ပင်ကြားတန်းကြားက အရေးကြီးသလား

11/06/2020 11:30 AM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ပင်ကြားတန်းကြား အကွာအဝေးဆိုတာ ဒီၕရိယာအတွင်းမှာ အပင် ဘယ်နပင်လောက် စိုက်ပျိုးနိုင်သလဲဆိုတာ ကို ဆုံးဖြတ်ပေးပါတယ်။ တစ်ပင်နဲ့တစ်ပင် ဘယ်လောက်ခြားရမလဲ တစ်တန်းနဲ့ တစ်တန်း ဘယ်လောက်ခြားရမလဲပေါ့။

သူ့မှာရှိသင့်တဲ့ ပင်ကြားနဲ့ တန်းကြားအတိုင်းသာစိုက်ရင် အများကြီးစိုက်မိတာမျိုး နဲ့ အပင်တွေလျော့ပြီး ဝင်သင့်သလောက် မဝင်ပဲ စိုက်မိတာမျိုးတွေ ဖြစ်သွားတာပေါ့။ ဒီဆောင်းပါးလေးမှာ ပင်ကြားတန်းကြားက ဘာလို့အရေးကြီးလဲဆိုတာကို အချက် ၅ ချက်နဲ့ တင်ဆက်ထားပါတယ်။

() အာဟာရ

အပင်တွေက အာဟာရတွေနဲ့ အသက်ရှင်ကြရပါတယ်။ သူတို့အတွက် အဲ့ အာဟာရတွေက နေရယ် လေရယ် မြေရယ် ပြီးတော့ လူတွေ ကျွေးတဲ့ အာဟာရတွေကနေ ရတယ်။ ပင်ကြားတန်းကြားသာ ညီနေအောင်စိုက်ထားမယ်ဆို မြေသြဇာကျွေးရတာ ရေပေးရတာလိုမျိုး လုပ်ငန်းတွေမှာ အပင်တွေက ညီညီမျှမျှ ရနိုင်တဲ့အပြင် လိုက်မမှီတဲ့ အပင်တွေကိုလည်း ဘာကြောင့်လဲ ဆိုတာ ချက်ချင်းသိနိုင်ပြီးတော့ ပြင်ဆင်လို့ရနိုင်တာပေါ့။ အပင်တွေများနေလို့ အပင်တွေနည်းနေလို့ ဆိုရင် မြေသြဇာကျွေးတဲ့အချိန် ဘယ်လောက် အချိန်ကုန်မလဲ တွေးကြည့်ပေါ့။ အာဟာရတွေ လုစားတဲ့ အခြေအနေမျိုးကိုလည်း ရှောင်ရှားပြီးသား ဖြစ်သွားစေပါတယ်

() အပင်ရောဂါတွေ ကာကွယ်မယ်

စဖြစ်တဲ့အပင်မှာ ရောဂါ လက္ခဏာက စပြတာပဲ။ ပင်ကြားတန်းကြား မှန်မှန် စိုက်ထားတယ်ဆို အပင်က အာဟာရ အပြည့်လည်းရပြီး ရောဂါကိုလည်း ခံနိုင်စွမ်း ပြန်လည်တိုက်ထုတိနိုင်စွမ်းရှိတဲ့အပြင်ကို ဟိုအတန်းကတော့ ပိုးကျတယ်ဟေ့ ဆိုပြီး အတန်းလိုက် အတန်းလိုက် ကြိုတင်ကာကွယ်မှုတွေကိုလည်း ကုန်ကျစရိတ်သက်သက်သာသာနဲ့ ထိန်းချုပ်လို့ရဦးမှာပါ။

() ပေါင်းတွေ

ပေါင်းပင်တွေက ပိုသန်မာတတ်ကြပြီး ကိုယ်ကျွေးသမျှ အာဟာရတွေကို လုစားတတ်ပါတယ်။ အပင်တွေက ကြဲ ထားတာ ထူနေမယ် ပါးနေမယ် ဆို ပေါင်းကလည်း နုတ်ရမယ် ကိုယ့်အပင်တွေကိုလည်း မထိအောင် သတိထားနေရမယ်ဆို အချိန်ကုန်တာပေါ့။ ပင်တန်းတန်းကြားထားရှိစိုက်ပျိုးခြင်းက ပေါင်းလိုက်ရကို အဆင်ပြေစေပါတယ်။

() ရိတ်သိမ်းရလွယ်

အတန်းလိုက် အတန်းလိုက် ရိတ်သွားမလား။ တစ်ပင်ချင်း လိုက်ရိတ်မလားပေါ့။ မရိတ်ခင်မှာပဲ အထွက်က ဘယ်လောက် ဆိုတာ ပင်ကြားတန်းကြားနဲ့ တွက်ချက်လို့ရနေပြီလေ။

() အထွက်တိုး အမြတ်တိုး

အများကြီးစိုက်မိလို့ အပင်တွေ ထပ်ပြီး လှီကုန်တာမျိုး။ ရှိသင့်တဲ့ အပင်အရေအတွက်မဝင်လို့ ဆုံးရှုံးသွားရတဲ့ လက်လွတ်လိုက်ရတဲ့ အပင်တွေ မရှိတဲ့ ပင်ကြား တန်းကြားမှန်မှန် စိုက်ပျိုးထားတဲ့ နည်းက အထွက်ပိုတိုးမှာ သေချာပါတယ်။

အထွက်က တူတူပဲဟေ့ လို့ဆိုရင်တောင် ပင်ကြားတန်းကြားနဲ့ စိုက်ပျိုးထားတဲ့ အကွက်က မြေဆီအာဟာရကျွေးရတာ တွက်ချက်ရလွယ်တယ်။ အချိန်ကုန်သက်သာတယ်။ လူကုန်သက်သာတယ်။ ပေါင်းလည်း မြန်မြန်ရှင်းလို့ရတယ်။ ရောဂါတွေလည်း ထိန်းချုပ်ရင်လွယ်တယ်။ အားလုံးကို ချုံးလိုက်ရင် အချိန်ကုန်နဲ့ငွေကုန်သက်သာတော့ တူတူချင်းထွက်ဦးတော့ အမြတ်က ပိုရမှာ သေချာပါတယ်။

အဲ့လိုဆိုတော့ တတ်နိုင်သမျှ ပင်ကြားတန်းကြားနဲ့ စိုက်ပျိုးကြရင်း တောင်သူများ အမြတ်များတိုးပွားကြပါစေ။

ထွန်းဝင်းကျော်

Reference

https://davesgarden.com/guides/articles/5-reasons-why-proper-plant-spacing-is-the-best-thing-you-can-do-for-your-garden


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်