တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၃၁.၈ -၄.၉.၂၀၂၆)
အိမ်နီးချင်းနိုင်ငံများ၏ ဝယ်လိုအားနှင့် ဈေးကွက်မျှော်လင့်ချက်ကြောင့် ပို့ကုန်ပဲများနှင့် ပြည်တွင်းစားသုံးသည့် ပဲအချို့ ဈေးမာလာသည်။ သို့သော် ပြောင်းက ယခုရက်သတ္တပတ်တွင် ဈေးအနည်းငယ် ငြိမ်လာသည်။
မတ်ပဲ ပြည်တွင်းဈေးပြန်တက်
ယခုရက်သတ္တပတ် ပြည်တွင်းဈေးကွက်တွင် ဈေးနှုန်းအားပျော့နေသော မတ်ပဲက စက်တင်ဘာ ၃ ရက်နေ့တွင် ရုတ်တရက် ဈေးတက်လာသည်။
အိန္ဒိယနိုင်ငံအတွင်း ပွဲတော်ကာလ ဝယ်လိုအား အပြောင်းအလဲ၊ မိုးရာသီစိုက်ပျိုးသည့် မတ်ပဲအသစ်ပေါ်ရန် အချိန်လိုနေမှု၊ မြန်မာနိုင်ငံအတွင်း မတ်ပဲ လက်ကျန် လျော့နည်းမှုတို့က မတ်ပဲဈေး ပြန်မာရေးအပေါ် တွန်းအားဖြစ်စေသည်ဟု သုံးသပ်ချက်များလည်း ရှိနေသည်။ တစ်ဖက်တွင်လည်း ဘရာဇီးမတ်ပဲ တင်သွင်းမှု တိုးနိုင်သည့် အခြေအနေနှင့် စက်တင်ဘာ မတ်ပဲအထွက်နှုန်းက ဈေးကွက်ပေါ် သက်ရောက်မှုရှိလာမည်ဟု ခန့်မှန်းနေကြသည်။
ယခုရက်သတ္တပတ် အိန္ဒိယဈေးကွက်တွင် မြန်မာမတ်ပဲ FOB ဈေးက မတ်ပဲ FAQ တစ်တန် အမေရိကန်ဒေါ်လာ ၈၄၀၊ မတ်ပဲ SQ တစ်တန် ဒေါ်လာ ၉၂၀ ဈေးဖွင့်သည်။
မြန်မာနိုင်ငံ ဈေးကွက်တွင် မတ်ပဲ ပြည်ပရောင်းချသည့် FOB ဈေးက တည်ငြိမ်နေသည်။ မတ်ပဲ FAQ တစ်တန် ဒေါ်လာ ၈၂၅/၈၃၅၊ မတ်ပဲ SQ တစ်တန် ဒေါ်လာ ၉၀၅/၉၁၅ ဈေးဖွင့်သည်။
ပြည်တွင်းဈေးကွက်တွင် မတ်ပဲ FAQ က တစ်တန် ကျပ် ၃,၄၀၄,၀၀၀ ဖြင့် ဈေးစတင်ခဲ့ပြီး ၃,၃၉၄,၀၀၀ အထိ ဈေးဆင်း၍ စက်တင်ဘာ ၃ တွင် ကျပ် ၃,၄၂၀,၀၀၀ သို့ ဈေးပြန်ပြောင်းသည်။ မတ်ပဲ SQ ကလည်း တစ်တန် ကျပ် ၃,၇၀၄,၀၀၀ မှ ၃,၆၉၄,၀၀၀ သို့ ဈေးဆင်းပြီး ၃,၇၃၅,၀၀၀ သို့ ဈေးပြန်ပြောင်းသည်။
ပြည်တွင်းဈေး ဆက်တိုက်မာနေသည့် ပဲစင်းငုံ
အိန္ဒိယနိုင်ငံအတွင်း ပွဲတော်များအတွက် ဝယ်လိုအားရှိနေသည့် ပဲစင်းငုံက မြန်မာပြည်တွင်းဈေးကွက်တွင် တစ်တန် ကျပ် ၃၄ သိန်းအထက်သို့ ရောက်လာသည်။
အိန္ဒိယဈေးကွက်တွင် အာဖရိက ပဲစင်းငုံများနှင့် ဈေးကွက်ပြိုင်ဆိုင်နေရသည့် မြန်မာပဲစင်းငုံက ယခုရက်သတ္တပတ်တွင် FOB တစ်တန်လျှင် ဒေါ်လာ ၈၃၅ ဈေးဖွင့်သည်။
အယ်လ်နီညို ရာသီဥတု၏ သက်ရောက်မှုအပေါ် စိုးရိမ်နေသည့် အိန္ဒိယအစိုးရက အရံသိုလှောင်ထားသော ပဲစင်းငုံများကို ဆက်ကိုင်ထားသည်။ ထို့ကြောင့် ပြည်ပတင်သွင်းမှု အခြေအနေ အပြောင်းအလဲနှင့် ပြည်တွင်း ဝယ်လိုအားက ဈေးကွက်အပေါ် သက်ရောက်မှုရှိနေသည်။
