လာမည့် ၂၄ နာရီအတွင်း မိုးရွာသွန်းနိုင်သည့် ဒေသများ
ဧပြီလ ၅ ရက် နေ့လည် ၁၂ နာရီမှာ ကပ္ပလီပင်လယ်နဲ့ ဘင်္ဂလားပင်လယ်အော်များတွင် တိမ်ထူထပ်လာတာတွေ့ရပါတယ်။
ပင်လယ်ရေမျက်နှာပြင်အထက်အမြင့် ၁.၃ ကီလိုမီတာအမြင့်မှာ လေဝဲစီးကြောင်း(လေပွေလှိုင်း)တခု ဖြစ်ပေါ်နေကြောင်း အိန္ဒိယမိုးလေဝသဌာနက ကြေညာချက်လည်းရှိနေပါတယ်။
ဘင်္ဂလားပင်လယ်အော်တွင် သိသာထင်ရှားသည့် လေဖိအားနည်းရပ်ဝန်းတခု ဧပြီလ ၆ ရက်/၇ ရက်နေ့များမှာ ဖြစ်ပေါ်နိုင်ကြောင်း Global Forecast model များမှ ခန့်မှန်းထားသည်ကို တွေ့ရပါတယ်။
၂၄ နာရီအတွင်း မိုးရွာသွန်းနိုင်သည့် အခြေအနေ ကိုတင်ပြရရင်
ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့လေပွေလှိုင်းကြောင့်
⛈ နောက်လာမည့် ၂၄ နာရီအတွင်း ချင်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း-ထားဝယ်မြို့- အထက်ဘက်တို့တွင် နေရာစိပ်စိပ်၊ ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် မိုးများနိုင် (၂၄ နာရီအတွင်း ၄၀ မီလီမီတာအထက် - ၁.၆ လက်မ ခန့်) ရွာသွန်းနိုင်ပါမယ်။
⛈ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်း၊ ၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်းတို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ကြောင်း METEOBLUE NEMS-GLOBAL Model မှ ကြိုတင်ခန့်မှန်းထားပါတယ်။
ခန့်မှန်းမိုးရေချိန် (၂၄ နာရီအတွင်း ၅ မီလီမီတာခန့် - ၀.၂ လက်မခန့်အထိ)ရွာသွန်းနိုင်ပါမယ်။

ငလျင်ကတော့ မတ်လ ၂၈ ရက်နေ့တွင် ၇.၇ ပြင်းအားရှိသည့် ငလျင်လှုပ်ခတ်ပြီးနောက် ယနေ့ ဧပြီလ ၅ ရက် ညနေ ၄ နာရီ ၂၀ မိနစ်အထိ နောက်ဆက်တွဲငလျင်လှုပ်ပြီးသည့် အကြိမ်ရေ ... ၃၆၄ ကြိမ်ရှိပြီဖြစ်ပါတယ်။
နောက်ဆက်တွဲငလျင်လှုပ်ခတ်ခြင်း ၃၆၄ ကြိမ်အတွင်းတွင် ပြင်းအား ၅ နှင့် အထက် လှုပ်ခတ်သည့်အကြိမ်ရေ ၁၀ ကြိမ်မပြည့်ပါ။
(၁) မတ်လ ၂၈ ရက် ငလျင်ကြီး လှုပ်ပြီးချိန် ၁၂ နာရီ ၅၀ မှ ၂၉ ရက် နံနက် ၆ နာရီအထိ နောက်ဆက်တွဲငလျင်လှုပ်ခတ်သည့်အကြိမ်ရေ - ၉၀ ကြိမ်
(၂) မတ်လ ၂၉ ရက် နံနက် ၆ နာရီမှ မှ ၃၀ ရက် နံနက် ၆ နာရီအထိ နောက်ဆက်တွဲငလျင်လှုပ်ခတ်သည့်အကြိမ်ရေ - ၈၃ ကြိမ်
(၃) မတ်လ ၃၀ ရက် နံနက် ၆ နာရီမှ မှ ၃၁ ရက် နံနက် ၆ နာရီအထိ နောက်ဆက်တွဲငလျင်လှုပ်ခတ်သည့်အကြိမ်ရေ - ၅၄ ကြိမ်
(၄) မတ်လ ၃၁ ရက် နံနက် ၆ နာရီမှ မှ ဧပြီလ ၁ ရက် နံနက် ၆ နာရီအထိ နောက်ဆက်တွဲငလျင်လှုပ်ခတ်သည့်အကြိမ်ရေ - ၃၇ ကြိမ်
(၅) ဧပြီလ ၁ ရက် နံနက် ၆ နာရီမှ ဧပြီ ၂ ရက် နံနက် ၆ နာရီအထိ နောက်ဆက်တွဲငလျင်လှုပ်ခတ်သည့်အကြိမ်ရေ - ၃၀ ကြိမ်
(၆) ဧပြီလ ၂ ရက် နံနက် ၆ နာရီမှ ဧပြီ ၃ ရက် နံနက် ၆ နာရီအထိ နောက်ဆက်တွဲငလျင်လှုပ်ခတ်သည့်အကြိမ်ရေ - ၂၅ ကြိမ်
(၇) ဧပြီလ ၃ ရက် နံနက် ၆ နာရီမှ ဧပြီ ၄ ရက် နံနက် ၆ နာရီအထိ နောက်ဆက်တွဲငလျင်လှုပ်ခတ်သည့်အကြိမ်ရေ - ၂၅ ကြိမ်
