ရိတ်သိမ်းချိန်လွန် အဆုံးအရှုံးတွေ

05/11/2019 12:00 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မင်္ဂလာရှိတဲ့ နေ့လေးဖြစ်ပါစေ

စိုက်ထား၊ ပျိုးထားတာတွေအများကြီး အောင်မြင်နေတယ်။ အဲ့အထိကတော့ လုပ်နေကိုင်နေကြ တောင်သူ ဦးကြီးတွေက စိုက်တတ်ပ၊ အထွက်တွေ (၁၀၀) ကျော် (၂၀၀) နီးပါးထွက်အောင် လုပ်တတ်ကြပ။ အဲ့ဒါက အဆင်ပြေပါသေးတယ်။ နောက်ပိုင်းကျတော့ ဆုံးရှုံးတာတွေ တွေ့လာကြရတယ်။

ရိတ်သိမ်းချိန်မှာဖြစ်တတ်တဲ့ အလေအလွင့်တွေ

ရိတ်သိမ်းချိန်မှာဖြစ်တတ်တဲ့ ဆုံးရှုံးမှုတွေဆိုတာက ကြွက်ကိုက်တာပဲမဟုတ်ပါဘူး။ အရည်အသွေးရော အရေအတွက်ရော လေလွင့်ဆုံးရှုံးတာကို ဆိုလိုပါတယ်။ အဲ့လို ဆုံးရှုံးလေလွင့်မှုတွေဆိုတာက ထုတ်လုပ်လိုက်ပြီးတော့ စားသုံးတဲ့အဆင့်အထိ ကြားထဲမှာဖြစ်ပျက်သွားတဲ့အဆင့်တိုင်း အဖြစ်တိုင်းက ဆုံးရှုံးမှုတွေကို ဆိုလိုပါတယ်။

စိုက်ပျိုးရေးပိုင်းက အလေအလွင့်တွေ

ဖြစ်တာပေါ့။ သီးနှံရိတ်သိမ်းချိန်မှာဖြစ်တဲ့ ဆုံးရှုံးတာတွေကို အရည်အသွေးရော အရေအတွက်ကိုရော ထည့်ပြီးတော့တွက်ရပါတယ်။ စပါးဆိုလည်း ကွင်းထဲမှာ ကျန်တာတွေ၊ လှန်းထားတုန်း မိုးမိတာတွေဆိုရင် ဈေး ကောင်းကောင်းမရနိုင်တာကြောင့် ဆုံးရှုံးတာပါပဲ။

လတ်လတ်ဆတ်ဆတ်စားရတဲ့ သီးနှံတွေမှာလည်း ဆုံးရှုံးမှုတွေဖြစ်တာပေါ့။ ရောထွေးစရာတစ်ခုတော့ ရှိတယ်၊ ထိခိုက်မိတာနဲ့ ဆုံးရှုံးတာမတူပါဘူး။ ထိခိုက်တယ်ဆိုတာက သုံးလို့ရစရာကျန်သေးပြီးတော့ လေလွင့်တာက လုံးဝသုံးလို့မရတော့တဲ့အခြေအနေကို ဆိုလိုတာပါ။

သီးနှံရိတ်သိမ်းတဲ့အချိန်ကနေစလို့ စားသုံးတဲ့အချိန်ထိ ဆုံးရှုံးမှုတွေကို ယျေဘုယတွက်ချက်ကြည့်တဲ့အခါ အောက်ကအတိုင်း တွေ့ရမှာဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်က အရှေ့အာရှမှာတွေ့ရတဲ့ လေ့လာချက်တွေပါ။

 

အစားအစာ ဆုံးရှုံးမှုတွေ

ဘာကိုဆိုလိုတာလဲဆိုတော့ စားလို့ရတဲ့အရာတွေဆုံးရှုံးသွားတာကို အရေအတွက်ဆုံးရှုံးမှု၊ အာဟာရတန်ဖိုးတွေ ဆုံးရှုံးသွားတာက အရည်အသွေးဆုံးရှုံးမှုလို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကြီးက သတ်မှတ်ထားပါတယ်။ အဲ့လို အစားအစာဆုံးရှုံးမှုတွေဆိုတာက ထုတ်လုပ်တဲ့အချိန်မှာရော၊ ရိတ်သိမ်းတဲ့အချိန်မှာရော၊ ထုပ်ပိုးတာ တစ်ခြားအသွင်ပြောင်းလဲထုတ်လုပ်တာ စတဲ့လုပ်ငန်းစဉ်တွေတိုင်းမှာ ဖြစ်ပေါ်နိုင်ပါတယ်။ ဖြစ်ရတဲ့အကြောင်းရင်းတွေမှာဆိုရင် လုံလောက်တဲ့ အဆောက်အဦတွေမရှိတာ၊ သယ်ယူပို့ဆောင်ရေးတွေ ကောင်းကောင်းမွန်မွန်မရှိတာ၊ နည်းပညာတွေ ကောင်းကောင်းမသုံးနိုင်တာ၊ ကျွမ်းကျင်မှု၊ အသိပညာနဲ့ စီမံအုပ်ချုပ်မှုတွေ လိုအပ်တာနဲ့ ဈေးကွက်မသေချာတာတွေကြောင့်ဖြစ်ပါတယ်။

အစားအစာ အလေအလွင့်ဖြစ်မှု

အစားအစာအလေအလွင့်ဖြစ်တယ်ဆိုတာက လူသားတွေစားသုံးပြီးတော့ ကျန်တာတွေကိုလည်း ထည့်တွက်ပါတယ်။ အဲ့လို စားမကုန်လို့ဖြစ်ဖြစ်၊ မစားချင်လို့ပဲဖြစ်ဖြစ်၊ အသိမ်းလွန်ပြီး ရက်လွန် ရက်ကျော်သွားတဲ့ အစားအစာပဲဖြစ်ဖြစ် အကုန်လုံးကို ထည့်ပြီးတော့တွက်ပါတယ်။ ဆိုင်မှာကြာနေတဲ့ စားသုံးကုန်ပစ္စည်းတွေကိုလည်း ထည့်တွက်ပါတယ်။

အဲ့လို ဆုံးရှုံးမှုတွေမှာဆိုရင် တစ်ချို့ဟာတွေက စားသုံးလို့ရနေတဲ့အရာတွေ ဖြစ်နေပါတယ်။ အဲ့ဒါကြောင့် “အစားအစာအလေအလွင့်တွေဟာ လူသားတွေစားသုံးဖို့ အစားအစာဆုံးရှုံးသွားတာပါပဲ” လို့ Hodges က ၂၀၁၁ မှာပြောခဲ့ပါတယ်။ ရှေးလူကြီးတွေဆိုလည်း ထမင်းကျန် ဟင်းကျန်တာ လုံးဝမကြိုက်ကြပါဘူးနော်။ ထမင်းတစ်စေ့ဆို တစ်စေ့ အပြောခံရပါတယ်။

ကဲ ဒီနေ့မှာ စိုက်ရေးပျိုးရေးကနေ ဆုံးရှုံးတတ်တဲ့ အမျိုးအစားတွေကိုသိပြီးတော့ မဖြစ်အောင် သတိထားမိနိုင်ကြမယ်လို့ ထင်ပါတယ်။

ထွန်းဝင်းကျော်

Reference

Victor Kiaya, Scientific & Technical Department POST-HARVEST LOSSES, AND STRATEGIES TOREDUCE THEM, January 2014.


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်