ဂျပ်စက္ကူဖြင့် ကောက်ရိုးမှို စိုက်ပျိုးနည်း
အကျိုးကျေးဇူးများ- နေရာကျဉ်းကျဉ်းတွင် စိုက်ပျိုးနိုင်သည်။ လုပ်ကိုင်ရန် လွယ်ကူသည်။ အရင်းအနှီး နည်းနည်းသာလိုသည်။ အချိန်တို (၁၀ မှ ၁၅ ရက် ) အတွင်း ဝင်ငွေရနိုင်သည်။ မှိုစိုက်ပျိုးဆွတ်ခူးပြီးသည့် ကုန်ကြမ်းများကို စိုက်ပျိုးရေးသုံး သအနှီး နည်းနည်းသာလိုသည်။ အချိန်တို (၁၀ မှ ၁၅ ရက် ) အတွင်း ဝင်ငွေရနိုင်သည်။ မှိုစိုက်ပျိုးဆွတ်ခူးပြီးသည့် ကုန်ကြမ်းများကို စိုက်ပျိုးရေးသုံး သဘာဝမြေသြဇာအဖြစ် ဆက်လက်အသုံးပြုနိုင်သည်။ နေရာကျဉ်းကျဉ်းတွင် စိုက်ပျိုးနိုင်သည်။ လုပ်ကိုင်ရန် လွယ်ကူသည်။ အရင်းအနှီး နည်းနည်းသာလိုသည်။ အချိန်တို (၁၀ မှ ၁၅ ရက် ) အတွင်း ဝင်ငွေရနိုင်သည်။ မှိုစိုက်ပျိုးဆွတ်ခူးပြီးသည့် ကုန်ကြမ်းများကို စိုက်ပျိုးရေးသုံး သအနှီး နည်းနည်းသာလိုသည်။ အချိန်တို (၁၀ မှ ၁၅ ရက် ) အတွင်း ဝင်ငွေရနိုင်သည်။ မှိုစိုက်ပျိုးဆွတ်ခူးပြီးသည့် ကုန်ကြမ်းများကို စိုက်ပျိုးရေးသုံး သဘာဝမြေသြဇာအဖြစ် ဆက်လက်အသုံးပြုနိုင်သည်။
စိုက်ပျိုးနည်းအဆင့်ဆင့်
၁။ မြေနေရာရွေးချယ်ခြင်း
ကောက်ရိုးမှို စိုက်ပျိုးရန်နေရာကို အရိပ်ကောင်းရှိသောနေရာ၊ လေပြင်းတိုက်ခတ်မှု အကာအကွယ်ရသော နေရာတွင် ရွေးချယ်ပါ။ သို့မဟုတ်ပါက အရိပ်ရရန်၊ လေပြင်းအကာကွယ်ရရန် လုပ်ဆောင်ပေးရန်လိုအပ်ပါသည်။
၂။ စိုက်ကျင်း၊ မှိုပုံအရွယ်အစား
မှိုစိုက်ပျိုးရာတွင် မိမိစိတ်ကြိုက် အရွယ်အစားရွေးချယ်နိုင်သော်လည်း ပူနွေးစိုစွတ်မှုရရှိရန် သင့်တော်သော အနေအထားမှာ အလျား ၇ - ၁၀ ပေဖြစ်၍ အနံ ၃ ပေခန့် ပြုလုပ်ပေးရန်လိုအပ်ပါသည်။
အစိုဓာတ်ထိန်းသိမ်းထားရန်အတွက် မြေကြီးထဲသို့ အနက် ၂-၃ လက်မခန့် ကျင်းပြုလုပ်ပေးရန်လိုအပ်ပါမည်။
လိုအပ်သော ပစ္စည်းများ
- ဂျပ်စက္ကူ ၆ - ၁၀ ပိဿာ
- နွားချေး ၇ - ၁၄ တင်း
- မှိုမျိုးထုပ် ၃-၅ ထုပ်
- ပလပ်စတစ်စ - အနံ ၇ ပေ (ပြုလုပ်မည့်ဘောင်ထက် ၅ ပေခန့်ပိုဝယ်ရမည်)
- ဝါးလုံး (အမိုးလုပ်ရန်) - ၂ လုံး
- ဆန်ဖွဲနု (နို့ဆီဗူး) - ၅ လုံး
- ထုံးမှုန့် - ၁ ပိဿာ
- ရေ
၃။ စိုက်ပျိုးပုံ အဆင့်ဆင့်
1. မိမိပြုလုပ်လိုသည့် မှိုပုံအရွယ်အတိုင်း မြေကျင်းညီညာစွာတူးပါ။ အနက်ကို ၂ - ၃ လက်မခန့်တူးပါ။
2. ရေ (၅)ဂါလံခန့်ညီညာစွာဖြန်းပါ။ မြေကြီး အရမ်းခြောက်သွေ့နေပါက ပိုဖျန်းပေးရန်လိုအပ်ပါသည်။
3. ထုံးမှုန့်ဖြူးပေးပါ။ ပုရွက်ဆိတ်ဘေးမှကင်းရန်အတွက် သို့မဟုတ် မြေကြီး၏ အချဉ်ဓာတ်ကို ထိန်းညှိပေးရန်ဖြစ်သည်။
