ဆူးပန်းရွက် စိုက်ပျိုးနည်း

19/12/2021 14:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

   ဆူးပန်းပင်သည် အရွက်နှင့်အစေ့များကို စားသုံးရပြီး၊ အပင်အမြင့် ၁ ပေခွဲနှင့် အကျယ် ၁ ပေခန့်ရှိသည်။ အပင်ငယ်စဉ်အရွက်နုများကို ဟင်းသီးဟင်းရွက်အဖြစ် အချဉ်ဟင်းချက်၍သော်လည်းကောင်း သုပ်စား၍သော်လည်းကောင်း စားသောက်ကြသည်။ အစေ့များကိုကြိတ်၍ အဆီထုတ်ပြီး စားသုံးဆီအဖြစ်၊ ဆပ်ပြာချက်လုပ်ရာတွင်လည်းကောင်း၊ အမြန်အငွေ့ပျံလွယ်သဖြင့် သင်္ဘောဆေးဖော်စပ်ရာတွင်လည်းကောင်း၊ ဖယောင်းပုဆိုးပြုလုပ်ရာတွင်လည်းကောင်း သုံးစွဲကြသည်။ ဆီကြိတ်ဖတ်ကို ကျွဲနွားစာအဖြစ်၊ မြေသြဇာအဖြစ် သုံးစွဲကြသည်။ ဆူးပန်းပင်၏ မူရင်းဒေသမှာ အဘီဆီးနီးယားနှင့် အာဖဂန်နစ္စတန်နိုင်ငံတို့ဖြစ်သည်။

စိုက်ပျိုးခြင်း

   မိုးရေဖြင့် မေလတွင်ဖြစ်စေ၊ ကုန်းမြေ၌ စက်တင်ဘာလတွင်ဖြစ်စေ၊ ကိုင်းမြေတွင် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာတွင်ဖြစ်စေ စပါးအပြီး သီးထပ်အဖြစ် နိုဝင်ဘာတွင်ဖြစ်စေ စိုက်ပျိုးကြသည်။ မိုးနှောင်းပိုင်းတွင် စိုက်ပျိုးခြင်းက မိုးဦးပိုင်းစိုက်ပျိုးခြင်းထက် ပိုမိုဖြစ်ထွန်းသည်။ ဆူးပန်းပင်သည် အပူပိုင်းဒေသနှင့် သမပိုင်းဒေသတို့တွင် ဖြစ်ထွန်းသောသီးနှံဖြစ်သဖြင့် မြန်မာနိုင်ငံတွင် နေရာဒေသမရွေးစိုက်ပျိုးနိုင်သည်။ အပူချိန် ၇၅ မှ ၉၅ ဒီဂရီဖာရင်ဟိုက်အတွင်း ကောင်းစွာဖြစ်ထွန်းသည်။ အပူဒဏ်တာရှည်ခံရလျှင် အပွင့်များဖိုပြီး မျိုးစေ့အောင်မြင်မှုနည်းပါးသည်။ မိုးရေချိန်လက်မ ၂၅ မှ ၄၀ အတွင်းရရှိရန်လိုအပ်သည်။ မိုးရေမလုံလောက်လျှင် ရေသွင်း၍စိုက်ပျိုးနိုင်သည်။

   မျိုးစေ့ကို ပင်ကြား ၄-၆ လက်မ၊ ၁-၁ ၁/၂ လက်မ အနက်ချရသည်။ တန်းကြား၁၅-၁၈ လက်မခြားရသည်။ အစေ့သေးငယ်သဖြင့် မြေဆီလွှာမှုန့်ညက်နေရန် လိုအပ်သည်။ သဘာဝမြေဆွေး ၁-၂ လက်မအထူတင်ပေးရသည်။ အချိုးညီဓာတ်မြေသြဇာ ၅-၅-၅ ကို စိုက်ပျိုးပြီး ရက်၄၀ ခန့်ကြာလျှင် လိုအပ်က ထည့်ပေးရသည်။ အမြစ်များ ရှည်ရှည်ဆင်းနိုင်သဖြင့် ရေပေးနိုင်လျှင် မြေမျိုးမရွေး အပင်ဖြစ်ထွန်းသည်။ 

ရိတ်သိမ်းခြင်း

   အရွက်နုများကို စိုက်ပြီး ရက် ၃၀ နောက်ပိုင်းတွင် ခူးယူစားနိုင်သည်။ အသက်ရက် ၁၂၀-၁၃၅ ရက်ခန့်အကြာ အရွက်များခြောက်ပြီး၊ အပွင့်များညှိုးလာလျှင် အပင်ကိုရိတ်သိမ်းနိုင်သည်။ တစ်ဧကမှာ အစေ့ ၂၀-၃၅ တင်းခန့်အထိ ထွက်နိုင်သည်။ အစေ့တစ်တင်းမှ ဆီ ၂ပိဿာခွဲခန့် ထွက်သည်။ 

မျိုး

   အယဉ်မျိုးတစ်မျိုးနှင့် အရိုင်းမျိုး ၂ မျိုးရှိသည်။ အရိုင်း ၂ မျိုးမှာ C.Oxyacantha နှင့် C.Lanatus တို့ဖြစ်သည်။

အာဟာရဓာတ်ပါဝင်မှု

   ရာခိုင်နှုန်းအားဖြင့် ရေငွေ့ ၈၉.၉၊ ပရိုတိန်း ၃.၃၊ အဆီ ၀.၇၊ သတ္တု ၁.၀၊ ကာဗိုဟိုက်ဒရိတ် ၅.၁၁၊ ထုံး ၀.၁၈၊ မီးစုန်း ၀.၀၆ ပါဝင်သည်။ ဂရမ် ၁၀၀ လျှင် သံ ၇.၆ မီလီဂရမ်၊ ကယ်လိုရီ ၄၀၊ ကယ်ရိုတင်း (ဗီတာမင်အေ) ၅၅၀၀ အိုင်ယူရှိပါသည်။

နည်းပညာများကို ဒေါက်တာချစ်၏ “စားဖို့ စိုက်စို့ ဈေးကွက်တိုးချဲ့ဗျို့ အတွဲ(၁)” စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်