စပါးပင်ကြီးထွားမှုအလိုက် ရက် ဘယ်လိုတွက်မလဲ..?
ဆရာခင်ဗျား..စပါးမှို့ကပ်ချိန်ကို သိနိုင်ဖို့ ရက်တွက်နည်း သိချင်ပါတယ်ဗျ၊
ပြီးတော့..စပါးရွက် အရေအတွက်ကြည့်ပြီး မှို့ကပ်ချိန်ကို သိနိုင်ပါသလား ဖြေကြားပေးပါဆိုပြီး..စပါးစိုက်တောင်သူတစ်ဦးက မေးလာပါတယ်။
ဒီလိုမေးခွန်းတွေက အမေးများတာကြောင့် ဖြေပြီးသားလည်းဖြစ်အောင် စပါးပင်ကြီးထွားမှုသက်တမ်းရက်တွက်နည်းကို နားလည်ပြီးသားလည်းဖြစ်အောင် စပါးပင်ရဲ့ ကြီးထွားမှုအဆင့် (၃) ဆင့်အကြောင်း အနည်းငယ်ရှင်းပြချင်ပါတယ်။
၁။ အပင်ပိုင်းကြီးထွားမှုအဆင့် (Vegetative phase)
စပါးစေ့အညှောက်စတင်ပေါက်ချိန်မှ မှို့ကပ်ချိန်(အဆစ်တက်ချိန်)ထိကာလကို ပင်ပိုင်းကြီးထွားမှုအဆင့်လို့ ခေါ်ပါတယ်။
ကြာမြင့်ချိန် = ၃၅ ရက် - ၆၅ ရက်
(ရက် ၁၀၀ - ၁၄၅ စပါးမျိုးအပေါ်မူတည်ပြီး ကွာခြားနိုင်ပါတယ်)
၂။ အနှံသန္ဓေ ဖွံ့ဖြိုးမှုအဆင့် (Reproductive phase)
မှို့ကပ်ချိန်(အဆစ်တက်ချိန်)မှ၊ အနှံထွက်ချိန်(၅၀%ပန်းပွင့်ချိန်) ထိကာလကို အနှံသန္ဓေဖွံ့ဖြိုးမှုအဆင့်လို့ ခေါ်ပါတယ်။
ကြာမြင့်ချိန်= ၃၀ - ၃၅ ရက်
၃။ ရင့်မှည့်မှုအဆင့် (Ripening phase)
အနှံစတင်ထွက်ချိန်ကနေ မောင်းညိုချိန်ထိကတော့ ရင့်မှည့်မှုအဆင့်ပါ။ (၅၀% ပန်းပွင့်ချိန် မှ မောင်းညိုချိန်အထိ)
ကြာမြင့်ချိန်= ၃၀-၃၅ ရက်
#အပင်ပွားချိန်ကာလကို ဘယ်လိုသတ်မှတ်ပါသလဲ?
ကောက်စိုက်ပြီး ၁၀ ရက် မှ ၃၅ ရက်အတွင်းကို အပင်ပွားချိန်ကာလ (သို့မဟုတ်) အပင်ပိုင်း ကြီးထွားမှုကာလလို့ သတ်မှတ်နိုင်ပါတယ်။
ဒီနေရာမှာ စပါးပင်ပွားပုံအကြောင်း အနည်းငယ်ရှင်းပြဖို့ လိုပါလိမ့်မယ်။
စပါးပင်အရွက် ၅ ရွက် ထွက်ချိန်မှာ ဒု-အရွက်ကြားမှ ပထမဆုံး ပင်ပွားစတင်ထွက်ပါတယ်။
အစိုဓာတ်၊ အလင်းရောင်၊ အာဟာရ ရရှိမှုပေါ်မူတည်ပြီး ပျမ်းမျှ ၅ ရက်ကြာတိုင်း အရွက်သစ်တစ်ရွက်ထွက်ပါတယ်။
ဆိုတော့ ပင်ပွားထွက်ချိန်က ပျှမ်းမျှအားဖြင့် ၅ ရက် ၁ ကြိမ်ပါ။
ဒါကြောင့် ပင်ပွားအများဆုံးကာလ (အပင်ပိုင်းကြီးထွားမှုအမြင့်ဆုံးကာလ) ၆၅ ရက်မှာ စပါးရွက် (၁၃ ရွက်) ရှိရမယ်လိူ့ ယူဆနိုင်ပါတယ်။
ဒီကာလနောက်ပိုင်း ထွက်တဲ့ပင်ပွားတွေကတော့ အားနည်းသွားပါတယ်။

တိုက်ရိုက်အစေ့ချစိုက်ခင်းမှာဆို
စစိုက်တဲ့အချိန်ကနေ - ၆၅ ရက်အတွင်း (မှတ်ချက်=စပါးမျိုးအလိုက် ရက် အနည်းအများ ကွားခြားနိုင်)ကို အပင်ပွားချိန်ကာလ(အပင်ကြီးထွားမှု အမြင့်ဆုံးကာလ)လို့သတ်မှတ်နိုင်ပါတယ်။
ဒီကာလဟာ နိုက်ထရိုဂျင် အများဆုံးလိုအပ်တဲ့ကာလလည်းဖြစ်ပါတယ်။
မကြာခင်မှာ အနှံသန္ဓေအဖြစ် အပင်ခြေမှာ အဆစ်တက်လာတော့မှာမို့ အပင်ပိုင်းကြီးထွားမှု အားနည်းလာပြီး အနှံသန္ဓေအတွက် စွမ်းအင် သုံးစွဲတော့မှာဖြစ်လိူ့ပါ။
(ဒါကြောင့် အချို့ပညာရှင်များက ပင်ပွားကာလပြီးမှသာ တူးဖိုးဒီ ပေါင်းသတ်ဆေးကို အသုံးပြုဖို့ တိုက်တွန်းကြပါတယ်)
#မှို့ကပ်ချိန်(အဆစ်တက်ချိန်) အနှံသန္ဓေ စတည်ချိန်ကို ဘယ်လိုတွက်ချက်ရပါသလဲ?
