စပါးအတွက် အာဟာရလမ်းညွှန်
စပါးသီးနှံသည် မြန်မာနိုင်ငံ၏ အဓိကသီးနှံဖြစ်ပြီး အထွက်နှုန်းကောင်းမွန်ကာ အောင်မြင်သော စပါးနှံများ ရရှိရန်အတွက် စနစ်ကျသော မြေသြဇာကျွေးစနစ်မှာ အလွန်အရေးကြီးပါသည်။ စပါးပင်၏ ကြီးထွားမှုအဆင့်အလိုက် လိုအပ်သော အာဟာရစီမံခန့်ခွဲပုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
၁။ စိုက်ပျိုးခြင်းမပြုမီ အခြေခံပြင်ဆင်ခြင်းအဆင့် (Pre-Planting Stage) (မြေပြင်ချိန်)
စိုက်ပျိုးခြင်းမပြုမီ မိမိစိုက်ပျိုးမည့် မြေဆီလွှာနှင့် ရေအရည်အသွေးကို ဦးစွာ စစ်ဆေးပါ။ မြေဆီလွှာ၏ pH အခြေအနေနှင့် အာဟာရဓာတ် ပါဝင်မှုကို သိရှိမှသာ လိုအပ်သော ထုံး သို့မဟုတ် သဘာဝမြေဆွေးများ ထည့်သွင်းပြီး မြေဆီလွှာကို အကောင်းဆုံး ပြင်ဆင်နိုင်မည် ဖြစ်သည်။ ဓာတ်မြေသြဇာများ၏ အာနိသင်ကို ပိုမိုထိရောက်စေရန်နှင့် မြေဆီလွှာအဆိပ်အတောက် ဖြစ်ခြင်းကို ကာကွယ်ရန်အတွက် နွားချေး၊ ကွန်ပေါင်း (သို့မဟုတ်) သစ်စိမ်းမြေသြဇာများကို မြေခံတွင် ကြိုတင်ထည့်သွင်းပေးပါ။
၂။ ပျိုးထောင်ခြင်းနှင့် ပျိုးပင်အဆင့် (Seedling & Nursery Stage) (၁ ရက်မှ ၂၀ ရက်သား)
ပျိုးပင်များ သန်စွမ်းပြီး အမြစ်ပွားမှု ကောင်းမွန်စေရန်အတွက် ဖော့စဖရပ် (P) နှင့် နိုက်ထရိုဂျင် (N) ပါဝင်သော အခြေခံမြေသြဇာကို အသုံးပြုပါ။ ၎င်းသည် စိုက်ခင်းထဲသို့ ရွှေ့ပြောင်းစိုက်ပျိုးချိန်တွင် ပျိုးပင်များ နာလန်ထူလွယ်စေရန်နှင့် အပင်နာခြင်း (Transplanting Shock) ကို လျှော့ချပေးနိုင်ပါသည်။ အထူးသဖြင့် ရေဝပ်သော စိုက်ခင်းများနှင့် ထုံးဓာတ်များသော မြေများတွင် ဇင့် (Zinc) ချို့တဲ့မှုကြောင့် အပင်ပုခြင်း၊ ရွက်လယ်ကြောများ ဖြူခြင်းတို့ ဖြစ်တတ်သဖြင့် ဇင့်ဆာလဖိတ်ကို အခြေခံမြေသြဇာနှင့်အတူ ထည့်ကျွေးပါ သို့မဟုတ် အရွက်ဖျန်းအားဆေး သုံးစွဲပါ။
၃။ ပင်ပွားထွက်ချိန်နှင့် ပင်ပိုင်းကြီးထွားချိန် (Vegetative & Tillering Stage) (၂၀ ရက်မှ ၄၅ ရက်သား)
ဤအဆင့်တွင် နိုက်ထရိုဂျင် (Nitrogen) ပါဝင်သော မြေသြဇာကို အလေးပေးကျွေးရန် လိုအပ်ပါသည်။ နိုက်ထရိုဂျင်သည် စပါးပင်ကို အပင်ပိုင်းဆိုင်ရာ ကြီးထွားမှု မြန်ဆန်စေပြီး ပင်ပွားများများထွက်ကာ အရွက်များ စိမ်းလန်းစိုပြည်စေရန် ကူညီပေးပါသည်။

