ဖရဲစိုက်ဖို့အတွက် သိသင့်သိထိုက်တာတွေ...

01/03/2019 18:10 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဖရဲစိုက်ပျိုးရေးမှာ အခြေခံလက်တွေ့ပုံသေကားချက်တွေရှိပါတဲ့အနက်၊ ပုံသေကားချပ်တချို့ကို ကျွန်တော်ယခုတင်ပြ ဆွေးနွေးသွားပါ့မယ်။ တချို့ကိစ္စတွေက ဘာမှအရေးမကြီးဘူး ထင်ရပေမယ့် အသီးထွက်နှုန်းကို အများကြီး ထိခိုက်နိုင်ပါတယ် ခင်ဗျ။
ပထမအဆင့်အနေနဲ့ -ကျွန်တော့်ကို သိသော မသိသော မိတ်ဆွေများ ခင်ဗျား။ တစ်ခုလောက်မေးပါရစေ။ မိတ်ဆွေကြီးများရဲ့ ဖရဲစိုက်ကွင်းမှာ လုပ်သားအချိုးကျ ဘယ်လိုထားပါသလဲ?
အထွက်နှုန်းကောင်းတဲ့ အောင်မြင်တဲ့ဖရဲတစ်ခင်း ဖြစ်ဖို့ဆိုရင် လုပ်သားတွေကိုလည်း သူ့နေရာနဲ့သူ လိုအပ်သလောက် အချိုးကျထားရှိရပါမယ်။ ပျမ်းမျှအားဖြင့် တစ်ဧကကို အလုပ်သမ (၂)ယောက်နှုန်း၊ ပင်စင်ထားရပါမယ်ဗျာ။ (၄)ဧကကို လုပ်သား (၁) ယောက်နှုန်း ထားရပါမယ်။
ဒုတိယအဆင့်အနေနဲ့ – ဖရဲစိုက်ပျိုးသူတိုင်းဟာ မိမိစိုက်ပျိုးထားတဲ့ အပင်ရဲ့ ကျန်းမာရေးအခြေအနေကြည့်နည်လေးကိုလည်း စနစ်တကျ သိရှိထားရပါမယ်။
(၁) မိမိတို့စိုက်ပျိုးထားတဲ့ အပင်မှာ အထက်ကပြောတဲ့ သူငယ်ပြန်အတက် ထွက်သလား မထွက်ဘူးလား ဆိုတာ ဂရုပြုပါ။ မထွက်ရင် အပင်မှာ ရောဂါ သို့မဟုတ် အဟာရ တခုခု ချို့တဲ့နေပြီဆိုတာ သတိပေးနေပါပြီ။
(၂) ပြီးခဲ့တဲ့ ရာသီမှာ ကျွန်တော့်ကိုအမေးများတဲ့ ပြဿနာတစ်ခုကတော့ အရွက်တွေက အဖျားတွေ ကော့နေတဲ့ ကိစ္စပါ။ တချို့ တစ်ခင်းလုံး၊ တချို့ကတော့ အနည်းငယ် (၃၀)ရာခိုင်နှုန်း လောက် အထိ ဖြစ်နေတာတဲ့။ ဟုတ်ကဲ့။ အဲ့ဒါက အရပ်အခေါ်(တောင်သူအခေါ်) ရေတောက်တာပါ ခင်ဗျ။ အများအားဖြင့် ဧကအကျယ်အခင်းတွေမှာ အဖြစ်များပါတယ် ခင်ဗျ။ အဲ့ဒီပြဿနာရဲ့ အဓိကအချက်ကတော့ အများလိုအာဟာရ မမျှတလို့ အရွက်မှာလာပြီးပြတာပါ ခင်ဗျ။ အဲ့ဒီလိုအရွက်အဖျားတွေ ကော့နေရင်လည်း အသီးကွဲခြင်း၊ အသီးကျုံ့သွားခြင်း၊ အသီးမူမမှန်ခြင်းတွေ ဖြစ်တတ်ပါတယ် ဗျာ။ ဒီပြဿနာကိုတော့ ကြိုတင်ကာကွယ်တာကသာ အကောင်းဆုံးလို့ သတိပေးချင်ပါတယ်။
တတိယအဆင့်အနေနဲ့ – ကျွန်တော့်မိတ်ဆွေ တောင်သူအများ စိတ်အေးရအောင်၊ ကြိုတင်ကာကွယ်ကုသနည်းလေးကိုပါ တပါတည်း ဖော်ပြပေးလိုက်ပါမယ်။
(၁) ဖရဲပင်တွေကို အစာရေတိုက်ပြီး နောက်တစ်နေ့မနက်ပိုင်း (သိုမဟုတ်) ညနေပိုင်းအချိန် နေကျချိန် ဆာလ်ဖာဖျန်းပေးနိုင်ပါတယ်။ ဆာလ်ဖာက အပင်ကို အစာချက်ပေးပြီး၊ အစာကြေလွယ်ပါတယ်၊ ဖရဲရွက်သားတွေကိုလည်းထူထဲစေပါတယ်။ အရွက်ရဲ့အရောင်တွေကိုလည်း တောက်ပစေပါတယ်။