4. ဂျပ်စက္ကူများကို အထူအပါး၊ ဆိုးဆေးပါဝင်မှု ပေါ်မူတည်၍ မစိုက်ပျိုးမီ (၂)နာရီမှ (၆)နာရီခန့် ရေစိမ်ပါ။ ဖယောင်းများသော၊ ဆိုးဆေးများသော စက္ကူများဖြစ်ပါက ကြာကြာစိမ်ပေးရန် လိုအပ်ပါသည်။ ရေစိမ်ပြီးပါက လက်ဝါးထက်ငယ်သော အရွယ်ခန့် စက္ကူစများဖြစ်အောင် ဆုတ်ဖြဲပြီး ရေစစ်ထားပါ။
5. နွားချေးများတွင် အတုံးအခဲကြီးများပါ ပါက ထုထောင်းထားပါ။
6. မြေကျင်းထဲသို့ နွားချေးများကို ၆ - ၈ တင်းထိ နေရာအနှံညီညာအောင်ခင်းပါ။
7. နွားချေး၏ အစိုဓာတ်ပေါ်မူတည်၍ ရေလောင်းပေးရန်လိုအပ်ပါသည်။
8. နွားချေးပေါ်တွင် ဂျပ်စက္ကူများကို ကျင်းနှုတ်ခမ်းမှ (၁)မိုက်ခန့်ခွာ၍ နေရာအနှံ့ခင်းပါ။ ပွယောင်းယောင်းမဖြစ်စေရန် လက်ဖြင့် အနည်းငယ်ဖိပေးပါ။
9. မှိုထုပ်များနှင့် ဖွဲနုတို့ကို ဇကောတစ်ခုအတွင်းထည့်၍ သမအောင် ချေမွရောနယ်ပါ။
10. ထို့နောက် ကျင်းနှုတ်ခမ်းစပ်မှ စ၍ စိုက်ကျင်းတစ်ခုလုံးပေါ်ကို ညီညာစွာ ဖြူးပေးပါ။
11.ထိုမှိုမျိုးစေ့များအပေါ်မှ နွားချေးအမှုန့် ၅ - ၇ တင်း ခန့် ကို မှိုမျိုးစေ့များနှင့် ဂျပ်စက္ကူများမမြင်တဲ့အထိ ဖုံးသွားအောင် ညီညာစွာဖြူးပေးပါ။
12. ထို့နောက် စိုက်ခင်းပေါ်ကို ရေဖျန်းပေးပါ။ မှိုအားဆေးရှိပါက မှိုအားဆေးပါထည့်၍ ပက်ဖျန်းနိုင်ပါသည်။
13. စိုက်ဘောင်ပေါ်သို့ ခွဲစိတ်ထားသော ဝါးခြမ်းများဖြင့် ပေါင်းမိုးပုံစံပြုလုပ်၍ အုပ်မိုးပေးထားရပါမည်။ ထို့နောက် ပလပ်စတစ်စဖြင့် ပေါင်းမိုးကို အုပ်ပေးရပါမည်။ နေရောင်တိုက်ရိုက်မကျစေရန် ပလပ်စတစ်ပေါ်မှ သက်ကယ်၊ ငှက်ပျောရွက်၊ ကောက်ရိုး၊ စက္ကူ၊ မြက်ခြောက်စသည်တို့ဖြင့် ဖုံးအုပ်ထားနိုင်ပါသည်။

၄။ ဆက်လက်ပြုစုစောင့်ရှောက်ခြင်း
1. စိုက်ပျိုးပြီး ၁ရက်မှ ၃ ရက်အတွင်း မှိုပုံကို အလင်းရောင်မကျစေရန်နှင့် လေမဝင်စေရန် လုပ်ဆောင်ထားရမည်။
2. (၄-၅) ရက်မြောက်နေ့တွင် ညနေပိုင်း၌ ဖုံးအုပ်ထားသော ပလပ်စတစ်ကို ဖယ်ရှားကာ အစိုဓာတ်ကိုချိန်ဆကာ ရေလောင်းပေးသင့်ပါသည်။ မှိုအားဆေးထည့်လိုပါက ထိုအချိန်တွင် လောင်းသောရေနှင့်အတူ ပေါင်းထည့်ပေးသင့်ပါသည်။ ရေလောင်းပြီးပါက ပလပ်စတစ်စ ပြန်ဖုံးပြီး ကောက်ရိုး၊ မြက်ခြောက်များကိုလည်း မူလအတိုင်းပြန်အုပ်ထားပါ။
3. (၆)ရက်မြောက်နေ့မှစ၍ ညနေပိုင်းတိုင်းတွင် မှိုပုံချွေးခါခြင်းကို တစ်နေ့တစ်ကြိမ် လုပ်ပေးပါ။ ချွေးခါရာတွင် ချွေးစက်များ မှိုပုံပေါ်သို့မကျရောက်စေရန် ဂရုစိုက်၍ ခါပေးသင့်ပါသည်။ မှိုပေါ်ပေါ်သို့ကျရောက်ပါက မှိုဥလေးများ ပုပ်သွားတတ်ပါသည်။ ချွေခါပြီးပါက ပလပ်စတစ်စပြန်ဖုံးပြီး ကောက်ရိုးမြက်ခြောက်များဖြင့် မူလအတိုင်းပြန်ဖုံးပေးပါ။
