စိုက်ပျိုးရေးတွင် ပိုးသတ်ဆေးများကို အသုံးပြုခြင်း

17/01/2020 11:45 AM တွင် ဒေါက်တာကိုကို ဒေါက်တာကိုကို မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

စိုက်ပျိုးရေးမှာ ဖျက်ပိုးတွေကို ကာကွယ်နှိမ်နင်းဖို့ ပိုးသတ်ဆေးတွေကို တစ်ကမ္ဘာလုံး အသုံးပြုနေကြပါတယ်။ ဓါတုပိုးသတ်ဆေးတွေကို မသုံးဘဲနဲ့ ဒီနေ့ အထွက်နှုန်းနဲ့ စားနပ်ရိက္ခာဖူလုံမှုကို ခန့်မှန်းဖို့ လုံးဝခက်ခဲပါတယ်။ ဒါပေမဲ့  ပိုးသတ်ဆေးတွေကို မဆင်မခြင်သုံးစွဲတာဟာ အာရှတိုက်မှာ စပါးလိုသီးနှံတွေမှာ ဆိုးဝါးတဲ့ပြဿနာရှိပြီး ပိုးသတ်ဆေးအတွက် ကုန်ကျစရိတ်ဟာ အကျိုးအမြတ်ထက် ပိုများနေပါတယ်။ ဝါ၊ ခရမ်းချဉ် ဒါမှမဟုတ် သခွားမွှေးတို့လိုသီးနှံတွေမှာ ဓါတုပိုးသတ်ဆေးတွေကိုသုံးပြီး ဖျက်ပိုးတွေကို ကာကွယ်နှိမ်နင်းရာမှာ အခက်အခဲတွေရှိလာပြီး အချို့နိုင်ငံတွေမှာ ဒီသီးနှံတွေကို မစိုက်တော့ဘဲ လုံးဝစွန့်လွှတ်လာကြပါတယ်။ 

ပတ်ဝန်းကျင်နဲ့ လူ့ကျန်းမာရေးအပေါ်  ပိုးသတ်ဆေးတွေရဲ့ စိုးရိမ်စရာကြီးထွားလာပြီး အချို့နိုင်ငံတွေမှာ ပိုးသတ်ဆေးတွေကိုလျှော့သုံးဖို့ ပြင်းထန်တဲ့ လူထုဖိအားရှိလာပြီဖြစ်သည်။  

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားတဲ့ အဆင့် (၁) ပိုးသတ်ဆေးတွေကို သုံးစွဲနေဆဲ ဖြစ်ကြတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ပိုးသတ်ဆေးသုံးစွဲမှုကြောင့် ပြဿနာတွေ အမြဲတမ်းရှိပါတယ်။ အလွန် ဒါမှမဟုတ် အလွန့်အလွန်အဆိပ်ပြင်းတဲ့ ဒီပိုးသတ်ဆေးတွေဟာ အဆိပ်သင့်ခြင်းတော်တော်များများကို ဖြစ်စေပါတယ်။ အချို့သတင်းရင်းမြစ်တွေအရ တစ်နှစ်ကို ပိုးသတ်ဆေးအဆိပ်သင့်မှုပြဿနာ (၂၅,၀၀၀,၀၀၀) အထိ ရှိပါတယ်။ 

ဒီအကြောင်းပြချက်တွေကြောင့် ဖျက်ပိုးကာကွယ်နှိမ်နင်းဖို့အတွက် အခြားနည်းလမ်းတွေကို ပိုမိုအသုံးပြုလာကြပြီး ပရော်ဖက်ရှင်နယ်စိုက်ပျိုးရေးမှာ ဓါတုပိုးသတ်ဆေးကို နောက်ဆုံး အားကိုးရာအဖြစ်သာအသုံးပြုတဲ့ ဘက်စုံပိုးမွှားကာကွယ်နှိမ်နင်းရေး အယူအဆကို ယခုအခါ ထည့်သွင်းစဉ်းစားလာကြပါတယ်။ ဓါတုပိုးသတ်ဆေးတွေရဲ့ အစားထိုးစရာတွေမှာ စိုက်ပျိုးနည်း၊ ခံနိုင်ရည်ရှိတဲ့မျိုးတွေကို ရွေးချယ်အသုံးပြုတာ၊ ဖျက်ပိုးတွေရဲ့ သဘာ၀ရန်သူတွေကို အခွင့်အရေးပေးတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးတာနဲ့ အကျိုးပြုအင်းဆက်တွေအပါအဝင် ဇီဝပိုးသတ်ဆေးတွေကို အသုံးပြုတာတွေပါဝင်ပါတယ်။ 

