ငှက်ပျောပင်တွင် ကျရောက်တက်သော ပိုးမွှားများ

05/11/2018 13:35 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ငှက်ပျော ပင်စည်ထိုးကျိုင်းကောင်
ငှက်ပျောပင်စည်များကို ထိုးဖောက်စားသောက်သောကြောင့် ငှက်ပျောပင်တွင် ဒဏ်ရာရကာ ယင်းနေရာတွင် ငှက်ပျောပင်များ လဲပြိုကျရသည်။ အထူးသဖြင့် ငှက်ပျောပင်၏ ခေါင်းနှင့်ပင်စည်ကို ထိုးဖောက်စားသောက်ကြသည်။ အပင်ငယ်စဉ်ကျရောက်ပါက ဖျက်ဆီးမှုများသော်လည်း သေသွားသော ငှက်ပျောပင်ငယ်များကို ချက်ချင်းအစားထိုးနိုင်သည်။ စိုက်ကျင်းအသစ် ပြန်တူးကာ မီးရှို့ခြင်း၊ ဆေးဖျန်းခြင်းများ ဆောင်ရွက်နိုင်၍ ပိုးကိုသုတ်သင်ပြီးသားဖြစ်သွားပြီး အပင်သစ်ကို ကောင်းမွန်စေနိုင်သည်။ အပင်ကြီးမှကျပါက သီးဆဲအပင်၊ သီးကာနီးအပင်များ ဆုံးရှုံးရသဖြင့် ဆုံးရှုံးမှုကြီးမားသည်။ သီးကာနီး အပင်များ သီးခိုင်မထွက်နိုင်တော့ချေ။

ငှက်ပျောပင်စည်ထိုးပိုးသည် ပိုးတောင်မာ ကျိုင်းအမျိုးအစားဖြစ်၍ ဆန်ပိုးကဲ့သို့ နှာတံရှည်ကျိုင်းဖြစ်သည်။ ၁/၂ စင်တီမီတာခန့်ရှည်သည်။ နီညိုရောင်၊ အနက်ရောင်စသည်ဖြင့် ရှိသည်။ ကျိုင်းမကြီးသည် ငှက်ပျောပင် ပင်ခြေရင်းတွင် ပင်စည်၊ ခေါင်းတို့ကို ထွင်းဖောက်၍ ဥများကို ဥလေ့ရှိသည်။ ဥဘဝတွင် (၇)ရက်ခန့်နေပြီး ဥမှပေါက်သော ပိုးလောက်ကောင်သည် ဖြူဝါရောင်ရှိ၍ ငှက်ပေျာခေါင်း၊ ပင်ခြေရင်းတို့ကို ထွင်းဖောက်စားသောက်ကြသည်။ ပိုးလောက်ကောင်များသည် ခြေထောက်များ မပါရှိခေျ။ ပိုးလောက်ကောင်ဘဝတွင် ရက် (၂၀) ခန့် နေထိုင်စားသောက်ပြီးနောက် ရုပ်ဖုံးဘဝတွင် (၇) ရက်ခန့်သာ ကြာသည်။ အကောင်ကြီးဘဝတွင် (၂) နှစ်ခန့်ကြာတတ်သည်။ ရုပ်ဖုံးမှ ထွက်ကာစတွင် နီညိုရောင်ရှိ၍ မကြာမီအရောင်ပြောင်းသွားသည်။


ကာကွယ်နှိမ်နင်းပုံ
၁။ ငှက်ပျောပင်စိုက်ကျင်းတွင် ထည့်သော နွားချေးများသည် ကောင်းမွန်စွာ ဆွေးမြေ့ရမည်။
၂။ ငှက်ပျောရုံအရင်းတွင် သန့်ရှင်းရေးပြုလုပ်ရမည်။ အထူးသဖြင့် ငှက်ပျောခိုင်ခုတ်ပြီးနောက် အရွက်အလက်ခြောက်များကို ငှက်ပျောရုံခြေရင်း၌ ဖုံးထားတတ်သော အလေ့ကို ပယ်ဖျောက်သင့်သည်။
၃။ ထိသေစားသေ ပိုးသတ်ဆေးတစ်မျိုးမျိုးကို စိမ်ထားသော ကောက်ရိုးပြတ်စများကို ပင်ခြေရင်း၌ ဖြန့်ခင်းထားသင့်သည်။
၄။ အပင်ခြေရင်းကို မြေအနည်းငယ်ဆွ၍ အငွေ့ထွက်နိုင်သော ပိုးသတ်ဆေးပက်ဖျန်းကာ မြေဖြင့် ပြန်ဖုံးပေးထားရမည်။
၅။  အခဲအမျိုးအစား ပိုးသတ်ဆေးကိုလည်း ပင်ခြေရင်း မြေအတွင်း၌ ထည့်ပေးရမည်။
၆။ သန့်ရှင်းရေးသည် အရေးကြီးသဖြင့် ပင်ခြေရင်းသာမက ခြံတစ်ခုလုံးကို သန့်ရှင်းရေးပြုလုပ်ပေးရမည်။

