နွားချေးကို စနစ်တကျ သိုလှောင်နည်း

08/12/2017 22:29 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

၁။ နွားချေးစုဆောင်းရန်အတွက် အကျယ် (၁၁) ပေ ပတ်လည် ရှိသည့် ရေမဝပ်သည့် မြေနေရာတစ်ခု ရွေးချယ်ပါ။
၂။ ရွေးချယ်ထားသည့် မြေနေရာကို ရေမဝပ်စေရန် (၆) လက်မ အနက်၊ (၆) လက်မ အကျယ် ရေထုတ်မြောင်း ပတ်ပတ်လည် တူးပါ။
၃။ အပူပိုင်းဒေသတွင် အငွေပျံမှုနည်းစေရန်နှင့် အစိုဓာတ် ထိန်းထားနိုင်ရန် ၂-၃ ပေခန့် ကျင်း တူး၍ ထားနိုင်သည်။
၄။ နွားချေးထားမည့်နေရာအား နေဒဏ်မိုးဒဏ်မှ ကာကွယ်ရန်အတွက် အမိုးအကာပြုလုပ်ပေးသင့်ပါသည်။ မိုးနည်းသော ဒေသဖြစ်ပါက သစ်ပင်အရိပ်အောက်တွင် ပြုလုပ်နိုင်ပါသည်။
၅။ နွားကျင်ငယ်ရည်သည် နွားမစင်ထက် နိုင်ထရိုဂျင်ဓာတ် ပါဝင်မှု အားကောင်းသည့်အတွက် နွားကျင်ငယ်ရည်ပါ စုဆောင်းရန် စဉ်းစားသင့်သည်။
၆။ ထို့ကြောင့် နွားတင်းကုတ် မြေပေါ်တွင် သစ်ရွက်ခြောက်၊ ကောက်ရိုး၊ ရိုးပြတ်၊ မြက်ခြောက် စသည်တို့ကို ဖြန့်ခင်းပြီး နွားများကို ထိုအခင်းပေါ်တွင် မစင်၊ ကျင်ငယ် စွန့်အောင် ပြုလုပ်နိုင်ပါက နွားမစင်သာ မက နွားကျင်ငယ်ရည် ပါ ရရှိမည်ဖြစ်ပါသည်။
၇။ နွားတင်ကုတ် ရှင်းလင်းသည့်အခါ နွားမစင်၊ ကျင်ငယ်ရည် ရောနေသော အမှိုက်များကို စုဆောင်းပြီး နွားချေးစုဆောင်းမည့် နေရာတွင် ဖြန့်ပုံသင့်ပါသည်။
၈။ အပင်မြေသြဇာ အဟာရတန်ဖိုး ပိုမိုမြင့်မားစေရန်အတွက် ယင်းအပုံပေါ်တွင် ထုံးမှုန့်၊ မီးဖိုပြာ၊ စပါးခွံပြာ နှင့် မီးဖိုချောင်ထွက် ဆွေးမြေ့သော စွန့်ပစ် ပစ္စည်းများ ဖြန့်ပုံနိုင်ပါသည်။
၉။ ကျောက်မှုန့်၊ လချေးမှုန့် စသည်တို့ကိုပါ အလိုရှိပါက ပါးပါး ဖြူးထည့်နိုင်ပါသည်။ အကျိုးပြု အဏုဇီဝရည် (EM – Effective microbe) ကိုလည်း ဖြန်းပေး နိုင်ပါသည်။
၁၀။ ဤနည်းဖြင့် တစ်ထပ်ပြီး တစ်ထပ် နွားချေးကို နှစ်ပတ်လည် စုဆောင်းသွားနိုင်ပါသည်။
၁၁။ နွားချေးပုံ ထုထည်ကြီးမားလာပါက အပုံပြိုမကျ စေရန် ဘေးပတ်ပတ်လည်တွင် အကာအရံများ ပြုလုပ်ပေးသင့် ပါသည်။
၁၂။ အစိုဓာတ်နှင့် အဟာရများ အငွေ့ပျံ ပျောက်ဆုံးမှု နည်းပါး လာစေရန် နွားချေးပုံ ပေါ်တွင် ထန်းရွက်ခြောက်များ၊ ဝါးကပ်များ သို့မဟုတ် အမိုးအကာ တစ်ခုခုဖြင့် ဖုံးအုပ် ထားပေးပါက ပိုကောင်းပါသည်။