မြန်မာဈေးကွက်တွင် ပဲစင်းငုံ ပြည်ပရောင်းချသည့် FOB ဈေးက ငြိမ်နေပြီး ပြည်တွင်းဈေးက ရက်သတ္တပတ်အတွင်း ပဲတစ်တန် ကျပ် ၉၀,၀၀၀ ခန့် ဈေးတက်လာသည်။ ပဲစင်းငုံ (နီ) FOB ဈေးက ပဲအဟောင်းတစ်တန် ဒေါ်လာ ၇၆၀/၇၇၀၊ ပဲသစ်တစ်တန် ဒေါ်လာ ၇၉၀/၈၀၀ ဈေးဖွင့်သည်။
ယခုရက်သတ္တပတ် (စက်တင်ဘာ ၃ ရက်အထိ) ပဲစင်းငုံ (နီ) ပြည်တွင်းဈေးက တစ်တန် ၃,၃၂၅,၀၀၀ မှ ၃,၄၁၅,၀၀၀ သို့ ဈေးပြောင်းသွားသည်။

ပြောင်းဈေး အပြောင်းအလဲ
အခွန်ကင်းလွတ်ခွင့်ဖြင့် ပြောင်းတင်သွင်းမှုကို ထိုင်းနိုင်ငံမှ ရပ်ဆိုင်းလိုက်သော်လည်း လာမည့်နှစ်အတွက် ပြောင်းသီးနှံအပေါ် မျှော်လင့်ချက်များ ရှိနေသည်။
တစ်နှစ် ပြည်ပမှ ပြောင်းတန်ချိန် ၄ သန်းကျော် တင်သွင်းနေရသည့် ထိုင်းနိုင်ငံ၏ မွေးမြူရေးအစားအစာ ထုတ်လုပ်ရေး ကဏ္ဍကြီးက ပြောင်းတင်ပို့သူများအတွက် ဈေးကွက်ကြီးတစ်ခု ဖြစ်နေသည်။
လက်ရှိ ပြည်တွင်းပြောင်းဈေးက ရန်ကုန်ဈေးကွက်တွင် ဈေးငြိမ်နေပြီး မန္တလေးဈေးကွက်တွင် ဈေးအနည်းငယ် ပြန်ဆင်းလာသည်။ ရန်ကုန်ဈေးကွက်တွင် ပြောင်း FOB ဈေးက တစ်တန် ဒေါ်လာ ၂၇၀/၂၈၀ ဈေးဖွင့်သည်။ ပြည်တွင်းပြောင်းဈေးက တစ်ပိဿာ ကျပ် ၁,၇၈၀/၁,၈၀၀ ဈေးဖွင့်သည်။
ပြီးခဲ့သည့် ရက်သတ္တပတ် မန္တလေးဈေးကွက်တွင် ရှမ်းပြောင်း တစ်တန် ကျပ် ၁,၀၃၀,၀၀၀ ကျော် ဈေးဖွင့်သော်လည်း ယခုရက်သတ္တပတ်တွင် ၉၈၆,၀၀၀ ကျော်သို့ ဈေးပြန်ဆင်းသည်။ CP ပြောင်းသစ်ကလည်း တစ်တန် ကျပ် ၁,၁၃၀,၀၀၀ ကျော်မှ ၁၀ သိန်းကျော်သို့ ဈေးပြောင်းသွားသည်။
ပဲကြီးဈေးမာ
ပြည်တွင်း အဓိကစားသုံးသည့် ပဲကြီးက ယခုရက်သတ္တပတ်တွင် ပြည်တွင်းဈေးသာမက ပြည်ပဈေးလည်း အနည်းငယ် မာလာသည်။
ရန်ကုန်ဈေးကွက်တွင် ပြည်ပရောင်းချသည့် ပဲကြီး FOB ဈေးက ပဲတစ်တန် ဒေါ်လာ ၈၀ ဈေးတက်လာသည်။ ပဲကြီးတစ်တန် ဒေါ်လာ ၁,၉၉၅/၂,၀၀၅ မှ ၂,၀၇၅/၂,၀၈၅ သို့ ဈေးပြောင်းသွားသည်။
သို့သော် ပြည်တွင်းဈေးက ပဲကြီး (ကုန်း) တစ်ပိဿာ ကျပ် ၁၂,၆၉၅/၁၃,၀၄၅၊ ပဲကြီး (ရွှေကျွန်း) တစ်ပိဿာ ကျပ် ၁၄,၅၁၀/၁၅,၀၄၅ ဖြင့် ဈေးဖွင့်သည်။
ပြည်တွင်းဈေးကွက်တွင် ပဲကြီးက အမျိုးအစားအလိုက် ဈေးနှုန်းအပြောင်းအလဲများ ရှိနေသည်။ လက်ရှိ လုပ်ငန်းသမားများ ပုံမှန်အဝယ်ရှိနေသဖြင့် ယခုရက်သတ္တပတ် မန္တလေးဈေးကွက်တွင် ပဲကြီး (ကြီး) က တစ်တန် ကျပ် ၁ သိန်းဝန်းကျင် ဈေးတက်လာသည်။
ပဲကြီး (ကြီး) တစ်တန် ကျပ် ၈,၆၄၀,၀၀၀ ကျော်မှ ၈,၇၅၀,၀၀၀ ကျော်သို့ ဈေးပြောင်းသွားသည်။ ပဲကြီး (လတ်) တစ်တန် ကျပ် ၈,၃၁၀,၀၀၀ ကျော်၊ ပဲကြီး (သေး) တစ်တန် ကျပ် ၈,၂၅၀,၀၀၀ ကျော် ဈေးဖွင့်သည်။
AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
သီးနှံဈေးကွက်
အကြောင်းအရာ 2
ပြည်တွင်းသီးနှံဈေးကွက်
ကိုကို
လွန်ခဲ့သော ၂ နာရီ က5.9.2026 မာ ပဲငပိ မျိုးစျေ ပိသာ၂၀ ၂သိန်းခွဲး၀ယ်ယူရတယ် စပါပြီး ခုတ်ငုတ်ကျဲးဖို့ ပါ
Kyaw Zaw Wail
လွန်ခဲ့သော ၃ နာရီ ကတင်ပေးလို့ကျေးဇူးပါ
ဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၅၅ရက်သားအစေ့ချခင်းပါ၄၅ရက်သားက၁၅ပတ်လည်၄ဧက၂အိတ်ကျွေးထားပါတယ်၁လသားမှာ၁၆ပတ်လည်၁အိတ်ပုလဲ၁အိတ်ကျွေးထားပါတယ်နောက်တစ်ပတ်ဆေးကိုဘယ်ရက်လောက်ကျွေးသင့်လဲခဗျ၁၅ပတ်လည်နဲ့ပုလဲနဲ့ပတ်သင့်လားပိုတက်နဲ့ပုလဲကျွေးသင့်လားခဗျအပင်အနည်းငယ်အားရနည်းနေလို့ပါဘယ်ရက်လောက်မှာမြေဆီပြန်ကျွေးသင့်လဲခဗျ မြေကြီးအမျိုးအစားကမြေနက်ပါနင်းရင်မြေဇကွဲလိုအရာဝတ္ထုလေးတွေရှိပါတယ်
kyaw zin • ဖြေကြားချက် 0 ခု
ယာခင်းထဲမှာသီးနှံမျိုးစေ့ ပါးတဲ့နေရာရှိနေပါတယ် နှစ်တိုင်းဖြစ်နေတာပါဆရာ တအားထူအောင်သစ်စေ့ချလဲမရပါဖူး ဘလိုလုပ်ရမလဲဆရာ
U Than Toe Aung • ဖြေကြားချက် 1 ခု
ကွမ်းနဲ့ပတ်သက်ပြီးထပ်မေးချင်ပါတယ်ဆရာ အမြစ်တွေပေါ်နေလို့ မြေပြန်ဖို့တာ ကောင်းကျိုးဆိုးကျိုးသိချင်ပါတယ် နောက်တစ်ခုက မြောင်းဘောင်မှာ မှိုလိုမျိုးတွေ တွေ့ပါတယ် သုံးသပ်ပေးပါအုံး
Zaw Myo Win • ဖြေကြားချက် 1 ခု
ပဲပုတ် ၁ဧက ကို ၂တင်း ကျဲလိုက်တာ အပျက်အစီးများရှိမလားဆိုပြီး များသွားလား ဗျ သိရင်ပြောပြခဲ့ပါအုံး
စိုးငြိမ်းထွန်း • ဖြေကြားချက် 2 ခု
နှမ်းဈေးဘယ်လမှာဈေးကောင်းနိုင်ပါသလဲ ဈေးတက်နိုင်ပါသလဲ
Daw Than Than Win • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
စိုက်ပျိုးသုတ ...စက်တင်ဘာလ
04/09/2026
တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ် သုံးသပ်ချက်
04/09/2026
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
04/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
စက်တင်ဘာလအစတွင် မတ်ပဲဈေးများ ဆက်တိုက်ကျဆင်းလာ
03/09/2026
More from AMIA
အားလုံး
စက်တင်ဘာလအစတွင် မတ်ပဲဈေးများ ဆက်တိုက်ကျဆင်းလာ
03/09/2026
ကြက်ခြံဖမ်းဈေးသာကျပြီး အသားရောင်းဈေးမကျလို့ မွေးမြူသူများအခက်ကြုံနေ
02/09/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၂၄ -၂၈.၈.၂၀၂၆)
29/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၁၇ -၂၁.၈.၂၀၂၆)
22/08/2026