ပိုးသတ်ဆေးများ၏ ဖြစ်နိုင်ဖွယ်ရာဆိုးကျိုးများ

07/11/2019 11:45 AM တွင် ဒေါက်တာကိုကို ဒေါက်တာကိုကို မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ပိုးသတ်ဆေးများတွင် အကျိုးကျေးဇူး မြောက်မြားစွာရှိသော်ငြားလည်း ၎င်းတို့ကို အသုံးပြုရာတွင် ဖြစ်နိုင်ဖွယ်အန္တရာယ်အချို့ ရှိပါသည်။ ဓါတုဆေးများသည် စက်မှုဓါတုဆေး ဖြစ်စေ၊ ပိုးသတ်ဆေးများဖြစ်စေ၊ အိမ်သုံးထုတ်ကုန်ပစ္စည်းဖြစ်စေ၊ ပတ်ဝန်းကျင်တွင်တွေ့ရသော သဘာဝဓါတုပိုးသတ်ဆေးများဖြစ်စေ ထိုအန္တရာယ်များနှင့် ဆက်စပ်မှုရှိသည်။ စိုက်ပျိုးရေးသုံးပိုးသတ်ဆေးများကို အသုံးပြုခြင်း၏ မလိုလားအပ်သော ဘေးထွက်ဆိုးကျိုးများမှာ ပတ်ဝန်းကျင်အပေါ်  ဓါတုဆေးများ၏ ထိခိုက်စေနိုင်မှုကို နားလည်မှု အားနည်းခြင်းနှင့်  ပိုးသတ်ဆေးကို မဆင်မခြင် အလွန်အကျွံသုံးစွဲခြင်းတို့ကြောင့် ဖြစ်ပေါ်လာရပါသည်။  စိုက်ပျိုးရေးသုံးပစ္စည်းများကို သုံးစွဲသောအခါ ဤဘေးထွက်ဆိုးကျိုးများကို အမြဲတမ်းတွေ့ရလိမ့်မည် မဟုတ်ပါ။ အချို့ဘေးထွက်ဆိုးကျိုးများကို အောက်တွင် ဖော်ပြထားပါသည်။

၁။  အကျိုးပြု သက်ရှိမျိုးစိတ်များကို လျော့နည်းစေခြင်း  -  ပိုးသတ်ဆေးများကို သုံးစွဲခြင်းကြောင့် သားရဲကောင်များနှင့် ဖျက်ပိုးများ၏ ကပ်ပါးပိုးကောင်များအပါအဝင် ကာကွယ်နှိမ်နင်းရန်  မိမိမရည်ရွယ်ထားသောသက်ရှိများကို ထိခိုက်စေနိုင်သည်။ ဤအကျိုးပြုသက်ရှိများ လျော့နည်းခြင်းသည် သဘာ၀ ဇီဝဆိုင်ရာ ဟန်ချက်ညီမှုကို ပြောင်းလဲစေနိုင်သည်။ ပျားများနှင့် အခြားဝတ်မှုံကူးအင်းဆက်များကို ဆုံးရှုံးရခြင်းသည်လည်း ပြဿနာတစ်ခုဖြစ်နိုင်ပါသည်။ 

၂။ ပိုးသတ်ဆေးအရည်နှင့်အငွေ့များ လေတွင်လွင့်မျောခြင်း - ပိုးသတ်ဆေးပက်ဖျန်းစဉ် ပိုးသတ်ဆေးအရည်နှင့် အငွေ့များ လေတွင်လွင့်မျောခြင်းသည် သီးနှံများ၊ ကျွဲနွားတိရစ္ဆာန်များ၊ ရေမြောင်းများနှင့် ပတ်ဝန်းကျင်အားလုံးကို ဆိုးဆိုးဝါးဝါးထိခိုက်စေပြီး ဓါတ်ကြွင်းပါဝင်မှုကို မြင့်မားစေသည်။ ပိုးသတ်ဆေး အသုံးပြုသည့်နည်းလမ်းနှင့် ရာသီဥတုအခြေအနေများကို အလေးထားခြင်းသည် ပိုးသတ်ဆေးလွင့်မျောခြင်းကို လျော့နည်းစေသည်။ အလေးဂရုမပြုဘဲ ပိုးသတ်ဆေးကို အသုံးပြုခြင်းနှင့် ပိုးသတ်ဆေး များ ယိုစီးခြင်းမှ ပတ်ဝန်းကျင်ဆိုင်ရာညစ်ညမ်းခြင်းသည် တောရိုင်းတိရစ္ဆာန်များနှင့် ငါးများကို ထိခိုက်စေနိုင်သည်။ 