 

အာနိသင်သုံးစွဲနည်း

·         စနစ်တကျ သိုလှောင်ထားသော နွားချေးများကို အသုံးမပြုမီ အထက်အောက် သမအောင် ရောမွှေပေးပါ။

·         မိမိစိုက်ပျိုးမည့် သီးနှံအလိုက် စိုက်ခင်း မြေပြင်ချိန်တွင် ထည့်သွင်း သုံးစွဲနိုင်ပါသည်။

·         စိုက်ခင်းထဲသို့ မြေမပြင်မီ နွားချေးများကို ကြိုတင် ချထားခြင်းများ မပြုလုပ်သင့်ပါ။ နေအပူချိန်ကြောင့် အဟာရဓာတ်များ အငွေ့ပျံ ပျောက်ဆုံးသွားနိုင်သကဲ့သို့ နေရောင်ခြည်ကြောင့် နွားချေးတွင် ပါဝင်သော အကျိုးပြု အဏုဇီဝ ပိုးများ သေဆုံးနိုင်ပါသည်။ ထို့ကြောင့် နွားချေးထည့်ပြီးပြီးချင်း ထယ်ထိုးမြုပ်နှံ သင့်ပါသည်။

·         နွားချေးကို ဓာတ်မြေသြဇာများနှင့်လည်း ရောနှောထည့်သွင်းပါက ဓာတ်မြေသြဇာများ ကို အပင်မှ ကြာရှည်စွာ စားသုံးနိုင်အောင် ထိန်းသိမ်းထားနိုင်ပါသည်။ သို့သော် မကြဲပတ်မီ အနည်းဆုံး တစ်ညခန့် သင့်လျော်သော အစိုဓာတ် ( လက်ဖြင့် ဆုပ်ကြည့်ပါက အလုံးမပျက်သော အနေအထား) တွင် နွားချေးနှင့် ဓာတ်မြေသြဇာကို ရောနှော ဖုံးအုပ်၍ နှပ်ထားသင့်ပါသည်။

·         ပေါင်း ပေါက်ရောက်မှုနည်းစေရန် ကောင်းစွာဆွေးမြေ့သော နွားချေးများကိုသာ စိုက်ခင်းတွင် ထည့်သွင်း သုံးစွဲသင့်ပါသည်။

 အကျိုးသက်ရောက်မှု
စနစ်တကျ သိုလှောင်ထားသော နွားချေးမြေသြဇာတွင် အောက်ပါ အဟာရ ဓာတ်ပစ္စည်းများနှင့် ပမာဏများ ပါဝင်ပါသည်။

အပင်အဟာရ ပါဝင်မှု ရာခိုင်နှုန်း

အပင္အဟာရ

ပါဝင်မှု ရာခိုင်နှုန်း

နိုင်ထရိုဂျင်

၁.၄ %

ဖော့စပရပ်

၂.၁%

ပိုတက်စီယမ်

၁.၃%

ကယ်လ်စီယမ်

၂.၆%

မဂ္ဂနီစီယမ်

၀.၂%

ဆာလဖာ

၁.၆%

သြဂဲနစ် ကာဘွန်

၁၉.၇%

သြဂဲနစ်ကာဘွန်၏ အကျိုးကျေးဇူးများ

 