၄။ မှို့ကပ်ချိန်နှင့် အနှံထွက်ချိန်အဆင့် (Panicle Initiation & Flowering Stage) (စပါးသက်တမ်း- ၆၅ရက်)
စပါးပင် မှို့ကပ်ချိန်နှင့် အနှံစထွက်ချိန်တွင် ဖော့စဖရပ် (P) နှင့် ပိုတက်စီယမ် (K) တို့မှာ အလွန်အရေးကြီးပါသည်။ ဖော့စဖရပ်သည် အနှံတည်ဆောက်ပုံကို ကောင်းမွန်စေပြီး ပိုတက်စီယမ်က အပင်ကို ကြံ့ခိုင်စေကာ ရောဂါဒဏ်နှင့် ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိစေပါသည်။နိုက်ထရိုဂျင်ကို တစ်ကြိမ်တည်း အများကြီးကျွေးလျှင် လေထဲလွင့်ခြင်းနှင့် ရေထဲမျောခြင်းတို့ကြောင့် အလေအလွင့်များသည်။ ထို့ကြောင့် အပင်လိုအပ်ချိန်တွင် ခွဲကျွေးခြင်းက အထိရောက်ဆုံးဖြစ်သည်။
၅။ နို့ရည်တည်ခြင်းနှင့် အောင်စေ့ဖြစ်ထွန်းမှုအဆင့် (Grain Filling & Ripening Stage) (မှို့ကပ်ပြီး ၂၅ ရက်အကြာ)
စပါးနှံများ အောင်မြင်ပြီး အစေ့အဆန် ပြည့်ဝစေရန်အတွက် ပိုတက်စီယမ် (K) ကို ဦးစားပေး ကျွေးရပါမည်။ ၎င်းသည် အစေ့အဆန်များ တင်းပြီး အလေးချိန်စီးစေရန်နှင့် အဝါရောင်တောက်တောက် အောင်စေ့များ ရရှိစေရန် အဓိက ဆောင်ရွက်ပေးပါသည်။ ထို့အပြင် ဆာလဖာ (S) နှင့် ဇင့် (Zn) ကဲ့သို့ အနည်းလိုအာဟာရဓာတ်များမှာလည်း အထွက်နှုန်းကို သိသိသာသာ တိုးတက်စေနိုင်ပါသည်။
ပုံမှန်စောင့်ကြည့်စစ်ဆေးခြင်းနှင့် ပြုပြင်ပြောင်းလဲခြင်း (Regular Monitoring)
စိုက်ပျိုးရာသီတစ်လျှောက် အပင်၏ အခြေအနေနှင့် အရွက်အရောင်ကို ကြည့်ရှုပြီး အာဟာရ လိုအပ်ချက်ကို အမြဲမပြတ် စောင့်ကြည့်ပါ။ အထူးသဖြင့် စပါးပင်တွင် အဖြစ်များသော ဇင့် (Zinc) ဓာတ် ချို့တဲ့မှုများကို ကြိုတင်ကာကွယ်ရန် အရေးကြီးပါသည်။ မြေသြဇာများ အပင်မှ ထိရောက်စွာ စုပ်ယူနိုင်ရန်အတွက် စနစ်ကျသော ရေသွင်းရေထုတ် စီမံခန့်ခွဲမှုသည်လည်း မရှိမဖြစ် လိုအပ်ပါသည်။ အာဟာရစီမံခန့်ခွဲရာတွင် (၁) မှန်ကန်သော အမျိုးအစား၊ (၂) မှန်ကန်သော နှုန်းထား၊ (၃) မှန်ကန်သော အချိန် နှင့် (၄) မှန်ကန်သော နေရာ (Right Source, Right Rate, Right Time, Right Place) ဖြစ်ရန် အထူးလိုအပ်ပါသည်။
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
စပါးပင်နှင့်အာဟာရ
TunThein
လွန်ခဲ့သော ၁ လ ကphအနိမ့်အမြင့်အလိုက်ဆုံးရှုံးသွာသောအနည်းလိုအဟာရများနဲ့သိထားသင့်တာနောက် ပျဉ်းမနားရေဆင်းတက္ကသိုလ်ဇင့်ဆာလ်ဖိတ်ရနိုင်တယ်လို့ကြားဖူးပါတယ်ဘယ်လိုချိတ်ဆက်ဝယ်ယူရတယ်နဲ့ဈေးနှုံးနဲ့အတူချိတ်ဆက်ပေးပါရန်မေတ္တာရက် ခံပါတယ်ဗျ