(၈) ဧပြီလ ၄ ရက် နံနက် ၆ နာရီမှ ဧပြီ ၄ ရက် ညနေ ၄ နာရီ ၂၀ မိနစ်အထိ နောက်ဆက်တွဲငလျင်လှုပ်ခတ်သည့်အကြိမ်ရေ - ၂၀ ကြိမ်ပဲ ဖြစ်တယ်လို့ ဆရာဦးဝင်းနိုင်ရဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ko win
လွန်ခဲ့သော ၁ နှစ် ကစစ်ကိုင်းတိုင်းကမုံရွာမီုးရွာမှာလား
ဆက်စပ်ဆောင်းပါးများ
အောက်တိုဘာ ၂၂ မှ ၂၄ ရက်တို့တွင် မိုးစပါးနှင့် ဆီထွက်သီးနှံများကို အမြန်ဆုံးအပြီး ရိတ်သိမ်းခြွေလှေ့ထားသင့်
အောက်တိုဘာ ၂၀ -၂၂ ရက်နေ့အတွင်း တိုင်းဒေသကြီး/ပြည်နယ် အများစု၌ မိုးခေတ္တ ပါးမည်
အောက်တိုဘာ ၁၆ မှ ၂၂ ရက်နေ့အထိ တိုင်းဒေသကြီးအလိုက် အပူချိန်ခန့်မှန်းချက်
ဆက်စပ်မေးခွန်းများ
အစေ့ထုတ်ပြောင်းကြားသီးနှံအနေဖြင့်မတ်ပဲစိုက်လို့ရပါသလား
Mg Seit • ဖြေကြားချက် 0 ခု
မက်ပဲပင်၂၀ရက်သားမှာရွှေနဂါးအပင်အားဆေးနဲ့တွဲဖျန်းလို့ရမယ့်မှိုဆေးကိုပြောပြပေးပါ
Aung Lin Oo • ဖြေကြားချက် 1 ခု
ဖော်ကျွန်းဖော်ဝမ်းကိုမတ်ပဲဘယ်နှစ်ရက်သားမှာဖျန်းသင့်လဲ အညွှန်းထဲမှာဆေးဖျန်းရက်မတူကြဘူး
Sawsamson • ဖြေကြားချက် 3 ခု
မြင်းကျားမှထုတ်လုပ်တဲ့ နှမ်းရွေးရှယ်ဟာဘီရှင်း30စီစီ+မက်ဂါမန်းနီး20ဂရမ်ကိုရေ4ဂာလံဝင်ဆေးပုံးစက်ဖြင့်ဖျန်းပတ်လိုက်တာအခုလိုဖြစ်သွားအပုံထဲကအတိုင်းပဲတစ်ခင်းလုံးပဲအကြယ်ဝန်းကတော့2ဧကရှိပါတယ်ဖြေဆေးသို့မဟုတ်ပြုပြင်ရန်နည်းလမ်းများညွှန်ကြားပေးပါအုံး
ငုဝါ • ဖြေကြားချက် 2 ခု
ပဲ 15ရက်သား မှာQuizalofop-P-ethyl ပေါင်းဆေး ဖြန်းထားပါတယ် ခုက 1.Humic acid 2.ငါးအမိုင်နို 3.LAB 4.တမာ ပိုးသတ်ဆေး တို့ကို ဘယ်အမျိုးအစားကရောဖြန်းလို့ရပြီး ဘယ်အမျိုးအစားက ဘယ်လောက်ရက်ခြား ဖြန်းရမလဲ ဘယ်ဟာ အရင်ဖြန်းသင့်လဲ သိချင်ပါတယ် ခင်မျ
Thiha • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ ပဲမျိုးစုံ ဈေးကွက် သုံးသပ်ချက် (19-23.10.2026)
23/10/2026
iPhone သုံးတဲ့ မိတ်ဆွေများအတွက် သတင်းကောင်း
23/10/2026
အောက်တိုဘာ ၂၂ မှ ၂၄ ရက်တို့တွင် မိုးစပါးနှင့် ဆီထွက်သီးနှံများကို အမြန်ဆုံးအပြီး ရိတ်သိမ်းခြွေလှေ့ထားသင့်
22/10/2026
အစိုပုပ်ရောဂါ၏ လက္ခဏာများနှင့် သတိပြုဖွယ်ရာများ
22/10/2026
စစ်ကိုင်းတိုင်းအထက်ပိုင်းတွင် ယခုနှစ် ကြံစိုက်ဧကများ လျော့နည်း
22/10/2026
More from ဦးဝင်းနိုင်
အားလုံး
အောက်တိုဘာ ၂၂ မှ ၂၄ ရက်တို့တွင် မိုးစပါးနှင့် ဆီထွက်သီးနှံများကို အမြန်ဆုံးအပြီး ရိတ်သိမ်းခြွေလှေ့ထားသင့်
22/10/2026
အောက်တိုဘာ ၂၀ -၂၂ ရက်နေ့အတွင်း တိုင်းဒေသကြီး/ပြည်နယ် အများစု၌ မိုးခေတ္တ ပါးမည်
19/10/2026
အောက်တိုဘာ ၁၆ မှ ၂၂ ရက်နေ့အထိ တိုင်းဒေသကြီးအလိုက် အပူချိန်ခန့်မှန်းချက်
16/10/2026
အောက်တိုဘာ ၁၄ မှ ၁၇ ရက်နေ့များအတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်သည့် ဒေသများ
12/10/2026
၂၀၂၆-၂၇ အယ်လ်နီညို ဖြစ်စဉ်ကြောင့် ကရင်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့ဟာ အပူချိန် အမြင့်မားဆုံး ကြုံတွေ့ရမည့် ဒေသများ ဖြစ်
05/10/2026