ့ ကုန်ကျစရိတ်က နည်းနည်းဈေးကြီးတာပေါ့။ သယ်ခ ပို့ခတွေ ပိုကုန်သွားတာပေါ့။ ဒါ့ကြောင့် ခါတိုင်း စပါး (၁၆) ပြည်တစ်တင်းကို ခြောက်ထောင်ကျပ်လောက်ရရင် တွက်ခြေကိုက်ပေမယ့် အခုနှစ်က စိုက်စရိတ်ပိုများတဲ့အတွက် စပါးတစ်တင်းကို ရှစ်ထောင်/ကိုးထောင်ကျပ်လောက်ရမှ အဆင်ပြေမယ့်သဘော ဖြစ်နေပါတယ်။
ဟု ကိုအောင်ခိုင်မင်းက ဆက်လက်ပြောသည်။
မိုးစပါးစိုက်ပျိုးရာတွင် မိုးခေါင်ရေရှားသည့်ဒေသများ၌ ကြဲပက်စနစ်ဖြင့် အများစုစိုက်ပျိုးကြပြီး၊ ရေအလုံအလောက်ရရှိသည့်ဒေသများတွင်မူ သမန်းဆွဲစနစ်ဖြင့် စိုက်ပျိုးလေ့ရှိကြသည်။
ဆက်စပ်မေးခွန်းများ
ဆရာတို့ခင်ဗျာ အောက်ကပုံက အရင်နေ့ကမှိုကျလို့မေးထားတဲ့ပုံပါခင်ဗျာ ဆရာတို့ပြောသလို မှိုဆေးသုံးထားပြီးပါပြီ မြေဩဇာအနေနဲ့ ပိုတက်သုံးရမလား ဘာမြေဩဇာသုံးရပါမလဲခင်ဗျာ ဘယ်နှစ်ရက်လောက်ကြာရင်သုံးရမလဲနဲ့ တစ်ဧကကိုဘယ်လောက်နှုန်းနဲ့ သုံးရပါမလဲ ဖြေပေးပါအုံးခင်ဗျာ
U San • ဖြေကြားချက် 3 ခု
စပါးဆစ်ပိုးကိုဘယ်လိုကာကွယ်ရမလဲ နောက်ပြီးဖလံဥမြုံနဲ့ဖလံကောင်များကိုအထိရောက်ဆုံးနိမ်နင်းပေးနိုင်မဲ့ဆေးတေကိုညွန်ပေးပါအုံး
Htun Aung Zaw • ဖြေကြားချက် 1 ခု
ပုံပါ ပိုးက ဒူးရင်းပင် ပင်စည် အပြင်ခွံတွေ ကိုက်စားနေလို့ပါ ကာကွယ်နှိမ်နင်း နိုင်မည့် ဆေးညွန်းပေးပါဦးခင်ဗျ
ချိုကြီး • ဖြေကြားချက် 3 ခု
မင်းဧရာစပါးအစေ့ကအညိုရောင်လေးတွေဖြစ်ပြီးအပိန်လေးတွေဖြစ်နေလို့ဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
ပိုးလားမှိုလားခင်ဗျ ပိုးဆေးကအာဘာမက်တင် ပရိုဖီနိုဖော့ဖြန်းထားပါတယ်ခင်ဗျမှိုဆေးကတော့ကော့ပါး +ကာဇူကာမိုင်ဇင်သုံးထားပါတယ် အမိုင်နိုပါတဲ့အားဆေးကိုပိုးဆေးးနဲ့တွဲပြီးဖြန်းထားပါတယ်ခင်ဗျ အဆင်ပြေမဲ့ဆေးနဲ့လိုအပ်ချက်တွေညွန်းပေးပါအုံးခင်ဗျ
ခင်ဇော်ဝင်း • ဖြေကြားချက် 4 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
14/09/2026
မီးတောင်ပေါက်ကွဲမှုနောက်ကွယ်က စိုက်ပျိုးရေးအကျိုးကျေးဇူး
14/09/2026
အိန္ဒိယဝယ်လိုအားကြောင့် ပို့ကုန်ပဲအချို့ဈေးလှုပ် (တစ်ပတ်စာဈေးကွက်သုံးသပ်ချက်)
14/09/2026
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
11/09/2026
သီးလှည့်စိုက်ပျိုးခြင်းဖြင့် ရေရှည်အကျိုးအမြတ်ရယူနည်း
11/09/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022