လှေးပိုး
လှေးပိုးသည် ငှက်ပျောပင်စည်ကို ကိုက်ဖြတ်စားသောက်သော ပိုးအမျိုးအစားတွင်မပါဝင်ဘဲ သစ်ရည်စုပ်သော ပိုးအမျိုးအစားဖြစ်သည်။ အကောင်ကြီးဘဝတွင် (၁.၅) မီလီမီတာ အရွယ်ရှိ၍ နက်ညိုရောင်ရှိသည်။ များသောအားဖြင့် ငှက်ပျောရွက်အလိပ်များ၊ ငှက်ပျောဖီးများကြားတွင် နေထိုင်စားသောက်ကြသည်။ ငှက်ပျောဖီးတွင် ကျရောက်ပါက ငှက်ပျောသီးများတွင် အကွက်အပြောက်များ ဖြစ်ပေါ်စေကာ အသီးများမလှတော့ချေ။ အသီးများကွဲအက်လာသည်။ မကြာမီ အသီးများပုပ်ပြီး အသီးပုပ်ရောဂါ ဖြစ်လာစေသည်။
ဤပိုးကြောင့် ငှက်ပျောပင် ထိခိုက်မှုကို အလွန်အကျွံမဖြစ်စေသော်လည်း ငှက်ပျောခြံတစ်ခုလုံးကို ဖျက်ဆီးနိုင်သော ရောဂါပိုးများကို သယ်ဆောင်နိုင်သည်။

ဤပိုးကို ကာကွယ်နိုင်ရန်အတွက် ပိုးသတ်ဆေးဖျန်းရန် မလွယ်ကူပါ။ ငှက်ပျောခိုင်ကို ပလက်စတစ်အိတ်အပြာရောင်ဖြင့် တစ်ခိုင်လုံးကို စွပ်ပေးထားခြင်းဖြင့် ကာကွယ်နိုင်သည်။

ပျပိုး
ငှက်ပျောပင်များတွင် ထင်သာမြင်သာအောင် ကျရောက်ဖျက်ဆီးမှုနည်းသော်လည်း သစ်ရည်စုပ်ပိုးဖြစ်သဖြင့် ရောဂါများကို သယ်ဆောင်ဖြန့်ဖြုးသော ပိုးဖြစ်သည်။ ပျပိုးများကို တစ်ပင်မှတစ်ပင်သို့ သယ်ယူပို့ဆောင်ပေးသော ပိုးကောင်မှာ ပုရွက်ဆိတ်များဖြစ်သဖြင့် ပုရွက်ဆိတ်ကို နှိမ်နင်းသုတ်သင်ပေးရမည်။

ပျများကို ငှက်ပျောပင်ငယ်များ၏ အောက်ပိုင်းအရွက်များ၏ အောက်မျက်နှာပြင်တွင် တွေ့ရတတ်သည်။ ရွက်ရိုး၊ အလယ်ရွက်ကြောမကြီးများတို့တွင် တွယ်ကပ်စားသောက်ကြသည်။ အရွယ်မရောက်ခင် ပျကောင်များသည် ကိုယ်ခန္ဓာထက်ရှည်လျားသော ဦးမျှင်ရှိပြီး အကောင်ကြီးဘဝတွင် အတောင်ပေါက်လာတတ်သည်။ တစ်ပင်မှတစ်ပင်သို့ ပျံသန်း၍ ကူးစက်နိုင်သည်။ အကောင်ကြီးဘဝတွင်  အရွက်အောက်မျက်နှာပြင်တွင် တစ်စုတစ်ဝေးတည်း စုပြုံ၍ တွေ့ရတတ်သည်။

တွယ်ဆေးထည့်ဖျော်ထားသော စိမ့်ဝင်သတ္တိရှိသည့် အင်းဆက်ပိုးသတ်ဆေးကို အပင်၏ အောက်အရွက်များ၏ အောက်မျက်နှာပြင်များကို ဂရုပြုပက်ဖျန်းပေးရမည်။ အပင်ငယ်သားတက်များကို အလေးထားပက်ဖျန်းရမည်။

မောင်ဌေးအန့် (ကွမ်းနှင့်တွဲဖက်သီးနှံ စနစ်တကျ စိုက်ပျိုးနည်း)


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်