၃။ အစားအသောက်များတွင် ပိုးသတ်ဆေးဓါတ်ကြွင်းများပါရှိခြင်း - လူနှင့်တိရစ္ဆာန်  အစားအစာများတွင် ပိုးသတ်ဆေးဓါတ်ကြွင်းများ ပါရှိလာခြင်းသည်  အစားအစာအပေါ် ပိုးသတ်ဆေးကို တိုက်ရိုက်သုံးစွဲခြင်း သို့မဟုတ် ပတ်ဝန်းကျင်တွင် ညစ်ညမ်းပစ္စည်းများရှိခြင်း သို့မဟုတ် အစာကွင်းဆက်တစ်လျှောက် ဓါတုပစ္စည်းများ ရွေ့လျားခြင်းတို့ကြောင့်ဖြစ်သည်။

၄။ မြေအောက်ရေညစ်ညမ်းခြင်း  -  တာရှည်ခံပိုးသတ်ဆေးများကို အသုံးပြုပါက ပိုးသတ်ဆေးအား အကြီးအကျယ်သုံးစွဲသော ဧရိယာများတွင်  စိမ့်ဝင်စီးဆင်းသွားသော ဓါတုပိုးသတ်ဆေးများကြောင့် မြေအောက်ရေညစ်ညမ်းခြင်းကို ဖြစ်စေသည်။ 

၅။  ပိုးသတ်ဆေးအား ခံနိုင်ရည်ရှိလာခြင်း  -  ပိုးသတ်ဆေးများကို အလွန်အကျွံအသုံးပြုခြင်းနှင့် အချိုးအစားမှန်ကန်စွာ အသုံးမပြုခြင်းကြောင့် မိမိကာကွယ်နှိမ်နင်းရန် ရည်ရွယ်ထားသည့် ဖျက်ပိုးများတွင် ပိုးသတ်ဆေးအား ခံနိုင်ရည်ရှိမှုတိုးလာသည်။ 

၆။ အဆိပ်သင့် အန္တရာယ်  - လုံခြုံစိတ်ချရသော ကိုင်တွယ်သုံးစွဲနည်းကို မလိုက်နာဘဲ ပိုးသတ်ဆေး အကာအကွယ်အဝတ်အစားများကို မဝတ်ထားပါက ပိုလျံသည့် ပိုးသတ်ဆေးထိတွေ့မှုမှတစ်ဆင့် ပိုးသတ်ဆေးသုံးစွဲသူအား အဆိပ်သင့်စေခြင်းနှင့် အခြားကျန်းမာရေးဆိုင်ရာဆိုးကျိုးများကို တွေ့ရနိုင်သည်။ အဆိပ်သင့်အန္တရာယ်သည် ဆေးနှုန်းထား၊ အဆိပ်စွမ်းအား၊ ပိုးသတ်ဆေးထိတွေ့ကာလနှင့် ပိုးသတ်ဆေးသုံးစွဲသူ၏ ခံနိုင်ရည်ရှိမှုအပေါ်  မူတည်သည်။

၇။ အခြားဖြစ်နိုင်ဖွယ် ကျန်းမာရေးဆိုင်ရာဆိုးကျိုးများ - စိုက်ပျိုးရေးသုံးပိုးသတ်ဆေးများကို မဆင်မခြင်သုံးစွဲခြင်းကြောင့် အခြား ဖြစ်နိုင်ဖွယ် ကျန်းမာရေးဆိုင်ရာဆိုးကျိုးများတွင်  ပိုးသတ်ဆေးသုံးစွဲသည့် နေရာ ပတ်ဝန်းကျင်ရှိ လူမှုအသိုင်းအဝိုင်းလည်း ပါဝင်သည်။ 

ပိုးသတ်ဆေးအား မှားယွင်းစွာသုံးခြင်း၊ တလွဲသုံးခြင်းနှင့် အလွန်အကျွံသုံးခြင်းတို့ကြောင့် အန္တရာယ်များ ဖြစ်စေနိုင်သည်။ စိုက်ပျိုးရေးသုံးပိုးသတ်ဆေးကို သုံးစွဲခြင်းဖြင့် မလိုလားအပ်သောအန္တရာယ်များနှင့် ဆက်နွယ်မှုရှိသော်ငြားလည်း ၎င်းတို့ကို အန္တရာယ်ကင်းစွာနှင့် ထိရောက်စွာ သုံးစွဲနိုင်ပါသည်။ စိုက်ပျိုးရေးသုံးပိုးသတ်ဆေးများကို အသုံးပြုသူများအနေဖြင့် ပိုးသတ်ဆေးအန္တရာယ်သည် နည်းကောင်းနည်းနိုင်သော်ငြား နည်းနည်းသုံးသည်ဖြစ်စေ၊ များများသုံးသည်ဖြစ်စေ ၎င်းတို့ကို မှန်မှန်ကန်ကန်နှင့် နည်းမှန်လမ်းမှန် အသုံးပြုကြပါရန် တိုက်တွန်းရေးသားအပ်ပါသည်။

ဒေါက်တာကိုကို (စိုက်ပျိုးရေး)

ဒေါက်တာကိုကို၏ ဖေ့စ်ဘုတ်စာမျက်နှာ


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်