ပေါင်းပင်၏မျိုးပွားပုံအလေ့အထများနှင့် ပေါင်းလိုက်ချိန်များ

12/01/2018 10:11 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

သီးနှံများအလိုက် အကောင်းဆုံးပေါင်းလိုက်ချိန်များ

(၁) ပျိုထောင်စပါး - ရွှေ့စိုက်ပျိုး ၁၅ ရက် နှင့် ၃၀ ရက် (သို့) ရွှေ့စိုက်ပျိုး ၁၀-၁၅ ရက်နှင့် ၃၀ ရက် - ( ၂/၃ ကြိမ်)
(၂) ယာစပါး - စိုက်ပြီး ၄၀ ရက်အတွင်း - (၂/၃ ကြိမ်)
(၃) ပဲပုပ် - စိုက်ပြီး ၂၁ ရက်နှင့် ၄၂ ရက် - (၂ ကြိမ်)
(၄) ပဲမျိုးစုံ - စိုက်ပြီး ၂၁ ရက်နှင့် ၄၂ ရက် (၂ ကြိမ်)
(၅) ပြောင်းနှင့် ပဲသီးညှပ် - စိုက်ပြီး ၂၁ ရက်နှင့် ၄၂ ရက် (၂ ကြိမ်)
(၆) ကြက်သွန်နီ - ပန်းပွင့်ချိန်၊ ဥ ဥချိန်အတွင်း (၂/၃ကြိမ်)
(ရ) ကြက်သွန်ဖြူ - စိုက်ပြီး ၂၁ ရက် နှင့် ၄၂ ရက် (၂ ကြိမ်)
(၈) ခရမ်းချဉ် - ရွှေ့ပြောင်းစိုက်ပြီး (၂ကြိမ်)
(၉) မြေပဲ - ပင်ထောင် ၁၅ - ၂၀ ရက်သား (၂ကြိမ်)
                - ပန်းမပွင့်မီ ( ၁ကြိမ်)
(၁၀) နှမ်း - ၁၀ - ၁၅ ရက်သား (၁/၂ ကြိမ်)
(၁၁) နေကြာ - ၁၅ -၂၀ ရက်သား (၁/၂ ကြိမ်)

ပေါင်းပင်တစ်ပင်မှ ထုတ်လုပ်နိုင်မည့်မျိုးစေ့ အရေအတွက်

(၁) ဆင်ငိုမြက် - ၅၀၀၀
(၂) လက်သဲကွဲမြက် - ၁၅၀၀၀
(၃) မြက်မုံညှင်း - ၃၀၀၀
(၄) ကတောက်ဆတ် - ၆၀၀၀၀
(၅) ခွေးသေးပန်း - ၄၀၀၀၀
(၆) ဟင်းနုနွယ်ဆူးပေါက် - ၂၃၅၀၀၀ 

ပေါင်းပင်အမျိုးအစားအလိုက်မျိုးပွားနည်း

(၁) မြက်မုံညှင်း - လိင်မဲ့မျိုးပွားနည်း
(၂) သက်ကယ် - ဥ၊ ပင်စည်
(၃) မြေစာမြက်၊ မှိုနတို - ပင်စည်
(၄) ရေဇလပ် - ပင်စည်၊ သားတတ်
(၅) မြက်သီး၊ ခွေးအမြီးဖုတ် - အမြစ်၊ ပင်စည်
ပေါင်းပင်များနှိမ်နင်းရန် အဓိကအချက်မှာ အလင်းရောင်မရအောင်အရိပ်လုပ်ခြင်းနှင့် မြေကိုဖုံးပေးထားပေးပြီး ပေါင်း ပေါက်ရောက်ရန်နေရာမရှိစေခြင်းဖြစ်သည်။
ပေါင်းပင်များလျင်မြန်စွာနှိမ်နင်းနည်း
(၁) ဖြတ်ပစ်ခြင်း (သို့) တူးပစ်ခြင်း။
(၂) မြေကို (၃) လက်မအထူ ကောက်ရိုးမြက်ခြောက်ဖြင့် ဖုံးထားပြီး အလင်းရောင်မရအောင်ပြုလုပ်ပေးခြင်း။
(၃) လျင်မြန်စွာကြီးထွားသော နွယ်ပင်များကို မြေကြီးကိုဖုံးအုပ်ပေးခြင်းဖြင့် ပေါင်းများသက်သာစေသည်။ ဥပမာ - ရွှေဖရုံပင်၊ ကန်စွန်းပင်၊ ပဲပင်များ။
ပေါင်းနှိမ်ရန် အပင်ကြီးများကို စိုက်ပျိုးခြင်းဖြင့် အမြဲတမ်းအရိပ်ဖြစ်စေသည်။ အလွှာလိုက်စိုက်သော စနစ်တွင် အနိမ့်အမြင့်မတူညီအပင်များကို ရော၍စိုက်ထားခြင်းသည် အထိရောက်ဆုံးစနစ်ဖြစ်သည်။

 ဘက်စုံသီးနှံဖျက်ပိုးကာကွယ်နှိမ်နင်းနည်း သင်တန်းတန်းမှတ်စု(FSWG)


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်