  • ·         စေးသောမြေကို ဖွယ်လာစေခြင်း

    ·         သဲဆန်သောမြေကို စေးလာစေခြင်း

    ·         အစိုဓာတ် ထိန်းသိမ်းမှု ကောင်းခြင်း

    ·         လေဝင်လေထွက် ကောင်းခြင်း

    ·         အပူအအေး မျှတစေခြင်း

    ·         အဟာရဓာတ်များကို ကာလကြာရှည်စွာ တဖြည်းဖြည်း ထုတ်လွတ်ပေးနိုင်ခြင်း တို့ဖြစ်သည်။

     

 

 

ကိုးကား - Green Way စိုက်ပျိုးရေး သင်တန်းစာအုပ်


ဗွေဆော်ဦး ကြော်ငြာ
ရောဂါပိုးမွှားတွေ ဝင်မလာနိုင်ဖို့ဆို အားရှိနေမှဖြစ်မှာနော်.. ဒါက လူတွေမှာတင်မဟုတ်ပါဘူး..မွေးမြူထားတဲ့ တိရစ္ဆာန်လေးတွေမှာလည်း အလားတူပါပဲ။ ဆိုတော့ ငါး၊ ပုစွန်မွေးမြူသူတွေအတွက်လည်း.. သူတို့လေးတွေ အားရှိနေဖို့ အားဆေးလေးတွေ ကျွေးပေးဖို့ လိုပါတယ်ရှင့်။ ဒီအတွက် အခက်အခဲလေး ရှိမယ်ဆိုရင်… ‘ဗွေဆော်ဦး’ မှာရှိတဲ့ ‘Aqua Booster’ လေးက ဖြေရှင်းပေးနိုင်ပါတယ်ရှင့်။ Aqua Booster ဆိုတာ… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝ ကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်ပြီး ပုစွန်တွေရဲ့ ကျန်းမာ ရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်။ ဇီဝနည်းဖြင့် ဆွေးမြည့်ပျက်စီးပြီး ရေရှည်တည်တံ့တဲ့စွမ်းအင်မျိုးရှိတာကြောင့် ဘယ်လို ရေလုပ်ငန်း မျိုးနဲ့မဆို သင့်တော်ပြီး အမြတ်အစွန်းတိုးပွားစေနိုင်ပါတယ်။ ဘယ်လိုအကျိုးကျေးဇူးတွေ ရှိစေနိုင်လဲ… ပုစွန်များရဲ့ ကျန်းမာရေးကောင်းမွန်စေလို့ အူလမ်းကြောင်းထဲက pH ကို လျှော့ချပေးပြီး ရောဂါဖြစ်စေဘတ်တီးရီးယားများ လျော့ပါးစေ နိုင်ပြီး သဘာဝအကျိုးပြုဘက်တီးရီးယားများ တိုးပွားစေလို့ ကြီးထွားနှုန်းနှင့် ရှင်သန်နှုန်း မြင့်တက်စေခါတယ်။ ဘက်တီးရီးယားဒဏ်ကို အကောင်းဆုံးခံနိုင်ရည်ရှိစေပြီး အစာမှအသားဖြစ်စေနှုန်းနဲ့ ပရိုတင်း ချေဖျက်မှုကို မြှင့်တင်ပေးလို့ အထွက်နှုန်းကိုလည်းတိုးစေနိုင်ပါတယ်။ (ပဋိဇီဝဆေး မဟုတ်လို့ နောက်ဆက်တွဲပြဿနာများလည်းမရှိသောကြောင့် ထုတ်ကုန်တန်ဖိုးလျော့ကျစေမဲ့ ဓာတ်ကြွင်းအာနိသင်များမရှိပါ။) ကဲ...ဘာစဉ်းစားနေဦးမလဲ...ကိုယ့်ရဲ့ ငါး၊ ပုစွန်လေးတွေကို ‘ Aqua Booster’ နဲ့ အားတွေ မြှင့်ပေးလိုက်တော့လေ...။
Read more မှာယူရန် နှိပ်ပါ

ဆွေးနွေးချက်များ

ဆွေးနွေးရန်