မှို့ကပ်ချိန်ကာလ တွက်ချက်နိုင်ဖို့ အရင်ဦးဆုံး စပါးမျိုးရဲ့ သက်တမ်းကို သိဖို့လိုပါတယ်။
မည်သည့်စပါးမျိုးမဆို ကြီးထွားမှုအဆင့်-၂ အတွက်ကြာချိန် ၃၀ ရက်နဲ့ ကြီးထွားမှုအဆင့်-၃ အတွက်ကြာချိန် ၃၅ ရက် စုစုပေါင်း (၆၅)ရက် ကြာမြင့်ချိန် အတူတူပဲလို့ယူဆထားပါတယ်။
ဒါကြောင့် ..
မှို့ကပ်ချိန်ကာလ= အသက်ရက် - (၆၅ရက်)
ဥပမာ။ ။ မနောသုခ -၁၃၅ ရက် ဆိုပါစို့....မှို့ကပ်ရက် သိချင်ရင် (၁၃၅-၆၅)= ၇၀ ရက် မျိုးစေ့အညှောက်ပေါက်သည်မှ ၇၀ ရက်ပြည့်နေ့သည် မနောသုခစပါးပင်ရဲ့ မှို့ကပ်ချိန်လို့ ယူဆနိုင်ပါတယ်။
ကဲ, ဒီလောက်ဆိုရင်..
- အပင်ပွားကာလ၊ အသက်ရက် ဘယ်လောက်လဲ?
- မှို့ကပ်ရက်ကို ဘယ်လိုတွက်ရသလဲ?
- မှို့ကပ်ချိန်မှာ စပါးရွက် အရေအတွက် ဘယ်လောက်လဲ?..ဆိုတာ ..ဖြေကြားမှုအပေါ် ကျေနပ်နိုင်လိမ့်မယ်လို့ယူဆပါတယ်။
စေတနာများစွာဖြင့်
ဒို့ဦးလေး
ကိုးကား >>Rice growth and development pdf-chapter -2
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
စပါးပင်ကြီးထွားမှု ရက် တွက်နည်း
သီဟ
လွန်ခဲ့သော ၂ နှစ် ကရက်၉၀စပါးကိုလဲ ပြောပြပေးပါဦးဆရာကြီး
Thu Lwin
လွန်ခဲ့သော ၃ နှစ် ကဆရာရေ စပါးခင်းက ဖြုတ်ကြောဖြူတော့နည်းနည်းရှိတယ်ဗျာ ကျွန်တော်မုန်ညှင်းတေနိူင်အောင်ဆိုကွန်ပလိ-ဂိုးအတွဲနဲ့ဗစ်ပိုင်ရီကို3ကြိမ်လောက်ထိပက်ထားတယ် အာ့စပါးပင်က မုန်ညှင်းတောထဲကနေတပင်စင်တေထွက်လာတယ် ကျွန်တော် ပုလဲနဲ့ပိုတက်ကို 2ကြိမ်ပက်တယ် အပင်ကပွားမလာဘူးပွားတော့ပွားတာပေါ ဘေးတက်က အလွန်ဆုံး 7တက်8တက်လောက်က အများဆုံးဘဲ ပီးတောအတက်တေကလဲအပေါ်ပိုင်းတေခြောက်ပီတဝက်လောက်ထိ ဝါနေတာ အာဘယ်လိုဖြစ်တာလဲဗျဝေဖန်ပေးပါအုံးဗျ
Phyo zaw zaw
လွန်ခဲ့သော ၃ နှစ် ကကျေးဇူးတင်ပါတယ် ဆရာ🙏
သော်သော်
လွန်ခဲ့သော ၃ နှစ် ကဆရာရှင့်တောင်ပေါ်မြေအကြောင်းလေးပြောပြပေးပါလားရှင့်
Yell Wink Thu
လွန်ခဲ့သော ၃ နှစ် ကကျေးဇူးပါ ဆရာ 🙏
ဆက်စပ်မေးခွန်းများ
ယင်ဖြူနဲ့ဖူးစားပိုးရွက်စားပိုးနဲ့မှုိရောဂါတွေအတွက်ဘယ်လို့ထိထိရောက်ရောက်ရောဖျန်းရမလဲဖျန်းရမဲ့အတွဲလေးသိရင်ဖြေပေးပါလားဆရာတို့တချု့အရွက်တွေယင်ဖြူကြောင့်မဲတာပြောင်အောင်ဘယ်လို့လုပ်ရ
မောပ်တိုးတတ် • ဖြေကြားချက် 3 ခု
မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။
Kyaw Soe Naing • ဖြေကြားချက် 1 ခု
ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ
Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။
U Win Zaw • ဖြေကြားချက် 3 ခု
နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေးရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး
khant zin • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
More from Thar Po
အားလုံး