အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လူနေအိမ်ခြေစိပ်လာသည့် အင်းစိန်ရွာမရှိ ဝက်သားထုတ်လုပ်ရေးစက်ရုံ ရွှေ့ပြောင်းမည်

လူနေအိမ်ခြေစိပ်လာသည့် အင်းစိန်ရွာမရှိ ဝက်သားထုတ်လုပ်ရေးစက်ရုံ ရွှေ့ပြောင်းမည်

Green Way
Green Way Greenovator 28/11/2019

လူနေအိမ်ခြေစိပ်လာသည့်အတွက် အင်းစိန်မြို့နယ်၊ ရွာမရပ်ကွက်၊ ကမ်းနားအနီးရှိ ဝက်သားထုတ်လုပ်ရေးစက်ရုံကို လာမည့် ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာနှစ်တွင် ရွှေပြောင်းသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ တိရိစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာနမှ သိရသည်။

လက်ရှိ လှိုင်သာယာမြို့နယ်အတွင်း မွေးမြူရေးဇုန်နှင့် ကပ်လျက်ရှိနေသော မြေဧက ၁၈ ဧကပေါ်တွင် ဝက်သားထုတ်လုပ်ရေး စက်ရုံအသစ်တည်ဆောက်မည်ဖြစ်၍ ယခု ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်၌ မြေကြီးဖို့၊ ခြံခတ်၍ လမ်းပိုင်းနှင့် အဆောက်အဦးပိုင်းများကိုလည်း တည်ဆောက်နေမည်ဖြစ်ကြောင်း သိရသည်။

“ရွာမမှာရှိတဲ့ ဝက်သားထုတ်လုပ်ရေးစက်ရုံက လူနေအိမ်တွေ နေရာထဲမှာ ရောက်နေတယ်။ အဲဒီနေရာမှာ ရေရှည်ထုတ်ဖို့ဆိုတာ မရတော့ဘူး။ ဒါကြောင့် လှိုင်သာယာကို ပြောင်းမှာဖြစ်တယ်။ ၂၀၂၁-၂၀၂၂ မှာ အကုန်ပြီး ရွှေ့ပြောင်းမှာဖြစ်တယ်” ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ တိရိစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာနမှ ဌာနမှူး ဦးမင်းအောင်က ပြောသည်။

ယင်းဝက်သားထုတ်လုပ်ရေးစက်ရုံ ပြောင်းရွှေ့ပြီးစီးပါကလည်း မြေအကျယ် ၁၈ ဧကရှိသည့်အတွက် လုပ်ငန်းလုပ်ကိုင်လိုသော အခြားလုပ်ငန်းရှင်များကိုလည်း ဖိတ်ခေါ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် လှိုင်သာယာမြို့နယ်၊ မွေးမြူရေးဇုန်အနီးတွင် ဝက်သား ထုတ်လုပ်ရေးစက်ရုံ တည်ဆောက်ပြီးစီးပါက ယင်းစက်ရုံမှ တစ်ရက်လျှင် ဝက်ကောင်ရေ ၉ဝဝမှ ၁ဝဝဝ ကြား ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

အေးအေးမြင့်(ABM)

sai mong khan

sai mong khan

လွန်ခဲ့သော ၅ နှစ် က

ကျွန်တော် တို့ရွာမှာမွေးမြူချင်တယ်ဆိုရင်အဆင်ပြေနိုင်ပါလား

You
Greenovator

အကြောင်းအရာ ပံ့ပိုးသူ

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

ယူရီးယားပေါင်၂၀ပိုတက်ပေါင်၂၀ဆိုရင်ပြည်နဲ့ချင်ရင်ဘယ်နှစ်ပြည်ရှိလဲခဗျ

kyaw zin • ဖြေကြားချက် 0 ခု

ရွှေဖရုံပင်တွေကို အညွန့် ဘယ်အချိန်မှာ ဖျတ်ပေးရမလဲ သပရစေခင်ဗျာ။ ဆရာများကို လေးစားလျက်🙏🙏🙏

မောင်ပေါက်ကြီး • ဖြေကြားချက် 2 ခု

အဲ့ရာဘာဖစ်တာလည်း

Ah Sai Shesoi • ဖြေကြားချက် 0 ခု

ဆရာ၊ဆရာမတိုခင်ဗျား ကောက်ရိုးမှိုပျိုးနည်း အသေးစိတ်သိချင်ပါတယ်ခင်ဗျာ။နေပြည်တော်ကပါ မှိုမျိုးစေ့ဘယ်မှာဝယ်လို့ရလဲခင် ချင်ဗျ။ဘယ်ရာသီဖြစ်ဖြစ် မှိုပျိုးလိုရ/မရသိချင်ပါတယ်ခင်ဗျ။မှိုပျိုးချင်သူအား လုပ်ဆောင်နိုင်အောင် အသေးစိတ် ပြောကြားပေးစေချင်ပါတယ်။

ဦးမောင်ကို • ဖြေကြားချက် 1 ခု

စိုက်ပျိုးရေးနဲ့မသက်ဆိုင်ပေမဲ့ ဗဟုသုတအနေနဲ့မေးချင်ပါတယ် ဒီနှစ်ဟာဝါထပ်တာလူတိုင်းသိပြီးဖြစ်ပါတယ် ဒီနေ့ စက်တင်ဘာ10ရက်နေ့ဟာ မြန်မာလ ဝါခေါင်လဆုတ်13ရက်ဖြစ်ပါတယ် အရင်နှစ်(2025)ဟာ ဝါမထပ်သောကြောင့် စက်တင်ဘာ 10ရက်(ဒီကနေ့) ဟာ တော်သလင်းလဆုတ်4ရက်ဖြစ်နေပါတယ် ထိုအရာမှာ ဒီနှစ်တော်သလင်းလဟာ အရင်နှစ် တော်သလင်းလထက် နောက်ကျ ကျန်နေပါတယ် ထို့ကြောင့် ဒီလကို တော်သလင်းလလို့ သတ်မှတ်လို့ရပါသလား ဘယ်လိုတေအမှန်ယူရမလဲ ရှင်းပြပေးပါဦးဆရာခင်ဗျ

ဦးစောမောင်ဌေး • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။