ဝါသီးနှံတွင် ဖြစ်ပေါ်လေ့ရှိသော အာဟာရချို့တဲ့မှုလက္ခဏာများ
မင်္ဂလာပါ တောင်သူဦးကြီးများခင်မျာ။
ဝါစိုက်ပျိုးထုတ်လုပ်ရာတွင် တောင်သူများအများစုသည် အာဟာရချို့တဲ့မှုလက္ခဏာ များနှင့် ရောဂါလက္ခဏာများ မှားယွင်းကြပါသည်။ ထို့ကြောင့် ဝါသီးနှံတွင် ဖြစ်ပေါ်တက် သော အာရချို့တဲ့မှုလက္ခဏာများကို တင်ပြအပ်ပါသည်။
၁။ နိုက်ထရိုဂျင် (N) ချို့တဲ့မှုလက္ခာများ

ဝါသီးနှံတွင် နိုက်ထရိုဂျင် ချို့တဲ့ခဲ့ပါက အပင်များပုနေပြီး အရွက်များ အဝါရောင် ပြောင်းသွားခြင်း၊ အရွက်ပြားပေါ်တွင် နီညိုရောင်သန်းနေခြင်း၊ ပင်စည်များနှင့် အရွက်ရိုး တံများ အနီရောင်ပြောင်းသွားခြင်း၊ ပန်းစောစောပွင့်ခြင်း၊ ပန်းပွင့်ကာလတိုတောင်းခြင်း စသည့်လက္ခဏာများတွေ့ပါသည်။
၂။ ဖော့စ်ဖောရပ်စ် (P) ချို့တဲ့မှုလက္ခဏာများ

ဝါသီးနှံတွင် ဖော့စ်ဖောရပ်စ် ချို့တဲ့သောအခါ အပင်များကြီးထွားမှု သိသိသာသာ ရပ်တန့်သွားခြင်း၊ အသက်ကြီးသော အရွက်များ အဝါရောင်ပြောင်းသွားပြီး အရွက်၏အနားသတ်များ အစိမ်းညစ်ညစ်ရောင် ပြောင်းသွားခြင်းနှင့် ဆဲလ်သေကွက်များတွေ့ရပြီး အရွယ် မတိုင်ခင် အိုသွားခြင်း၊ အသက်ကြီးသေ ာအရွက်များ၏ အရွက်ကြောကြားထဲတွင် ခရမ်း ရောင်များပြောင်းသွားပြီး အသီးများပါ ခရမ်းရောင်ပြောင်းသွားခြင်း စသည့်လက္ခဏာများ တွေ့ရပါသည်။
၃။ ပိုတက်စီယမ် (K) ချို့တဲ့မှုလက္ခဏာများ

ဝါသီးနှံတွင် ပိုတက်စီယမ်ချို့တဲ့မှု လက္ခဏာများမှာ အသက်ကြီးသော အရွက်များတွင် စိမ်းဝါရောင်အကွက်များ အရွက်အနားသတ်များတွင် ဖြစ်ပေါ်နေပြီး အရွက်၏အလယ်ထိ ပျံ့နှံ့သွားခြင်း၊ အရွက်များနှင့် အသီးများပေါ်တွင် ခရမ်းရောင်အစက်ပျောက်များ ဖြစ်ပေါ် နေခြင်း၊ အရွက်များပေါ်တွင် ဆဲလ်သေကွက်များ တွေ့ရခြင်း စသည်တို့ဖြစ်ပါသည်။
၄။ မက်ဂနီစီယမ် (Mg) ချို့တဲ့မှုလက္ခဏာများ