(၂) အမိုင်နိုအက်ဆစ်ကိုလည်းဖြန်းပေးနိုင်ပါတယ်။ အမိုင်နိုအက်ဆစ်က အပင်ရဲ့အစာပို့လမ်းကြောင်းကို ကျယ်စေပါတယ်။
(၃) နောက်တစ်ခုက တောနစ်အုပ်စုများကိုလည်းဖြန်းနိုင်ပါတယ်။ တောနစ်အုပ်စု တော်တော်များများဟာ အပင်ရဲ့အစာစားမြစ်၊ အမြစ်မွှားတွေကို ပွားများစေပါတယ် ခင်ဗျ။
(၄) အပင်စကြ်ာလှည့်ပြီး၊ ခေါင်ညွန့်ဖြတ်ပြီးချိန်မှစပြီး ကာဆူကာမိုက်ဇင်နဲ့ ကော့ပါးကို တွဲဖြန်းပေးပါ။ အနည်းဆုံး ဝတ်မှုန်မကူးမီမှာ (၃) ကြိမ်လောက်ရအောင်ဖြန်းပေးပါ။
(၅) ဝတ်မှုန်စကူးချိန်ကစပြီး၊ ပထမကြီးထွားချိန်အထိ ကော့ပါးကို လုံးဝမဖျန်းသင့်ပါဘူး။ အသီးကြီးထွားနှုန်းကို တန့်သွားစေသလို၊ အသီးကိုလည်း ကျုံ့သွားတတ်စေပါတယ် ခင်ဗျ။
အစေ့မဲ့ ဖရဲမျိုးကို စိုက်မယ်ဆိုရင်… ဘာတွေ ဆောင်ရ၊ ရှောင်ရမလဲ?
အစေ့မဲ့ဖရဲကို ပထမဆုံး စမ်းစိုက်မည့် မိတ်ဆွေများခင်ဗျာ။ အနွယ်ကို (၄)နွယ်မွေးပါလို့ တိုက်တွန်းပါရစေ။ အများအပြောနဲ့ (၃) နွယ်မမွေးမိပါစေနဲ့။ မိမိမကျွမ်းကျင်ခင်မှာ မလုပ်သင့်တာကို သတိပြုစေချင်ပါတယ်။ နောက်တစ်ခုပြောချင်တာက တစ်ဧကကို အပင်များများဝင်စေရန် ဘောင်ပနက်ခိုးခြင်း၊ အပင် ပနက်ခိုးခြင်း လုံးဝ မလုပ်သင့်ပါဘူး။ အသီးဖမ်းမရ၊ ဖမ်းရတော့လည်း အသီးမကြီးတဲ့ ပြသာနာတွေကို ကြုံတွေ့စေနိုင်လို့ပါ ခင်ဗျ။ အစေ့မဲ့ ဖရဲကို ရိုးရိုးမြောင်းဘောင်ဖြင့်စိုက်မယ်ဆိုရင် – ဘောင်ပနက် (၂၄) ပေ၊ အပင်အကွာအဝေး (၂၇) လက္မ၊ အနွယ် (၄)နွယ်မွေးပေးသင့်ပါတယ်။ အသီးဖမ်းတဲ့အခါမှာတော့ (၆)ပေမှာ စဖမ်းပါ။ အသီးပယ်ပြီးမှသာ ခေါင်ညွန့်ဖြတ်ပါ။
ထိုင်ဝမ်ဖရဲစိုက်မယ်ဆိုရင် ဘာတွေသိထားသင့်သလဲ?
ထိုင်ဝမ်ဖရဲအတွက်ဆိုရင်တော့ ဘောင်ပနက် (၂၂)ပေ၊ အပင်အကွာဝေး (၁၈)လက္မ၊ အနွယ် (၃)နွယ်မွေးပေးသင့်ပါတယ်။ အသီးဖမ်းတဲ့အခါ (၆)ပေမှစဖမ်းပေးပါ။ အသီးဖမ်းပြီးမှ ခေါင်ညွန့်ဖြတ်ပါ။
855 ဖရဲမျိုးစိုက်မယ်ဆိုရင် ဆောင်ရန်၊ရှောင်ရန်ဘာရှိမလဲ?
ဘောင်ပနက် (၂၄)ပေ၊ အပင်အကွာဝေး (၃)ပေ၊ အသီးဖမ်း (၆)ပေ (သို့မဟုတ်) (၅.၆)ပေမှာဖမ်းပါ။ အသီးဖမ်းပြီးမှ ခေါင်ညွန့်ဖြတ်ပါ။ မှတ်ချက်- အသီးဝတ်မှုန်ကူးနေချိန် အပင်ကို ရေဖြတ်ထားပါ။ အားဆေး၊ မြေဆီ၊ ဟော်မုန်းတွေ လုံးဝ (လုံးဝ) အသုံးမပြုရန် သတိပြုပေးပါ။
ကျွန်တော့ကို သိသော မသိသော မိတ်ဆွေများ စိုက်သမျှ အောင်လို့ ရောင်းသမျှလည်း စျေးကောင်းရကြပါစေ။
ကိုသစ္စာ (ABM)


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်