မိုးသီးနှံများအောင်မြင်စွာစိုက်ပျိုးနိုင်ရေး

09/06/2020 11:30 AM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    မြန်မာနိုင်ငံတွင် သီးနှံအများစုကို စိုက်ပျိုးနေသည်မှာ လယ်မြေနှင့် ယာမြေတို့အပေါ်တွင် ဖြစ်ပါသည်။

    ရွာသွန်းသောမိုးရေဖြင့် မိုးဦး၊ မိုးလယ်ရာသီတို့တွင် ဖြစ်ထွန်းသည့် သီးနှံပင်များကို စိုက်ပျိုးလျက်ရှိသည်။ မိုးနှောင်းရာသီတွင်မူကား မြေတွင်း၌ ကြွင်းကျန်သော အစိုဓာတ် ကို အားကိုး၍ သီးနှံပင်များကို စိုက်ပျိုးလျက်ရှိသည်။

    သီးနှံပင်စိုက်ပျိုးဖြစ်ထွန်းမှုသည် စိုက်ပျိုးမြေအလိုက် မတူကွဲပြားသည်။ စပါးသီးနှံကို လယ်မြေတွင် အဓိကစိုက်ပျိုးသည်။ စပါးသီးနှံက အပင်ခြေ၌ ရေဝပ်ခြင်းကို ခံနိုင်ရည်ရှိသည်။ 

    ယာမြေတွင် ရေဝပ်ခြင်းကို မခံနိုင်သည့် ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ချည်မျှင်ရှည်ဝါ၊ ကြံ၊ ဟင်းသီးဟင်းရွက်၊ ပြောင်းဖူးနှင့် အခြားနှံစားသီးနှံ စသည့်သီးနှံပင်များကို စိုက်ပျိုးလျက်ရှိပါသည်။ 

စိန်ခေါ်မှုများ

    လယ်မြေ၌ စပါးသီးနှံကို စိုက်ပျိုးရာတွင် ရွာသွန်းသည့်မိုးရေ နည်းပါးပါက ပျိုးခင်းရေမရသဖြင့် ပျိုးမထောင်နိုင်ခြင်း၊ ပျိုးထောင်ထားနိုင်သော်လည်း ပျိုးသက် တစ်လကျော်သည့်တိုင် မိုးမရွာသဖြင့် စိုက်ခင်းများကို ထွန်ရေးတမန်းမပြင်နိုင်ကာ ပျိုးသက်ကြီးသည်ထိ မစိုက်နိုင်ခြင်းစသည့် အခက်အခဲများဖြစ်ပေါ်​လေ့ရှိပါသည်။ 

    ယာမြေတွင်လည်း ယာသီးနှံများကို မိုးဦးတွင် မစိုက်ပျိုးနိုင်မှုများ၊ အချို့ဒေသများတွင် စိုက်ပျိုးနိုင်ခဲ့သော်လည်း မိုးမရွာသဖြင့် အပင်အရပ်ပုခြင်း၊ ဖွံ့ဖြိုးသီးပွင့်မှုမရှိခြင်းနှင့် အဆိုးရွားဆုံးအနေဖြင့် သီးနှံပင်ပျက်စီးရခြင်းများ ရှိပါသည်။

ဖြေရှင်းရန်နည်းလမ်း (စပါးသီးနှံ)

    ပျိုးသက်ကြီးသွားလေ့ရှိသည့် ဒေသများအတွက် အကြံပြုလိုပါသည်။ မနောသုခ၊ ဆင်းသုခကဲ့သို့ သက်လတ်စပါးမျိုးဖြစ်စေ၊ အင်းမရဲဘော်၊ နှံကား၊ ပေါ်ဆန်းဘေးကြားကဲ့သို့ ရာသီစပါးမျိုးကိုဖြစ်စေ အသုံးပြုစိုက်ပျိုးပါ။ ထိုစပါးမျိုးများသည် ပျိုးသက်ကြီး သော်လည်း အပင်ပွားနိုင်သေးသည်။ အနှံများနိုင်သေးသည်။ ပုံမှန်ပျိုးသက် တစ်လသား ကို စိုက်သကဲ့သို့ စပါးထွက်နိုင်သေးသည်လို့ ပြောလိုပါသည်။ 

    သို့မဟုတ်ပါက စပါးစိုက်ပျိုးနည်းစနစ် ပြောင်းလဲလိုက်ပါ။ ပျိုးထောင်ကောက်စိုက်မည့်အစား အခြောက်ထွန်ရေးတွင်ဖြစ်စေ၊ အစိုတမန်းပြင်တွင်ဖြစ်စေ၊ တိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးရန်ဖြစ်သည်။ အတန်းလိုက်ဖြစ်စေ၊ ကြဲပက်၍ဖြစ်စေ၊ မျိုးစေ့ချကရိယာကို အသုံးပြု၍ဖြစ်စေ ဆောင်ရွက်နိုင်ပါသည်။