ဒီအခြေအနေတွေအောက်မှာ ဓါတုပိုးသတ်ဆေးတွေဟာ ဒီနေ့လိုအပ်ချက်တွေနဲ့ ကိုက်ညီတဲ့ ပိုးသတ်ဆေးဖြစ်ဖို့လိုပါတယ်။ ၄င်းတို့ဟာ လူသားတွေအတွက် အဆိပ်သင့်မှု ပိုနည်း လာပြီး ဘက်စုံပိုးမွှားကာကွယ်နှိမ်နင်းရေး အယူအဆအတွင်း အသုံးဝင်တဲ့အရာတစ်ခုအဖြစ် ပိုမိုသီးသန့်ဖြစ်လာပြီး ပိုမိုအစွမ်းထက်လာပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း (၄၀) လောက်က တစ်ဟက်တာကို ပိုးသတ်ဆေးအဆိပ်ရှိပစ္စည်းကို ကီလိုဂရမ် ဒါမှမဟုတ် လီတာတွေနဲ့ အသုံးပြုခဲ့ကြပေမဲ့ တူညီတဲ့ရလဒ်ကိုရဖို့ ခေတ်သစ်ပိုးသတ်ဆေးကို မီလီဂရမ် ဒါမှမဟုတ် မီလီလီတာသာ လိုအပ်ပါတယ်။ 

အခြားတစ်ဖက်မှာတော့ ပိုးသတ်ဆေးအသစ်တွေမှာ ညီညာပြီးထိရောက်တဲ့ အသုံးပြုမှုအတွက် ပိုမိုခေတ်မီတဲ့ နည်းပညာလိုအပ်ပါတယ်။ ဖျက်ပိုးကာကွယ်နှိမ်နင်းဖို့အတွက် ဇီဝပိုးသတ်ဆေးတွေကို ကြည့်ပါက ဧရိယာအကျယ်ကြီးမှာ စက်ဖြင့် အသုံးပြုနိုင်ဖို့အတွက် သင့်တော်တဲ့နည်းပညာ လိုအပ်ပါတယ်။ 

ပိုးသတ်ဆေးသုံးစွဲမှုအလေ့အထကို ထိထိရောက်ရောက်တိုးတက်စေဖို့ စံချိန်မီကောင်းမွန်တဲ့ အရည်အသွေးကောင်း ကိရိယာနဲ့ ပိုးသတ်ဆေးဖျန်းကိရိယာသုံးစွဲမှုသင်တန်း လိုအပ်ပါတယ်။ 

ပိုးသတ်ဆေးကို အတော်အတန်ဘေးကင်းပြီး ထိရောက်တဲ့အသုံးပြုမှုကိုဖြစ်စေတဲ့ နည်းပညာနဲ့ အဲဒီအယူအဆကို လက်တွေ့စတင်ကျင့်သုံးဖို့ လိုပါတယ်။ ဒါပေမဲ့ နိုင်ငံအသီးသီးမှာ ကျင့်သုံးနေကြတဲ့ အခြေအနေတွေကို လက်ခံရမှာ ဖြစ်ပါတယ်။ ပိုးသတ်ဆေးတွေကို စတင်အသုံးပြုဖို့ရာ နည်းပညာစွမ်းရည်၊ အဖွဲ့အစည်း၊ ယဉ်ကျေးမှုနောက်ခံနဲ့ ပါဝင်တဲ့ ပြည်သူတွေရဲ့ စိတ်ရင်းစေတနာအပေါ် အများကြီးမူတည်ပါတယ်။ 

နိုင်ငံတော်အစိုးရရဲ့ အခန်းကဏ္ဍကတော့ သံစုံတီးဝိုင်းရဲ့ လမ်းညွှန်သူနဲ့ နှိုင်းယှဉ်နိုင်ပြီး ပုဂ္ဂလိကကဏ္ဍကို သံစုံတီးဝိုင်းနဲ့ နှိုင်းယှဉ်ရမှာ ဖြစ်ပါတယ်။ စိန်ခေါ်မှုကတော့ နည်းပညာအသေးစိတ် အများကြီးမဟုတ်ဘဲ လူတိုင်းဟာ သူတို့ရဲ့လုပ်ဆောင်မှုကို အကောင်းဆုံးလုပ်ဆောင်ဖို့ အာမခံရန် ဖြစ်ပါတယ်။ ဂီတပွဲတစ်ခုလို ပလေယာတိုင်းက တစ်ယောက်နဲ့တစ်ယောက် စည်းဝါးကိုက်ပြီး တာဝန်သိသိလုပ်ဆောင်မှသာ အစီအစဉ် အောင်မြင်နိုင်မှာ ဖြစ်ပါကြောင်း မီးမောင်းထိုးပြလိုက်ပါရစေ။

ဒေါက်တာကိုကို (စိုက်ပျိုးရေး)

ဒေါက်တာကိုကို၏စိုက်ပျိုးရေးဆောင်းပါးများလေ့လာရန်


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်