4. နွေရာသီတွင် ရာသီဥတုအခြေအနေကိုကြည့်၍ မှိုပုံအပူချိန် မြင့်လွန်းလျှင် ချွေးခါခြင်း (အပူချိန်လျော့ပေးခြင်း) ကို မပျက်မကွက်ပြုလုပ်ပေရပါမည်။
၅။ မှို ဆွတ်ခူးခြင်း
1. စတင်စိုက်ပျိုးသည့်ရက်မှ (၆-၇) ရက်တွင် မှိုပုံတစ်ပြင်လုံးတွင် အဖြူရောင် အလုံးပုံ မှိုသန္ဓေခဲငယ်များ စတင်မြင်ရမည်။
2. ၎င်းအဖြူရောင် မှိုသန္ဓေခဲငယ်များ ဆက်လက်ကြီးထွားလာကြကာ စတင်မြင်ချိန်မှ (၄-၅) ရက် အတွင်း မှိုငုံကြီးများအဖြစ် ရောက်ရှိကာ စတင်ခူးဆွတ်နိုင်သည်။
3. မှိုဆွတ်ခူးခြင်းကို နံနက်စောစောပိုင်း (သို့) ညနေနောက်ပိုင်းတွင် ပြုလုပ်သင့်သည်။ ပထမဆုံးအကြိမ် ခူးဆွတ်ပြိးလျှင် မှိုးအားဆေး ဖျန်းပေးပါက ပိုကောင်းသည်။ အစိုဓာတ်ကို ကြည့်၍ လိုအပ်ပါက ရေကို ညင်ညင်သာသာလောင်းပေးသင့်သည်။
4. ပြီးလျှင် အဖုံးကို သေချာပြန်အုပ်ပေးပါ။ နောက် ၃ ရက်မှ ၅ ရက်အတွင်း ဒုတိယအကြိမ်ထပ်မံ ဆွတ်ခူးနိုင်သည်။
5. စတင်စိုက်ပျိုးချိန်မှ တစ်လအထိ ခူးဆွတ်နိုင်သည်။ တစ်လကျော်သွားသွားပါက ဆက်မထား သင့်တော့ပါ။
Continue reading related topics, questions and articles.
Topic 1
ကောက်ရိုးမှိုစိုက်ပျိုးနည်း
ဦးဝင်းကို
1 year agoနွေရာသီ စိုက်ဖို့ အဆင်ပြေပါ့မလား
အောင်စိုးမိုး
2 years agoကောက်ရိုးသိသန့်စိုက်ရင်ဘယ်လိုစိုက်ရလဲ
chittunzaw
2 years agoမှိုဥအသေးလေးတွေကမကြီးလာပဲနှောက်ချီးမှိုတွေဖြစ်ကုန်လို့အကြံလေးပေးပါ
masoe
3 years agoမှိုမျိုးဘယ်မှာဝယ်လို့ရပါသလဲ
Anonymous
3 years ago,ဓစ
Related articles
Related questions
ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ
U Yan • 4 answers
ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ
U Yan • 3 answers
GW11စပါးအနှံမှာအမဲရစ်ပါလာတာဘာလိုအပ်လို့ပါလဲေြဖေပးအုန်းပါဗျ
မင်မင်း • 1 answers
ငွေတိုးစပါးသက်၂လကေျာ်ပီ လက်သဲစောင်းပေါင်းသတ်ဆေးဖျန်းလို့ရသလားခင်ဗျ ေဖြကြားပေးကြပါဦးဆရာများခင်ဗျာ။
yan Naing Htwe • 3 answers
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • 2 answers
Latest articles
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from Green Way
See all
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
Audio
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
Audio
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
Video
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....