ဝါသီးနှံတွင် မက်ဂနီစီယမ်ချို့တဲ့မှု လက္ခဏာများမှာ အရွက်ကြီးများတွင် အရွက်ကြောများစိမ်းနေပြီး အရွက်ကြောများကြားတွင် စိမ်းဝါရောင်များဖြစ်ပေါ်နေခြင်း၊ အရွက်များပေါ်တွင် အဖြူရောင် (သို့မဟုတ်) အညိုရောင် အစက်ပျောက်များ ဖြစ်ပေါ်နေခြင်း၊ ထိုအစက်ပျောက်များပေါင်းစပ်သွားပြီး အရွက်အနားသတ်တွင် ဆဲလ်သေကွက်ကြီးဖြစ်ပေါ် နေခြင်း၊ အရွက်ကြောများကြားတွင် နီညိုရောင်အစက်များတွေ့ရခြင်း၊ အရွက်ကြီးများ အောက်ကိုကွေးကျသွားခြင်း၊ အဖူးများခြောက်သွားခြင်း စသည့်တို့ဖြစ်ပါသည်။
၅။ ဆာလ်ဖာ (S) ချို့တဲ့မှုလက္ခဏာများ

ဝါသီးနှံတွင် ဆာလ်ဖာချို့တဲ့ခဲ့ပါက အရွက်ငယ်များ အစိမ်းရောင်ဖျော့ (သို့မဟုတ်) အဝါရောင်ပြောင်းသွားသော်လည်း အရွက်ကြောများစိမ်းနေခြင်းများ ဖြစ်ပေါ်တက်ပါသည်။
၆။ ဘိုရွန် (B) ချို့တဲ့မှုလက္ခဏာများ

အရွက်ငယ်များတွင် စိမ်းဝါရောင်အကွက်များ ဖြစ်ပေါ်တက်ပြီး ထိုအကွက်များသည် အထဲသို့ ချိုင့်ဝင်သွားတက်ပါသည်။
၇။ အိုင်းရွန်း (Fe) ချို့တဲ့မှု လက္ခဏာများ

အိုင်းရွန်းချို့တဲ့မှုလက္ခဏာများမှာ အရွက်ငယ်များနှင့် သက်တမ်းအသင့်အတင့်ရှိ သော အရွက်များတွင် အရွက်ကြောများကြားထဲတွင် စိမ်းဝါရောင်ဖျော့ဖျော့ဖြစ်နေပြီး တဖြည်းဖြည်းအဝါရောင်ပြောင်းသွားခြင်း၊ အရွက်အနားသတ်များတွင် ဆဲလ်သေကွက်များ တွေ့ရပြီး ထိုဆဲလ်သေကွက်များသည် ရွက်ကြောများကြားထဲသို့ပျံ့နှံ့သွားပါသည်။
ချမ်းသာဦး
Reference
- Yara Checked IT application
Ko Zaw
လွန်ခဲ့သော ၅ နှစ် ကဘာဆေးဖျန်းရမလဲ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 3 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 4 ခု
ကျောက်စိမ်းပဒေသာပါ ဘာဖစ်နေတာလည်းမသိဘူး နွားသေး ဖြန်းရမလား ဘယ်လောက်ထည့်ရမလည်း
နံပတ်2 • ဖြေကြားချက် 1 ခု
မြေပဲ ရက်၂၀ရှိပီ နွားသေး ဆေးဖြန်းပုံး တပုံးကို နှစ်လီတာ ထည့်ဖြန်းလို့ရပါသလား ဘယ်လောက်ထည့်ရမလည်း ဘာတေနဲ့ရောဖြန်းရင် ပိုကောင်းပါသလည်း ဆရာ
နံပတ်2 • ဖြေကြားချက် 4 ခု
Photosynthetic Bacteria (PSB) - အလင်းဖြင့်အစာချက် ဘက်တီးရီးယား ကိုယ်တိုင်လုပ်လို့ရနိုင်သလား
Khing Hein • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from မောင်ချမ်းသာဦး
အားလုံး
ဥယျာဥ်မှူးများအတွက် သဘာဝမြေသြဇာ ပြုလုပ်သုံးစွဲနည်း
08/01/2021
မြေအောက်ရေထုတ်ယူသုံးစွဲမှု လျော့ချ၍ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစို့
23/12/2020
ကောက်ရိုးများကို မီးမရှို့ဘဲ အကျိုးရှိရှိအသုံးချနည်း
16/12/2020
ငှက်ပျောပင်သက်တမ်းတစ်လျှောက် လိုအပ်သောအာဟာရဓာတ်များ
03/12/2020
မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတွင် ဓာတုဆေးများအသုံးပြုမှု
18/11/2020