    ဖုံးတုံးလုံးတုံးအချိန်နှင့် အနှံထွက်ချိန်တို့တွင် မိုးခေါင်လေ့ရှိသည့်ဒေသများ၌ သက်လျင်စပါးမျိုးကို အသုံးစိုက်ပျိုးပါ။ ဥပမာ-မူလက မနောသုခကို စိုက်ပျိုးလေ့ရှိပါက မနောသုခသည် သက်လတ်မျိုးဖြစ်၍ ရွေသွယ်ရင်၊ သီးထပ်ရင် စသည့် အခြားသင့်တော်ရာ သက်လျင်စပါးမျိုးများကို ရွေးချယ်စိုက်ပျိုးရန် ဖြစ်ပါသည်။ 

    ပေါင်းမြက်ပြဿနာကို ကြိုတင်ဖြေရှင်းပါ။ ထွန်ရေးပြုပြင်စဉ်ကပင် မြက်ခေါင်း များ၊ အပင်အကြွင်းအကျန်များကို ပြောင်စင်အောင် ကောက်ယူရှင်းလင်းပစ်ပါ။ အခြောက်ထွန်ရေးဖြစ်ပါက ထွန်ရေးညက်ပါစေ။ အစိုတမန်းဖြစ်ပါက တမန်းကောင်း ပါစေ။ ပေါင်းမြက်ပေါက်ရောက်နိုင်မှု လျှော့နည်းစေရန် ရွာသွန်းသမျှမိုးရေကို  သိုလှောင်ထားနိုင်ရေး ဆောင်ရွက်ရန်လိုပါသည်။

     ပေါင်းမြက်ကာကွယ်နှိမ်နင်းနည်းစနစ် မှန်ပါစေ။ စပါးတိုက်ရိုက်မျိုးစေ့ချစိုက်ခင်းများတွင် စိုက်ပြီးလျှင်ပြီးချင်း သို့မဟုတ် မျိုးစေ့ချပြီး ၃  ရက်အတွင်း ပက်ဖျန်းကာကွယ် နှိမ်နင်းရသည့် ပေါင်းသတ်ဆေး (Pre-emergence) ဖြစ်စေ၊ မျိုးစေ့ချပြီး တစ်ပတ်ခန့်အကြာ ပေါင်းမြက်ပင်များ ပေါက်ရောက်လာပြီး ပေါင်းမြက်ပင်များ အရွက်နှစ်ရွက်မှ သုံးရွက်ထွက်ပေါ်ချိန်တွင် ပက်ဖျန်းရသည့် ပေါင်းသတ်ဆေး(Post-emergence)ဖြစ်စေ အသုံးပြုနိုင်သည်။ ဆေးအမျိုးအစားအလိုက် မှန်ကန်စွာအသုံးပြုပါက ပေါင်းမြက်ကြောင့် စပါးအထွက်လျှော့နည်းနိုင်မှုကို ကာကွယ်နိူင်မည် ဖြစ်ပါသည်။ 

ဖြေရှင်းရန်နည်းလမ်း (ယာသီးနှံများ)

    မိုးဦးကာလတွင် ယာသီးနှံတစ်မျိုးမျိုးကို စိုက်ပျိုးပါ။ အကယ်၍ မိုးခေါင်မှုကြောင့် မည်သည့်ယာသီးနှံကိုမျှ စိုက်ပျိုးနိုင်လိုက်ခြင်းမရှိပါက မိုးလယ်ရာသီတွင် ယာသီးနှံတစ်မျိုးမျိုးကို စိုက်ဖြစ်အောင် စိုက်ပျိုးပါ။ ယာမြေတွင် မိုးရာသီအတွင်း သင့်တော်ရာ ယာသီးနှံတစ်မျိုးမျိုးကို အောင်မြင်အောင် စိုက်ပျိုးရန်ဖြစ်ပါသည်။ 

    ယာမြေတွင် စိုက်ပျိုးသင့်သည့်သီးနှံများမှာ အစေ့ထုတ်ပြောင်း၊ ပဲတီစိမ်း၊ နေကြာ၊ ပဲပုပ်၊ မြေပဲ၊ ချည်မျှင်ရှည်ဝါ စသည်တို့ ဖြစ်ပါသည်။ 

    စိုက်ပျိုးမည့်ယာသီးနှံမျိုးများသည် အလင်းရောင်တုံ့ပြန်မှုမရှိသည့် မျိုးများ ဖြစ်ရန်လိုသည်။ သို့မှသာ မျိုးအလိုက် သက်တမ်းရက်စေ့လျှင် ပွင့်သီးရင့်မှည့်မည်သာဖြစ်သည်။

    ယာသီးနှံအလိုက် ပေါင်းမြက်ကာကွယ်နှိမ်နင်းခြင်း၊ လိုအပ်သည့် အာဟာရ မြေသြဇာများ ဖြည့်တင်းခြင်းနှင့် ပိုးမွှားကာကွယ်နှိမ်နင်းခြင်းတို့ကို စနစ်တကျဆောင်ရွက်ရန် တိုက်တွန်းလိုပါသည်။ 

ဆင်းသီဟ


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်