ဝင်းဆန်းဉီး
လွန်ခဲ့သော ၂ လ ကစပါးရက် ၁၄၅ - ၁၅၀ မြေသြဇာ ထည့်သွင်း ဇယား မျှဝေပေးပါ
ကိုကောင်းမြတ်စိုး
လွန်ခဲ့သော ၄ လ ကမြေဆိလွာအကြောင်းအစုံသိချင်ပါတယ် စပါးချိန်မှာဆိုအမြစ်တေကသံချေးရောင်ဖစ်နေလို ဘာဖစ်လဲဆိုတာဖြေကြားပေးပါခမမျ
ကိုအညာသား
လွန်ခဲ့သော ၄ လ ကစပါးမှို့ကပ်ချိန်တွက်တဲ့နေရာမှာ ပျိုးခင်းပျိုးထောင်ရက်ပါ တွက်ယူရတာလား
yemg
လွန်ခဲ့သော ၄ လ ကစပါး ပျိုးထောင်နည်းလေး သိချင်ပါတယ်ဗျာ
ဆက်စပ်မေးခွန်းများ
ပျိုးပင်လေးတေခါးရိပြီးလဲနေလို့ဘယ်လိုလုပ်ရင့အဆင်နိုင်လဲဗျ
ညီညီ • ဖြေကြားချက် 1 ခု
ပဲတောင့်ရှည်ပင်ရဲ့အရွက်တွေမှာ ဒီလိုတွေ၀ါလာတာ ဘာဆေးသုံးရမလဲရှင်
Hnin Yi Aung • ဖြေကြားချက် 2 ခု
ပဲမြစ်ဖုမြေဩဇာကို ကိုယ်တိုင်လုပ်လို့ရလား
Khing Hein • ဖြေကြားချက် 2 ခု
ဆရာသမားတို့ရေ.. ကြယ်တာယာပန်းကို ဘာမြေဩဇာကျွေးရင်ကောင်းလဲဗျ၊ဖြေကြားပေးပါအုန်းဗျ။
Paul shan aung. • ဖြေကြားချက် 1 ခု
နှမ်းခင်းပုလဲကျွေးခြင်လို့ဘယ်ချိန်မှာကျွေးရမလဲ?တဧကကိုဘယ်နပြည်ကျွေးရလဲဗျ
ကျော်မင်းသန့် • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ငါးမွေးမြူးရေးအတွက် မရှိမဖြစ်အဓိကအကျဆုံး အစာကုန်ကြမ်းဖွဲနု
08/10/2026
အယ်လ်နီညိုကြောင့် ကမ္ဘောဒီးယားနိုင်ငံ ဆိုးရွားစွာ မိုးခေါင်ရေရှားနိုင်ကြောင်း FAO သတိပေးထုတ်ပြန်
08/10/2026
အစိမ်းရောင်လမ်းရဲ့ website အသစ်ထဲမှာ ဈေးတန်းကြီးရှိနေပြီဆိုတာ သိထားပြီးကြပြီလား?
07/10/2026
အသား၊ ငါးဈေးများ ဆက်တိုက်မြင့်တက်ခြင်းကြောင့် ရောင်းအား သိသိသာသာ လျော့ကျနေ
07/10/2026
အယ်လ်နီညိုကာလမှာ သီးနှံပင်တွေ မခြောက်သွေ့စေမယ့် မြေဆီလွှာအစိုဓာတ်ထိန်းသိမ်းနည်း
07/10/2026
More from သော်ဇင်
အားလုံး
သီးနှံအထွက်တိုးပြီး ရောဂါဒဏ်ခံနိုင်စေတဲ့ သကြားဓာတ်
05/10/2026
မီးဖိုချောင်ထဲက ပစ္စည်းတွေနဲ့ ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ အပင်အားဆေး PSB
01/10/2026
သီးလှည့်စိုက်ပျိုးခြင်းဖြင့် ရေရှည်အကျိုးအမြတ်ရယူနည်း
11/09/2026
မီးထွန်းကြာချိန်ပေါ်မူတည်၍ ဂန္ဓမာပင်၏ မတူညီသော တုံ့ပြန်မှုများ
31/08/2026
အသံ
ပန်းပွင့်ချိန်ကို မီးနဲ့ထိန်းချုပ်ပြီး စျေးကောင်းရယူနည်း
21/08/2026